နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၆ ကမ္ဘာ့ဖလားမှာ မဖြစ်မနေ စောင့်ကြည့်ရမယ့် ထိပ်တန်း ကစားသမား ၈ ဦး

ကမ္ဘာ့ဖလား ဆိုတာ ပီလီ၊ မာရာဒိုနာ ကနေ စလို့ “နောက်ဆုံး ကခုန်ခြင်း” ဖြစ်လိမ့်မယ်လို့ ယုံကြည်နေကြတဲ့ လီယွန်နယ် မက်ဆီ အထိ ဘောလုံးသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော ကစားသမားတွေဟာ သူတို့ရဲ့ အမွေအနှစ်တွေကို အခိုင်အမာ ထုဆစ်နိုင်ဖို့ ကြိုးစားကြတဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်ပါတယ်။ သေချာတာ ကတော့ သူတို့ အားလုံးဟာ ကိုယ်စားပြုတဲ့ နိုင်ငံ အတွက် ကမ္ဘာ့ဖလား အောင်မြင်မှုဆီ အရောက်ပို့ဆောင်ပေးနိုင်ဖို့ အမြဲတမ်း အိမ်မက်မက်ခဲ့ကြတယ် ဆိုတာပါပဲ။

ယနေ့အချိန်ထိ ပီလီဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို အများဆုံး ဆွတ်ခူးနိုင်ခဲ့တဲ့ စံချိန်ရှင် အဖြစ် ရပ်တည်နေဆဲ ဖြစ်ပြီး ဘရာဇီးလ် အသင်းကို ကမ္ဘာ့ဖလား (၅) ကြိမ်မြောက် ရရှိစေခဲ့သူ ဖြစ်ပါတယ်။ ဘရာဇီးလ်ဟာ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄ နဲ့ ၂၀၀၂ ခုနှစ်တွေမှာ ချန်ပီယံဆုတွေ ဆွတ်ခူးခဲ့ပြီးတော့ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်ထားနိုင်ပါတယ်။

မက်ဆီ ကတော့ သူ့ဘဝမှာ တစ်ခုတည်းသော လိုအပ်နေသေးတဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ဒါဟာ ၁၉၇၈ နဲ့ ၁၉၈၆ တို့ ပြီးရင် အာဂျင်တီးနား အသင်းရဲ့ တတိယမြောက် ကမ္ဘာ့ဖလား အောင်မြင်မှုလည်း ဖြစ်ပါတယ်။ အခု နွေရာသီမှာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ပူးတွဲကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မက်ဆီဟာ သူပိုင်ဆိုင်ထားတဲ့ တစ်ဦးချင်း စံချိန်တွေကို ထပ်မံ တိုးမြှင့်ဖို့ ကြိုးစားသွားမှာ ဖြစ်သလို၊ ခရစ္စတီယာနို ရော်နယ်ဒို ကလည်း ပေါ်တူဂီ အသင်းကို သူတို့ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးသော ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိအောင် ဦးဆောင်ပေးနိုင်ဖို့ အိမ်မက်မက်နေပါတယ်။

ဝါရင့် ကစားသမားကြီးတွေ ဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ဦးဆောင်ပြီး လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် စောင့်ကြည့်ရမယ့် ဘောလုံး ကြယ်ပွင့် (၈) ဦးကို ဖော်ပြပေးလိုက်ရပါတယ်။

 

၁။ လီယွန်နယ် မက်ဆီ (အာဂျင်တီးနား)

မက်ဆီလိုပဲ ရော်နယ်ဒို အတွက်လည်း ဒါဟာ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၁၃ ဂိုး အထိ သွင်းယူထားတဲ့ လီယွန်နယ် မက်ဆီ

ဒီပြိုင်ပွဲဟာ မက်ဆီ အတွက် နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်လာလိမ့်မယ်လို့ အားလုံးက ခန့်မှန်းထားကြပါတယ်။ သူဟာ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ်ကို အနိုင်ရအောင် အာဂျင်တီးနား အသင်းကို ဦးဆောင်ပေးခဲ့သလို၊ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲ နှစ်ကြိမ် ဆက်တိုက် ချန်ပီယံ ဖြစ်အောင်လည်း ကူညီပေးခဲ့ပါတယ်။ မက်ဆီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း အသက် (၃၉) နှစ် ပြည့်မှာ ဖြစ်ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားထားတဲ့ စံချိန် ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

 

၂။ ခရစ္စတီယာနို ရော်နယ်ဒို (ပေါ်တူဂီ)

မက်ဆီလိုပဲ ရော်နယ်ဒို အတွက်လည်း ဒါဟာ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် အသက် (၄၁) နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ အခုထက်ထိ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာ အကြီးမားဆုံး ဖြစ်တဲ့ ကမ္ဘာ့ဖလား ဆုဖလားကို မပိုင်ဆိုင်ရသေးပါဘူး။ သူ အလိုချင်ဆုံးအရာ ကလည်း ဒီဆုဖလားပဲ ဖြစ်ပါတယ်။ လက်ရှိမှာ သူဟာ ပေါ်တူဂီ အသင်းရဲ့ အရေးအပါဆုံး ကစားသမား မဟုတ်တော့ရင်တောင်မှ အသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ ပေါ်တူဂီအသင်းရဲ့ ပြယုတ် အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

 

၃။ ကီလီယန် အမ်ဘာပေး (ပြင်သစ်)

အမ်ဘာပေးဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တာ အပါအဝင် စုစုပေါင်း (၈) ဂိုးနဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ လက်ရှိ အသက် (၂၇) နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သူဟာ ဂျာမနီ ဂန္ထဝင် မီရိုဆလပ် ကလိုဆေး တင်ရှိထားတဲ့ (၁၆) ဂိုး ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံး စံချိန်ကို ကျော်ဖြတ်ဖို့ (၅) ဂိုးသာ လိုပါတော့တယ်။ သူဟာ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးခဲ့ဖူးပြီး အခုအခါမှာတော့ နောက်ထပ် ကမ္ဘာ့ဖလား တစ်လုံးကို ထပ်မံ သိမ်းပိုက်ဖို့ မျှော်လင့်နေပါတယ်။

 

၄။ အာလင်း ဟာလန်း (နော်ဝေ)

ဟာလန်းဟာ နော်ဝေ အသင်း အတွက် (၄၈) ပွဲ ကစားပေးထားရာမှာ (၅၅) ဂိုး အထိ သွင်းယူပေးထားပါတယ်။ အသက် (၂၅) နှစ် အရွယ် မှာတင် နိုင်ငံတကာပွဲစဉ် (၅၀) မပြည့်ခင် သွင်းဂိုး (၅၀) ပြည့်မြောက်ခဲ့တဲ့ သမိုင်းတစ်လျှောက် ဆဋ္ဌမမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူဟာ မန်ချက်စတာစီးတီးနဲ့ အတူ ကလပ် အသင်း အဆင့် အဓိက ဆုဖလားအားလုံးကို ဆွတ်ခူးပြီး ဖြစ်လို့ အခုအခါ မှာတော့ နိုင်ငံတကာအဆင့်မှာပါ သူ့ရဲ့ ခြေရာကို ချန်ထားနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါ့အပြင် ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀၀ ပြည့်ဖို့နဲ့ ချန်ပီယံလိဂ်မှာ သွင်းဂိုး (၅၀) ပြည့်ဖို့ အမြန်ဆုံး စံချိန်တင်ထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

 

၅။ လာမင်း ယာမယ် (စပိန်)

ဒါဟာ ယာမယ်ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်လာမှာ ဖြစ်ပြီး ပရိသတ်တွေ ကလည်း တော်တော်လေး ရင်ခုန် စိတ်လှုပ်ရှားနေကြပါတယ်။ ဒါဟာ ကမ္ဘာ့ဇာတ်ခုံပေါ်က သူ့ရဲ့ ပွဲဦးထွက် ဖြစ်ပေမယ့် အသက် (၁၈) နှစ်အရွယ် ကစားသမားလေးက ယူရို ချန်ပီယံ ရွှေတံဆိပ်ကို ဆွတ်ခူးထားပြီး ဖြစ်ပါတယ်။ သူဟာ ဘောလုံးရရင် တီထွင် ဖန်တီးနိုင်စွမ်း ရှိပြီး မကြောက်မရွံ့ ကစားတတ်သူ ဖြစ်ပါတယ်။ အသက် (၁၇) နှစ် အရွယ် မှာတင် ဥရောပချန်ပီယံရှစ် (ယူရို) ပြိုင်ပွဲ တစ်ခုတည်းရဲ့ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေမှာ ဂိုးသွင်းနိုင် ဒါမှမဟုတ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ သမိုင်းတစ်လျှောက် ပထမဆုံးသော ကစားသမား ဖြစ်လာခဲ့ပါတယ်။

 

၆။ ဟယ်ရီကိန်း (အင်္ဂလန်)

ဟယ်ရီကိန်းဟာ အင်္ဂလန် အသင်း အတွက် (၁၁၂) ပွဲ ကစားထားပြီး (၇၈) ဂိုးနဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး စံချိန်ရှင် ဖြစ်ပါတယ်။ အခု နွေရာသီမှာ အင်္ဂလန် အသင်း ရှေ့ဆက်နိုင်ဖို့ အတွက် သူ့ရဲ့ ဂိုးသွင်းစွမ်းရည်က အင်္ဂလန် အတွက် မရှိမဖြစ် လိုအပ်မှာ ဖြစ်ပါတယ်။ အသက် (၃၂) နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သူဟာ အင်္ဂလန်ကို ၁၉၆၆ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ သူဟာ အင်္ဂလန် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာလည်း (၂၁၃) ဂိုးနဲ့ ဒုတိယမြောက် ဂိုးအများဆုံး သွင်းယူထားသူ ဖြစ်ပါတယ်။

 

၇။ ဗင်နီးစီးယပ်စ် ဂျူနီယာ (ဘရာဇီးလ်)

ဗင်နီးစီးယပ်စ်ဟာ ဘရာဇီးလ် ဘောလုံးလောကရဲ့ မျက်နှာစာသစ်တွေထဲက တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ အသက် (၂၅) နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သူဟာ သူ့ရဲ့ လျင်မြန်တဲ့အရှိန်နဲ့ လိမ်ခေါက်ခြင်း အတတ်ပညာတွေကြောင့် ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားတွေ ထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဘရာဇီးလ် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတိုင်းကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး (၅) ကြိမ်နဲ့ စံချိန်တင် ချန်ပီယံ ဖြစ်ထားပေမယ့်လည်း၊ ဗင်နီးစီးယပ်စ် ကတော့ သူ့အသင်းကို (၂၄) နှစ် အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိအောင် ဦးဆောင်ပေးဖို့ ရည်မှန်းထားသူ ဖြစ်ပါတယ်။

 

၈။ ခရစ္စတီယန် ပူလီဆစ် (အမေရိကန်)

ပူလီဆစ်ဟာ နည်းပြချုပ် မော်ရီစီယို ပိုချက်တီနိုရဲ့ လက်အောက်မှာ အမေရိကန် အမျိုးသား အသင်းရဲ့ အဓိက ပြယုတ် အဖြစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ မကြာသေးမီက ဂိုးသွင်းဖို့ ရုန်းကန်နေရတာတွေနဲ့ ဒဏ်ရာအနည်းငယ် ရထားတာတွေ ရှိနေပေမယ့်လည်း အသက် (၂၇) နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သူဟာ အမေရိကန် အသင်း အတွက် အမြဲတမ်း တီထွင်ဖန်တီးမှု အားကောင်းတဲ့ ကစားသမား အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်