နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလား အတွက် အာဂျင်တီးနားရဲ့ ပဏာမလူစာရင်းမှာ ပါဝင်လာတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီ ကတော့ အာဂျင်တီးနား အသင်းရဲ့ ကမ္ဘာ့ဖလား ပဏာမ လူစာရင်းမှာ ပါဝင်လာခဲ့ပါပြီ။ လီယွန်နယ် မက်ဆီ အနေနဲ့ လာမယ့် နွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင် ဆင်နွှဲမှာ ဖြစ်ကြောင်း အတည်မပြုရသေးပေမယ့်လည်း သူ့ကို အာဂျင်တီးနား အသင်းရဲ့ ပဏာမ လူစာရင်း မှာတော့ ထည့်သွင်း ရွေးချယ်ထားပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ အနေနဲ့ အဆိုပါ ပြိုင်ပွဲမှာ ဝင်ရောက် ကစားမယ်လို့ အခုချိန်ထိ တရားဝင် အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။ မက်ဆီဟာ အသက်အရွယ် ရနေပေမယ့် လက်ရှိ အချိန်ထိ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဦးဆောင်မှုဟာ အာဂျင်းတီးနား လက်ရွေးစင် အသင်းကြီး အတွက် ကမ္ဘာ့ဖလားမှာ နောက်ထပ် အောင်မြင်မှု ထပ်ရနိုင်ဖို့ လုံလောက်ဆဲ ဖြစ်ကြောင်း ယုံကြည်နေသူတွေလည်း ဒုနဲ့ဒေး ရှိနေဆဲပါ။ မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင် အသင်း အတွက် စုစုပေါင်း ၁၉၈ ပွဲ ကစားပြီးတော့ ၁၁၆ ဂိုး အထိ သွင်းယူပေးထားသူလည်း ဖြစ်ပါတယ်။

 နည်းပြ ဖြစ်သူ လီယွန်နယ် စကယ်လိုနီက လောလောဆယ်မှာ မက်ဆီ အပါအဝင် ကစားသမား ၅၅ ဦးနဲ့ ဖွဲ့စည်းထားတဲ့ ပဏာမ လူစာရင်းကို ထုတ်ပြန် ကြေညာထာခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ ပွဲပေါင်း ၂၆ ပွဲနဲ့ ပွဲအများဆုံး ကစားသမား အဖြစ် အချိန်တိုင်း စံချိန် ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ် အာဂျင်တီးနား အသင်း ဗိုလ်စွဲခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း မက်ဆီဟာ ၁၉၈၆ ခုနှစ်က ဒီယေဂို မာရာဒိုနာ နောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခုတည်းမှာ ဂိုးပါဝင် ပတ်သက်မှု (ဂိုးသွင်းခြင်း သို့မဟုတ် ဂိုးဖန်တီးခြင်း) ၁၀ ကြိမ် အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ ပထမဆုံးသော ကစားသမား အဖြစ် ကီလီယန် အမ်ဘာပေးနဲ့ အတူ မှတ်တမ်းဝင်ခဲ့ပါတယ်။

သူ့ရဲ့ ဦးဆောင်မှုဟာ အာဂျင်းတီးနား လက်ရွေးစင် အသင်းကြီး အတွက် ကမ္ဘာ့ဖလားမှာ နောက်ထပ် အောင်မြင်မှု ထပ်ရနိုင်ဖို့ လုံလောက်ဆဲ ဖြစ်ကြောင်း ယုံကြည်နေသူတွေလည်း ဒုနဲ့ဒေး ရှိနေဆဲပါ။
အသက်အရွယ် ရနေပေမယ့် ခြေစွမ်းပြနေဆဲ ဖြစ်တဲ့ မက်ဆီ

ဒါ့အပြင် မက်ဆီက ကမ္ဘာ့ဖလား သမိုင်းမှာ ရွှေဘောလုံးဆုကို နှစ်ကြိမ်တိုင်တိုင် (၂၀၁၄ နဲ့ ၂၀၂၂) ဆွတ်ခူးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၂၂ ပြိုင်ပွဲမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခု အတွင်း မတူညီတဲ့ ပွဲစဉ် ၃ ပွဲမှာ ဂိုးသွင်းယူခြင်းနဲ့ ဂိုးဖန်တီးမှု ပြုလုပ်ခြင်း တို့ကို တပြိုင်နက် စွမ်းဆောင်နိုင်ခဲ့တဲ့ မှတ်တမ်းဝင် (၁၉၆၆ ခုနှစ်နောက်ပိုင်း) ပထမဆုံးသော ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

အခု ထွက်ပေါ်လာတဲ့ ပဏာမ လူစာရင်းမှာ ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ လွဲချော်မယ်လို့ အတည်ပြုထားရတဲ့ တော့တင်ဟမ်ဟော့စပါးက ခရစ္စတီယန် ရိုမီယို၊ ချဲလ်ဆီးက အလက်ဟန်ဒရို ဂါနာချိုနဲ့ ကိုမိုက နီကို ပက်ဇ် တို့လည်း ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ရိုးမားရဲ့ တိုက်စစ်မှူး ပေါ်လို ဒီဘားလား ကတော့ လူစာရင်းနဲ့ လွဲချော်ခဲ့ရပါတယ်။ သူဟာ ၂၀၂၄ ခုနှစ် နောက်ပိုင်း ကတည်းက အာဂျင်တီးနား အသင်း အတွက် ပါဝင်ကစားပေးခဲ့ရခြင်း မရှိတော့ပါဘူး။

ဒီဘားလားဟာ သူ့ရဲ့ လက်ရွေးစင် အသင်း အတွက် ပွဲပေါင်း ၄၀ ကစားပေးထားပြီး ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ် အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ အသင်း အတွက် ပင်နယ်တီ တစ်လုံး ကန်သွင်းပေးခဲ့သူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်