နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလားသမိုင်းရဲ့ အသက်အငယ်ဆုံး ကစားသမားများ

၁၉၃၀ ခုနှစ် ကမ္ဘာ့ဖလား စတင်ကျင်းပစဉ် ကတည်းက လူငယ်ကစားသမားတွေဟာ ကမ္ဘာပေါ်က အကြီးကျယ်ဆုံးသော ဘောလုံးပွဲတော်မှာ ပါဝင်ခွင့်ရရှိခဲ့ကြပါတယ်။

“အရည်အချင်းရှိရင် အသက်အရွယ်က အရေးမကြီးဘူး” လို့ ဆိုရိုးရှိတဲ့ အတိုင်း နိုင်ငံအသင်း နည်းပြတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ နီးပါး ကတည်းက လူငယ်တွေရဲ့ ကြောက်ရွံ့မှုကင်းမဲ့တဲ့ စိတ်ဓာတ်ကို အသုံးချခဲ့ကြပါတယ်။ ကစားသမား အများစုဟာ ကမ္ဘာ့ဖလား ကစားခွင့် ရရှိဖို့ ကစားသမားဘဝ နှောင်းပိုင်း အထိ စောင့်ဆိုင်းရတတ်ပေမယ့်လည်း တချို့ ကတော့ ငယ်ရွယ်တဲ့ အချိန်မှာပဲ ကမ္ဘာ့ဖလားရဲ့ ဂုဏ်ကျက်သရေနဲ့ သမိုင်းကြောင်းတွေ အကြားမှာ ပါဝင်ခွင့်ရခဲ့ကြပါတယ်။

ကမ္ဘာ့ဖလား သမိုင်းရဲ့ အသက်အငယ်ဆုံး ထိပ်တန်း ကစားသမား ၅ ဦးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

၅။ ပီလီ (ဘရာဇီးလ်) – ၁၇ နှစ်၊ ၂၃၅ ရက်

ကမ္ဘာ့ဖလား သမိုင်းမှာ အထင်ရှားဆုံးသော လူငယ်ကစားသမားရဲ့ ခြေစွမ်းပြမှုလို့ပဲ ဆိုရပါမယ်။ ဂန္ထဝင် ကစားသမားကြီး ပီလီရဲ့ သမိုင်းကြောင်းဟာ ဆွီဒင် နိုင်ငံမှာ ကျင်းပခဲ့တဲ့ နွေရာသီ ရက်သတ္တပတ် အနည်းငယ် အတွင်း စတင်ခဲ့တာ ဖြစ်ပြီး၊ အဲဒီအချိန်က အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ ပီလီက ဘရာဇီးလ် အသင်းကို အောင်ပွဲဆီ ဦးဆောင်ပေးခဲ့ပါတယ်။

အစောပိုင်းမှာ ဒူးဒဏ်ရာကြောင့် ပထမ ၂ ပွဲကို လွဲချော်ခဲ့ပေမယ့်လည်း ဒီပါရမီရှင် လူငယ်လေးက ပြိုင်ပွဲ တစ်ခုလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ သူဟာ ဝေးလ်စ်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူကာ ကမ္ဘာ့ဖလား သမိုင်းမှာ အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်တွင် ၁၉၅၀ ခုနှစ်က ဆုံးရှုံးခဲ့ရတဲ့ အိမ်မက်ဆိုးတွေကို ချေဖျက်ဖို့ အံ့မခန်း ခြေစွမ်းတွေ ပြသခဲ့ပါတယ်။

ပြင်သစ်ကို ၅-၂ နဲ့ အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ ပီလီက ဟက်ထရစ် သွင်းယူကာ ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဂျက်ဖွန်တိန်းကို ကျော်လွန်ပြီးတောင် ခြေစွမ်းပြခဲ့ပါတယ်။ ဗိုလ်လုပွဲ မှာလည်း အိမ်ရှင် ဆွီဒင် အသင်းဘက်ကို ၂ ဂိုး ထပ်မံ သွင်းယူခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ ပြသခဲ့တဲ့ ပီလီရဲ့ ခြေစွမ်းကို ဆွီဒင် ဘုရင် Gustaf VI Adolf ကိုယ်တိုင် အလွန်သဘောကျသွားခဲ့ပြီး ဗိုလ်လုပွဲ မစခင် ပီလီကို လိုက်လံ နှုတ်ဆက်ခဲ့ပါတယ်။ ဘရာဇီးလ်ရဲ့ သူရဲကောင်း အသစ် အတွက် ‘O Rei’ (ဘုရင်ကြီး) ဆိုတဲ့ အမည် နာမဟာ အဲဒီချိန်က စပြီး ယနေ့တိုင် တွင်ကျန်ခဲ့ခြင်း ဖြစ်ပါတယ်။

 

၄။ ဆော်လမွန် အိုလမ်ဘီ (ကင်မရွန်း) – ၁၇ နှစ်၊ ၁၈၅ ရက်

ဆော်လမွန် အိုလမ်ဘီဟာ လိဒ်စ်ယူနိုက်တက်နဲ့ ဝီဂန် တို့မှာ ကစားခဲ့စဉ်က ပရီးမီးယားလိဂ် ပရိသတ်တွေရဲ့ အမေ့လျော့ခံ ဖြစ်ပေမယ့်လည်း ၁၉၉၇ ခုနှစ်၊ အသက် ၁၆ နှစ် အရွယ် ကတည်းက အင်္ဂလန်နဲ့ အတူ ဝမ်ဘလေ ကွင်းကြီးထဲမှာ ပွဲထွက်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။

သူ့ကို ပြင်သစ် နိုင်ငံမှာ လူသိများပြီး နန့်စ်နဲ့ အတူ ၂၀၀၁ ခုနှစ် လီဂူးဝမ်း ဖလား ရရှိခဲ့သလို အဲဒီအချိန်က ပြင်သစ်ရဲ့ အင်အားကြီး ဖြစ်တဲ့ မာဆေးလ်ကို ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလားမှာ ၃ ပွဲ ပါဝင်ကစားခဲ့ခြင်းဟာ သူ့ရဲ့ အောင်မြင်တဲ့ နိုင်ငံတကာ ကစားသမား ဘဝ အတွက် အစပျိုးခြင်း ဖြစ်ခဲ့ပါတယ်။ သူဟာ ကင်မရွန်း အသင်း အတွက် ၆၅ ပွဲ ကစားပေးခဲ့ပြီး ၂၀၀၀ နဲ့ ၂၀၀၂ ခုနှစ်တွေမှာ အာဖရိကဖလား (AFCON) ကို နောက်ကျောညီညီ ရရှိအောင် ကူညီပေးခဲ့တဲ့ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

 

၃။ ဖီမီ အိုပါဘွန်မီ (နိုင်ဂျီးရီးယား) – ၁၇ နှစ်၊ ၁၀၁ ရက်

၂၀၀၂ ကမ္ဘာ့ဖလားမှာ နိုင်ဂျီးရီးယား နည်းပြ ဖက်စ်တပ်စ် အိုနီဘင်ဒီက ယုံကြည်စွာ ထည့်သွင်း ကစားပေးခဲ့ပေမယ့်လည်း ဖီမီ အိုပါဘွန်မီရဲ့ တောက်ပမှုက ကြာရှည်မခံခဲ့ပါဘူး။ ယူ ၁၇ ကမ္ဘာ့ဖလားမှာ ထင်ရှားခဲ့တဲ့ တောင်ပံ ကစားသမား အိုပါဘွန်မီဟာ ဥရောပရဲ့ အလားအလာ ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး ဆွစ်ဇာလန် ကလပ် ဂရက်စ်ဟော့ပါးကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ဖလားမှာ အင်္ဂလန်နဲ့ ကစားပြီး ၄ နှစ် အကြာမှာတင် သူက ဘောလုံးလောက ကနေ အနားယူခဲ့ရပါတယ်။ ပြင်းထန်တဲ့ ရေတိမ် မျက်စိရောဂါကြောင့် သူ့ရဲ့ မျက်စိတစ်ဖက် ကွယ်သွားခဲ့ရခြင်း ဖြစ်ပါတယ်။ သူက “ကျွန်တော် ဘုရားသခင်ကိုပဲ အားကိုးပြီး ဆက်လျှောက်နေပါတယ်။ လုပ်နိုင်တာ ဘာမှမရှိဘူးလေ” လို့ နှမြောစရာကောင်းတဲ့ သူ့ရဲ့ ကစားသမား ဘဝ နိဂုံးကို လက်ခံရင်း ပြောကြားခဲ့ဖူးပါတယ်။

 

၂။ ဆင်မြူရယ် အီတူး (ကင်မရွန်း) – ၁၇ နှစ်၊ ၉၉ ရက်

ကမ္ဘာ့ဖလားရဲ့ အသက်အငယ်ဆုံး ကြယ်ပွင့် တချို့ဟာ နောက်ပိုင်းတွင် ခြေစွမ်း ပျောက်သွားတတ်ကြပေမယ့်လည်း ဆင်မြူရယ် အီတူး အတွက်တော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။ သူဟာ သမိုင်းတစ်လျှောက် ဒုတိယအငယ်ဆုံး ကစားသမား ဖြစ်ရုံ သာမက ကမ္ဘာကျော် တိုက်စစ်မှူး တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဖလားတွေ ရရှိတာ၊ အင်တာမီလန်နဲ့ ဖလားသုံးလုံး (Treble) ရရှိခြင်းတွေ မတိုင်ခင် ၁၉၉၇ ခုနှစ်မှာ အီတူးကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူခဲ့ပေမယ့်လည်း နောက် ၃ နှစ် အကြာမှာတင် လက်လွှတ်ခဲ့ပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလားမှာ အသက် ၁၇ နှစ် အရွယ် အီတူးက အီတလီနဲ့ ပွဲမှာ လူစားဝင် ကစားသမား အဖြစ် ပွဲထွက်ခဲ့ပါတယ်။ ဒါဟာ သူပါဝင်ခဲ့သော ကမ္ဘာ့ဖလား ၄ ကြိမ်အနက် ပထမဆုံးအကြိမ် ဖြစ်ပြီး ၂၀၀၂ ခုနှစ် မှာတော့ နိုင်ငံရဲ့ သူရဲကောင်း ဖြစ်လာခဲ့ပါတယ်။ သူဟာ အာဖရိကဖလား (AFCON) မှာ ၁၈ ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားသူလည်း ဖြစ်ပါတယ်။

 

၁။ နော်မန် ဝှိုက်ဆိုက်ဒ် (မြောက်အိုင်ယာလန်) – ၁၇ နှစ်၊ ၄၁ ရက်

၁၉၈၂ ခုနှစ် စပိန် ကမ္ဘာ့ဖလားဟာ မြောက်အိုင်ယာလန် အတွက် ၂၄ နှစ် အတွင်း ပထမဆုံးအကြိမ် ပြန်လည် ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပြီး သူတို့ဟာ အဲဒီ ပြိုင်ပွဲမှာ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမားကို ပိုင်ဆိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် လူငယ် အကယ်ဒမီထွက် နော်မန် ဝှိုက်ဆိုက်ဒ်ဟာ အသက် ၁၇ နှစ်နဲ့ ၄၁ ရက်သား အရွယ်မှာ ယူဂိုဆလားဗီးယားနဲ့ ပွဲမှာ စတင် ပါဝင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ သူ့အနေနဲ့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ယူနိုက်တက် နည်းပြ ရွန် အက်ကင်ဆန်ကို ယုံကြည်မှု ပေးနိုင်ခဲ့ပြီး အသင်းကြီးမှာ ပွဲပေါင်း ၂၀၀ ကျော် ကစားပေးခဲ့ကာ ၁၉၈၆ ကမ္ဘာ့ဖလား မှာလည်း ထပ်မံပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝှိုက်ဆိုက်ဒ်ရဲ့ ကစားသမား ဘဝက ဒူးဒဏ်ရာတွေကြောင့် စောစောစီးစီး နိဂုံးချုပ်ခဲ့ရပြီး ၁၉၉၁ ခုနှစ်၊ အသက် ၂၆ နှစ် အရွယ် မှာပဲ ဘောလုံး လောက ကနေ အနားယူခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်