နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလား သို့မဟုတ် ရော်နယ်ဒို အတွက် လိုအပ်နေတဲ့ နောက်ဆုံး ပဟေဠိ

ပေါ်တူဂီ တိုက်စစ်မှူးကြီးဟာ သူ့ရဲ့ ကစားသမား ဘဝ တလျှောက် ကလပ် အသင်း အတွက်ရော နိုင်ငံအသင်း အတွက်ပါ ဆုဖလား အောင်မြင်မှုတွေကို စုဆောင်းနိုင်ခဲ့ပါတယ်။ ပြောရရင် ရော်နယ်ဒိုက ကမ္ဘာ့ဖလားက လွဲလို့ ကျန်အဓိက ဆုဖလား များစွာကို အောင်မြင်စွာ ရယူထားနိုင်သူလည်း ဖြစ်ပါတယ်။

ဒီလို အောင်မြင်မှုတွေ ရယူထားနိုင်တဲ့ သူ့ကို ဘောလုံးသမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ကြပြီး သူ့ရဲ့ ဆုဖလား ပြခန်းကြီး ကလည်း ဒါကို သက်သေပြနေပါတယ်။ ဒီပေါ်တူဂီ ပါရမီရှင် ကစားသမားကြီးဟာ စပို့တင်းလစ္စဘွန်းမှာ လူငယ်ကစားသမားဘဝ စတင်ချိန်ကတည်းက၊ မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် တို့မှာ ဖြတ်သန်းခဲ့တဲ့ အံ့အားသင့်ဖွယ် နှစ်ကာလတွေ အထိ သူကစားခဲ့တဲ့ ကလပ်အသင်းတိုင်းမှာ ဆုဖလားတွေကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ဂျူဗင်တပ်စ်နဲ့ အတူ ချန်ပီယံ ဖြစ်ခဲ့သလို၊ မကြာသေးခင် ကလည်း အဲလ်နာဆာနဲ့ အတူ ဆော်ဒီပရိုလိဂ်မှာ အောင်မြင်မှု ထပ်မံရရှိခဲ့ပါတယ်။

ရော်နယ်ဒိုဟာ နိုင်ငံတကာ အဆင့် မှာလည်း ခြေစွမ်းပြနိုင်ခဲ့ပြီး ပေါ်တူဂီ အသင်းကို ကပ္ပတိန် လက်ပတ် ဝတ်ဆင်ကာ အဓိက ဆုဖလားကြီး ၃ လုံးအထိ ရရှိအောင် ဦးဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ်နွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ စပြီး နောက်ထပ် ဆုဖလားတွေ ရယူနိုင်မယ့် အခွင့်အရေးလည်း ရှိနေပါသေးတယ်။ အခုတစ်ခါမှာတော့ Sports Illustrated ကနေ ရော်နယ်ဒိုရဲ့ ဂန္ထဝင် ကစားသမား ဘဝ တစ်လျှောက် လက်ရှိအချိန်အထိ ဆွတ်ခူးရရှိထားတဲ့ ဆုဖလားတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

 

ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဆုဖလား စုစုပေါင်း ဘယ်နှလုံး ရရှိထားသလဲ

ရော်နယ်ဒိုဟာ ကလပ် အသင်းနဲ့ နိုင်ငံအသင်း အောင်မြင်မှုတွေ ပေါင်းစပ်လိုက်ရင် ကစားသမားဘဝ တစ်လျှောက် စုစုပေါင်း ဆုဖလား ၃၅ လုံး အထိ ရရှိထားတဲ့ အံ့မခန်းစံချိန်ကို ပိုင်ဆိုင်ထားပါတယ်။ အသက် ၄၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တိုက်စစ်မှူးကြီးဟာ ကလပ် အသင်းတွေနဲ့ အတူ အောင်မြင်မှု ၃၂ ကြိမ်နဲ့ နိုင်ငံတကာ ကစားသမားဘဝမှာ အောင်မြင်မှု ၃ ကြိမ် ရရှိခဲ့တာပါ။

သူ့ရဲ့ ဆုဖလား ဗီရိုထဲမှာ အထူးခြားဆုံး ကတော့ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ် တို့နဲ့ အတူ ရယူနိုင်ခဲ့တဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဆုဖလား ၅ လုံးနဲ့ ပရီးမီးယားလိဂ် ဆုဖလား ၃ လုံး တို့ပဲ ဖြစ်ပါတယ်။ ရော်နယ်ဒို ဖြတ်သန်းခဲ့တဲ့ ကလပ်အသင်း ၅ သင်းထဲ မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ဆုဖလား ၁၅ လုံးအထိ ဆွတ်ခူးနိုင်ခဲ့လို့ အအောင်မြင်ဆုံး ကာလ ဖြစ်ခဲ့ပါတယ်။

 

စပို့တင်းလစ္စဘွန်းနဲ့ အတူ ရရှိခဲ့တဲ့ ဆုဖလားများ

ရော်နယ်ဒိုဟာ သူ့ရဲ့ ဘောလုံးသမားဘဝကို မွေးရပ်မြေ ပေါ်တူဂီရဲ့ စပို့တင်း အသင်းမှာ စတင်ခဲ့တာပါ။ ပထမအသင်းကြီး အတွက် ၂၈ ပွဲပဲ ကစားပေးခဲ့ရသေးတဲ့ အချိန်မှာတင် အသက်မပြည့်သေးတဲ့ ဒီတိုက်စစ်မှူးလေးဟာ ၄ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၂၀၀၂-၀၃ ပေါ်တူဂီ စူပါဖလား ဆုဖလား ကိုပါ အရယူနိုင်ခဲ့ပါတယ်။ ဒီလူငယ်လေးရဲ့ ခြေစွမ်းက တော်တော်လေး အထင်ကြီးစရာ ကောင်းလွန်းတာကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ စာချုပ်ချုပ်ဆိုခြင်းကို ခံခဲ့ရပြီး၊ အဲဒီနောက်ပိုင်း မှာတော့ သမိုင်းစာမျက်နှာသစ်တွေ စတင်ခဲ့ပါတော့တယ်။

 

မန်ချက်စတာယူနိုက်တက်နဲ့ အတူ ရရှိခဲ့တဲ့ ဆုဖလားများ

ရော်နယ်ဒိုဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ နေ့ရက်တွေမှာ သူ့ရဲ့ ဂန္ထဝင် ဇာတ်လမ်းကို စတင်ပုံဖော်ခဲ့တာပါ။ ဒီတောင်ပံကစားသမားလေးဟာ အံ့မခန်း ဂိုးသွင်းစွမ်းရည်၊ လျှပ်စီးလို လျင်မြန်တဲ့ နည်းစနစ်ပိုင်း ပိုင်နိုင်မှုတွေနဲ့ နိုင်လိုစိတ် ပြင်းထန်မှုတွေကြောင့် ပရီးမီးယားလိဂ် တစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။ အသင်းမှာ ကျောနံပါတ် ၇ ကို ယူပြီး သရဲနီတွေ အတွက် အောင်မြင်မှုတွေ ဆက်တိုက် ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု ၃ ရာသီ ဆက်တိုက် ရရှိခဲ့ပြီး လိဂ်သွင်းဂိုး ၆၆ ဂိုး အထိ သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ် မှာတော့ ၁၉၉၉ ခုနှစ် နောက်ပိုင်း ယူနိုက်တက်ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ဖလား ကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ အဲဒီ အဓိက ဆုဖလားကြီး ၄ လုံး အပြင် ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ဖြတ်သန်းခဲ့တဲ့ ၆ နှစ်တာ အတွင်း အက်ဖ်အေဖလား ၁ လုံးနဲ့ ခရာဘောင်ဖလား ၂ လုံး ကိုလည်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ကွန်မြူနတီဒိုင်းနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား  တို့လည်း သူ့ရဲ့ ဆုဖလား ဗီရိုထဲမှာ ရှိနေပါသေးတယ်။

ဒီဆုဖလားအားလုံးဟာ ရော်နယ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက် ပထမအကြိမ် ကစားသမားဘဝမှာ ရရှိခဲ့တာ ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်မှာ ဒုတိယအကြိမ် ပြန်လည် ရောက်ရှိလာချိန် မှာတော့ အသင်းနဲ့ အတူ ဆုဖလား ထပ်မံ ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပါဘူး။

 

ရီးရဲလ်မက်ဒရစ်နဲ့ အတူ ရရှိခဲ့တဲ့ ဆုဖလားများ

ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ပြီးနောက်မှာတော့ ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေကို မယုံနိုင်လောက်အောင် ထပ်မံ ရရှိ ပိုင်ဆိုင်ခဲ့ပါတယ်။ ပေါ်တူဂီ လက်ရွေးစင် ကစားသမားကြီးကို ရီးရဲလ်မက်ဒရစ် သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား အဖြစ် လူသိများကြပြီး ဒါဟာလည်း ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။ သူဝတ်ဆင်ခဲ့တဲ့ အဖြူရောင်ဂျာစီနဲ့ အတူ ၈ နှစ်တာ ကာလ အတွင်း ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ဆုဖလား ၄ လုံး အထိ အံ့အားသင့်စရာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ အသင်းကို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သမိုင်းဝင် ၃ ရာသီ ဆက်တိုက် ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးခဲ့ပြီး၊ ဒါဟာ တခြား ဘယ်ကလပ်အသင်းမှ မလုပ်ဆောင်နိုင်သေးတဲ့ စံချိန် ဖြစ်ပါတယ်။

ဥရောပရဲ့ အဆင့်မြင့်ဆုံး ကလပ်ပြိုင်ပွဲကို အဓိက အာရုံစိုက်နေခဲ့ရတာကြောင့် ရော်နယ်ဒိုနဲ့ အသင်းဖော်တွေဟာ လာလီဂါ ချန်ပီယံဆု ကိုတော့ ၂ ကြိမ်သာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလား တို့မှာလည်း ၂ ကြိမ်စီပဲ ရရှိခဲ့တာပါ။ ရော်နယ်ဒိုရဲ့ မက်ဒရစ် မှတ်တမ်းကို ပြည့်စုံစေတဲ့ နောက်ထပ် ဆုဖလားတွေ ကတော့ ယူအီးအက်ဖ်အေ စူပါဖလား ၂ လုံးနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၃ လုံးတို့ ဖြစ်ပြီး၊ ဒါကြောင့် ရီးရဲလ်မက်ဒရစ်မှာတင် စုစုပေါင်း ဆုဖလား ၁၅ လုံး အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ဂျူဗင်တပ်စ်နဲ့ အတူ ရရှိခဲ့တဲ့ ဆုဖလားများ

ဒါဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာနိုင်တာကြောင့် ဒီနှစ်နွေရာသီမှာ အရယူချင်ဆုံး ဆုဖလားကြီးလည်း ဖြစ်နေပါလိမ့်မယ်။
ကစားသမား ဘဝ နောက်ဆုံးသော ကမ္ဘာ့ဖလားကို ဝင်ရောက် ကစားဖို့ ရှိနေတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ် နွေရာသီမှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာခဲ့ပြီးနောက် ဂျူဗင်တပ်စ် အသင်းထံ သူ့ရဲ့ အောင်မြင်မှုတွေကို ဆက်လက် သယ်ဆောင်နိုင်ခဲ့ပါတယ်။ အီတလီ ထိပ်သီး ကလပ်ဟာ ရော်နယ်ဒိုရဲ့ ပထမဆုံး ၂ ရာသီမှာ စီးရီးအေ ချန်ပီယံဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပြီး၊ ရော်နယ်ဒို ကတော့ လိဂ် သွင်းဂိုး ၅၂ ဂိုးအထိ သွင်းယူကာ အသင်းကို ကူညီပေးခဲ့ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ ကိုပါအီတလီယာဖလား ၁ လုံးနဲ့ အီတလီ စူပါဖလား ၂ လုံး ကိုလည်း ရရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဂျူဗင်တပ်စ်မှာ ဖြတ်သန်းခဲ့တဲ့ ၅ နှစ်တာ အတွင်းမှာ ဆုဖလား ၅ လုံး အထိ ရရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်နဲ့ အတူ လွဲချော်ခဲ့ရတဲ့ တစ်ခုတည်းသော ဆုဖလား ကတော့ ချန်ပီယံလိဂ် ဖလား ဖြစ်ပြီး၊ ရော်နယ်ဒိုရဲ့ ပထမဆုံးရာသီမှာ ကွာတားဖိုင်နယ် အထိ ရောက်ရှိခဲ့တာက အမြင်ဆုံး အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။

 

အဲလ်နာဆာနဲ့ အတူ ရရှိခဲ့တဲ့ ဆုဖလားများ

ရော်နယ်ဒိုရဲ့ ဆုဖလား စင်ပေါ်က အလတ်ဆတ်ဆုံး ဆုဖလား ကတော့ ဆော်ဒီပရိုလိဂ် ချန်ပီယံဆု ဖြစ်ပါတယ်။ ဒီဆုဖလားဟာ သူ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ပြောင်းရွှေ့လာ ကတည်းက လွဲချော်နေခဲ့တာ ဖြစ်ပြီး၊ အခုရာသီ မှာတော့ အဲလ်နာဆာကို ပန်းတိုင် အရောက် ပို့ဆောင်ပေးနိုင်ခဲ့ကာ လိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်တုန်းကလည်း အာရပ်ကလပ် ချန်ပီယံများဖလားကို ရရှိခဲ့ဖူးပေမယ့်၊ အဲဒီပြိုင်ပွဲကတော့ ဖီဖာ အသိအမှတ်ပြု တရားဝင် ပြိုင်ပွဲတစ်ခု မဟုတ်တာကြောင့် ဘောင်မဝင်ခဲ့ပါဘူး။

 

ပေါ်တူဂီ အသင်းနဲ့ အတူ ရရှိခဲ့တဲ့ ဆုဖလားများ

ရော်နယ်ဒိုဟာ ကလပ်အသင်းတွေ ကိုတင် ကြီးကျယ်ခမ်းနားအောင် ဦးဆောင်ခဲ့တာ မဟုတ်ဘဲ သူ့ရဲ့ နိုင်ငံအသင်း ကိုလည်း အောင်မြင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ရော်နယ်ဒို မတိုင်ခင်က ပေါ်တူဂီ အသင်းဟာ သမိုင်းတစ်လျှောက် အဓိက ဆုဖလားကြီး တစ်လုံးမှ မရရှိဖူးခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၃ နှစ်တာ ကာလ အတွင်း မှာတော့ ပေါ်တူဂီ အသင်းဟာ ဆုဖလား ၃ လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီဟာ ယူရို ၂၀၁၆ မှာ ချန်ပီယံ ဖြစ်ခဲ့သလို၊ ယူအီးအက်ဖ်အေ နေရှင်းလိဂ် ချန်ပီယံဆု ကိုလည်း ၂ ကြိမ်တိုင်တိုင် ပထမဆုံး ရရှိတဲ့ အသင်း ဖြစ်လာခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ အသင်းဖော်တွေဟာ နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလား ဆုဖလားကြီးကို ရယူနိုင်ဖို့ ဆက်လက် ကြိုးစားနေကြပြီး၊ ဒါဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာနိုင်တာကြောင့် ဒီနှစ်နွေရာသီမှာ အရယူချင်ဆုံး ဆုဖလားကြီးလည်း ဖြစ်နေပါလိမ့်မယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်