နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၆ ကမ္ဘာ့ဖလား ကြိုတင် သုံးသပ်ချက် – ပေါ်တူဂီ

ဒီတစ်ကြိမ်ဟာ ခရစ္စတီယာနို ရော်နယ်ဒို အတွက် နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာဖို့ များနေတာကြောင့် ပေါ်တူဂီ အသင်းဟာ လာမယ့်ပြိုင်ပွဲမှာ သူတို့ရဲ့ သူရဲကောင်းကြီးကို အောင်ပွဲခံ ဂုဏ်ပြု နှုတ်ဆက်နိုင်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေနဲ့ မတူတာ ကတော့ ဘယ်လွန်ဒေါ ၅ ဆုရှင် ရော်နယ်ဒိုရဲ့ ဘေးနားမှာ ဘောလုံးလောကရဲ့ အဖိုးတန်ဆုံး ဆုဖလားကြီးကို စိန်ခေါ်နိုင်လောက်တဲ့ ထူးချွန် ပြောင်မြောက်တဲ့ အသင်းဖော်ကောင်းတွေ ဝန်းရံပေးထားနိုင်တာပဲ ဖြစ်ပါတယ်။ ပေါ်တူဂီ အသင်းဟာ ဘက်စုံမျှတတဲ့ အသင်း တစ်သင်း ဖြစ်ပြီး ပီအက်စ်ဂျီ ကြယ်ပွင့်တွေ ဖြစ်တဲ့ ဗစ်တင်ညာ၊ ယာအို နီးဗက်စ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် တို့ဟာ ပေါ်တူဂီ အသင်း အတွက် နောက်ဆုံးမှာ အံဝင်ခွင်ကျ ဖြစ်လာတော့မယ့် အစိတ်အပိုင်း တချို့ပဲ ဖြစ်ပါတယ်။

လက်ရှိ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ချန်ပီယံ ပေါ်တူဂီ အသင်း အနေနဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်လှမ်းနိုင်ဖို့ ဒီထက်ကောင်းတဲ့ အချိန်မရှိတော့ဘဲ၊ ဇွန်လ ၁၇ ရက်နေ့ ဟူစတန်မြို့ရှိ NRG ကွင်းမှာ ဒီအာ ကွန်ဂို အသင်းနဲ့ ကစားရမယ့် အုပ်စု အဖွင့် ပွဲစဉ်ကနေပဲ သူတို့ရဲ့ ခရီးစဉ်ကို စတင်ရမှာ ဖြစ်ပါတယ်။

 

ကမ္ဘာ့ဖလားဆီ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး

  • ခြေစစ်ပွဲ မှတ်တမ်း – ၄ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ၁ ပွဲသရေ
  • သွင်းဂိုး – ၂၀၊ ပေးဂိုး – ၇ ဂိုး 
  • ဂိုးသွင်း အများဆုံး ကစားသမား – ခရစ္စတီယာနို ရော်နယ်ဒို (၅ ဂိုး)
  • ဂိုးဖန်တီးမှု အများဆုံး ကစားသမားများ – ယာအို ကန်ဆယ်လို၊ နဲလ်ဆင် ဆီမီဒို (၂ ကြိမ်စီ)

ပေါ်တူဂီ အသင်းဟာ ခြေစစ်ပွဲ အစမှာ ပထမဆုံး ၃ ပွဲစလုံး အနိုင်ရရှိပြီး အုပ်စု ထိပ်ဆုံးမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ စတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် ၂ ပွဲမှာ ရမှတ်တွေ လျော့ပါးသွားခဲ့တာကြောင့် နောက်ဆုံး ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ရဖို့ ရုန်းကန်ရမယ့် အခြေအနေမျိုး ရုတ်တရက် ဆိုက်ရောက်သွားခဲ့ပါတယ်။ အကယ်၍ နည်းပြ ရော်ဘတ်တို မာတီနက်ဇ်ရဲ့ အသင်း အနေနဲ့ ဖိအားတွေ ရှိခဲ့ရင်တောင်မှ အာမေးနီးယားကို ၉-၁ နဲ့ အပြတ်အသတ် ချေမှုန်းပြီး ဖိအားတွေကို ချေဖျက်ပြခဲ့ပါတယ်။

 

နည်းပြချုပ် ရော်ဘတ်တို မာတီနက်ဇ်

အရည်အချင်းရှိတဲ့ ကစားသမားတွေ စုနေတဲ့ ဒီလူစာရင်းနဲ့ ဆိုရင် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ထိပ်ဆုံး အထိ တက်လှမ်းနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရပါဘူး။
ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ထိပ်ဆုံး ၃ သင်းထဲမှာ မပါဝင်တဲ့ ပေါ်တူဂီ

မာတီနက်ဇ် အနေနဲ့ ပေါ်တူဂီ အသင်းရဲ့ ဒုတိယမြောက် “ ရွှေရောင်မျိုးဆက်” ဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထုတ်ယူပေးနိုင်ပါ့မလား ဆိုတဲ့ သံသယတွေဟာ ပြီးခဲ့တဲ့ နှစ်က ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ချန်ပီယံဆု ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ချိန်မှာပဲ အလိုအလျောက် ပျောက်ကွယ်သွားခဲ့ပါတယ်။ ကစားသမားတွေ ကလည်း စပိန် လူမျိုး နည်းပြရဲ့ ကစားကွက် နည်းစနစ် အပေါ် အပြည့်အဝ ယုံကြည် သက်ဝင်နေကြပြီး နိုင်ငံနဲ့ နည်းပြ အတွက် ကမ္ဘာ့ဖလားမှာ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။

 

ပေါ်တူဂီ အသင်းရဲ့ ကစားကွက်နဲ့ စတိုင်

  • နှစ်သက်တဲ့ ကစားကွက် – ၄-၂-၃-၁
  • ကစားဟန် – ဘောလုံးပိုင်ဆိုင်မှု အသားပေး တိုက်စစ်ဆင်ခြင်း 
  • အားသာချက် – ကမ္ဘာ့အဆင့် ကွင်းလယ်ပိုင်း၊ ဂိုးသွင်း သေချာတဲ့ တိုက်စစ်မှူးများ
  • အားနည်းချက် – ခံစစ်ပေါ့လျော့ခြင်း၊ တောင်ပံကစားသမားတွေ ခြေစွမ်းမမှန်ခြင်း

မာတီနက်ဇ် ဦးဆောင်တဲ့ အသင်းက ဘောလုံးပိုင်ဆိုင်မှု အသားပေးပြီး တိုက်စစ် ဦးစားပေး ကစားတတ်တာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ပေါ်တူဂီ အသင်းဟာ ကွင်းလယ်မှာ ဘောလုံးကို အကြာကြီး ထိန်းချုပ်ကစားပြီး ပြိုင်ဘက်တွေကို အမောဆို့အောင် လုပ်လေ့ရှိကာ မျက်စိတစ်မှိတ် အတွင်းမှာပဲ ရှေ့တန်းကို ကစားကွက် ဖော်ဆောင်တတ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ခံစစ်ပိုင်း ကတော့ ပြိုင်ဘက်တွေ အလွယ်တကူ ထိုးဖောက်တာကို ခံရလေ့ ရှိပြီး ဂိုးတွေ ခဏခဏ ပေးနေရတတ်တာက အားနည်းချက် ဖြစ်ပါတယ်။

 

စောင့်ကြည့်ရမယ့် ကစားသမားများ

အဓိက အဆုံးအဖြတ်ပေးနိုင်သူ – ခရစ္စတီယာနို ရော်နယ်ဒို  

အသက် ၄၁ နှစ် အရွယ် ရှိနေပြီး တစ်ဖက်မှာလည်း အချိန်ပိုင်း Influencer တစ်ယောက်လို ဖြစ်နေပေမယ့် ရော်နယ်ဒိုဟာ ခေတ်သစ် ဘောလုံးသမိုင်းမှာ အကောင်းဆုံး ဂိုးသွင်းရှင် ဖြစ်နေဆဲပါ။ ကမ္ဘာ့ဖလား အောင်မြင်မှုနဲ့ အတူ သူ့ရဲ့ ကစားသမား ဘဝ သွင်းဂိုး ၁,၀၀၀ ပြည့်ဖို့ ကြိုးစားနေတဲ့ ရော်နယ်ဒို တစ်ယောက် လာမယ့် နွေရာသီမှာ သူ့ရဲ့ အကောင်းဆုံး အရည်အချင်းတွေကို ထုတ်ပြပြီး ပရိသတ်တွေကို ဖျော်ဖြေဦးမယ် ဆိုတာ ရဲရဲကြီး အာမခံနိုင်ပါတယ်။

စောင့်ကြည့်ရမယ့် လူငယ် ကြယ်ပွင့် – ယာအို နီးဗက်စ်

လွန်ခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းက အသက် ၁၇ နှစ် အရွယ်နဲ့ တီဗီရှေ့ ကနေပဲ ထိုင်ကြည့်ခဲ့ရတဲ့ ကောင်လေးဟာ အခုအခါ မှာတော့ ပီအက်စ်ဂျီရဲ့ လူကောင်သေးပေမယ့် အဆိပ်ပြင်းတဲ့ ကစားသမားလေး ဖြစ်လာခဲ့ပြီး ပြိုင်ဘက်တွေ ဘာမှမတတ်နိုင်အောင် ကွင်းလယ်ကို ထိန်းချုပ်မယ့် ပေါ်တူဂီ အသင်းရဲ့ မရှိမဖြစ် အဓိကသော့ချက် နှလုံးသား ဖြစ်လို့ နေပါပြီ။

 

ပေါ်တူဂီရဲ့ ခန့်မှန်းလူစာရင်း 

နူနို မန်းဒက်စ်က ဘယ်တောင်ပံ ခံစစ်နေရာမှာ အရမ်းကို အစွမ်းပြနေတာကြောင့် ပေါ်တူဂီရဲ့ ညာတောင်ပံ ခံစစ် ပြဿနာက နည်းပြ မာတီနက်ဇ်အတွက် ခေါင်းခဲစရာ ဖြစ်နေတာကို လူတွေ သတိမထားမိကြပါဘူး။ ဒီယေဂို ဒါးလော့တ်၊ ယာအို ကန်ဆယ်လိုနဲ့ မားသီးယပ်စ် နူနက်စ်တို့ ပွဲထွက်ဖို့ အပြိုင်အဆိုင် ဖြစ်နေပေမယ့် နည်းပြ ကတော့ ဝါရင့်နောက်ခံလူ နဲလ်ဆင် ဆီမီဒို ကိုပဲ ပိုပြီး ယုံကြည်နေပုံ ရပါတယ်။

ဘယ်တောင်ပံ တိုက်စစ်နေရာ အတွက်လည်း အကောင်းဆုံး ကစားသမားကို ရွေးချယ်ဖို့ ငြင်းခုံစရာတွေ ရှိနေပါတယ်။ ဂျူဗင်တပ်စ် တိုက်စစ် ကစားသမား ဖရန်စစ္စကို ကွန်ဆီကာအို ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေတာကြောင့် ယာအို ဖီးလစ် ဒါမှမဟုတ် ရာဖေးလ် လီယာအိုတို့ ပွဲထွက်ခွင့် ရဖို့ ရှိနေပေမယ့် သူတို့ နှစ်ယောက်စလုံး ကလည်း မကြာသေးခင်က ပွဲစဉ်တွေမှာ အထင်ကြီးလောက်စရာ ခြေစွမ်းမျိုး မပြနိုင်ခဲ့ကြပါဘူး။

သေချာတာ တစ်ခု ကတော့ ရော်နယ်ဒိုသာ ဒဏ်ရာ ကင်းစင်နေမယ် ဆိုရင် လာမယ့် နွေရာသီ တိုက်စစ်ကို သူပဲ ဦးဆောင်သွားမှာပါ။ အသက် ၄၁ နှစ် အရွယ် ရော်နယ်ဒိုဟာ မတ်လ နိုင်ငံတကာ သီတင်းပတ်တုန်းက ပေါင်နောက်ကြော ဒဏ်ရာကြောင့် လွဲချော်ခဲ့ရလို့ ပေါ်တူဂီ တစ်နိုင်ငံလုံး စိုးရိမ်ပူပန်ခဲ့ကြရပါသေးတယ်။

 

လက်ရှိခြေစွမ်း

ပေါ်တူဂီ အသင်းဟာ မတ်လ အတွင်း ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ မက္ကဆီကိုနဲ့ ဂိုးမရှိ သရေကျခဲ့လို့ အားရစရာ မရှိခဲ့ပေမယ့်၊ နောက်ပွဲ မှာတော့ အမေရိကန်ကို ၂-၀ နဲ့ အပြတ်အသတ် အနိုင်ယူပြီး သက်သေပြခဲ့ပါတယ်။ ဒီနှစ်ပွဲစလုံးမှာ အသင်းဟာ အဆုံးသတ်ပိုင်း အားနည်းခဲ့ပြီး ဒဏ်ရာရနေတဲ့ ရော်နယ်ဒိုရဲ့ လိုအပ်ချက်ကို သိသိသာသာ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် ပေါ်တူဂီ အသင်း အနေနဲ့ သူတို့ရဲ့ ဂိုးသွင်း ဘုရင်မပါဘဲ ပွဲစဉ်တွေကို ရှုံးပွဲ မရှိ ဖြတ်သန်းနိုင်ခဲ့ကာ ပေးဂိုး မရှိ (Clean sheets) နှစ်ပွဲစလုံး ရရှိခဲ့တာ ကတော့ ကမ္ဘာ့ဖလား မတိုင်ခင် ပြသလိုက်တဲ့ ခံစစ်ပိုင်း ရလဒ်ကောင်း ဖြစ်ပါတယ်။

 

အသင်း အပေါ် ခန့်မှန်းချက်များ

ပြီးခဲ့တဲ့ နွေရာသီ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဗိုလ်လုပွဲမှာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်တဲ့ စပိန် အသင်းကို အနိုင်ယူပြီးနောက် ပေါ်တူဂီ အသင်း အပေါ် မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့ပါတယ်။ အရည်အချင်းရှိတဲ့ ကစားသမားတွေ စုနေတဲ့ ဒီလူစာရင်းနဲ့ ဆိုရင် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ထိပ်ဆုံး အထိ တက်လှမ်းနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရပါဘူး။ 

ရော်နယ်ဒိုရဲ့ ကစားသမားဘဝ သက်တမ်းက ကုန်ဆုံးခါနီး အချိန်ကို ရောက်လာတာနဲ့ အမျှ ပေါ်တူဂီ အတွက် ဖလားရဖို့ အကောင်းဆုံးအချိန်ဟာ အခုပဲလို့ အားလုံးက ယုံကြည်နေကြပါတယ်။ ရွှေဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့က အဓိက ပစ်မှတ် ဖြစ်နေဆဲ ဖြစ်ပေမယ့်လည်း၊ အကယ်၍ ပေါ်တူဂီ အနေနဲ့ ၂၀၀၆ ခုနှစ် နောက်ပိုင်း မရောက်ဖူးသေးတဲ့ ဆီမီးဖိုင်နယ် အဆင့်အထိ တက်လှမ်းနိုင်ခဲ့မယ် ဆိုရင်တောင် ပရိသတ်တွေဆီ ကနေ ကြီးမားတဲ့ ချီးကျူး ဂုဏ်ပြုမှုနဲ့ လေးစားမှုတွေကို ရရှိမှာ သေချာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်