နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

လီဂူးဝမ်း ချန်ပီယံဆုကို လက်လျှော့လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုခဲ့တဲ့ လန်းစ် နည်းပြ

သောကြာနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ လန်းစ်က နန့်စ်ကို ၁-၀ နဲ့ အနိုင်ယူပြီး ရှစ်ကြိမ်တိုင်တိုင် လီဂူးဝမ်း ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ နန့်စ်ကို တန်းဆင်းသွားစေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လန်းစ် နည်းပြ ပီယာ ဆေ့ဂျ် ကတော့ သူတို့ အနေနဲ့ ပီအက်စ်ဂျီကို ကျော်ဖြတ်ပြီး ချန်ပီယံဆု ရယူနိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း ပွဲအပြီးမှာ ဝန်ခံ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ် မှာတော့ အသက် ၁၆ နှစ်အရွယ် လူငယ် ကစားသမားလေး မီဇီယန် မက်စ်လူးဘ်က ပွဲကစားချိန် ၇၉ မိနစ်မှာ အာဘ်ဒူလာ ဆီမာရဲ့ နေရာမှာ လူစားဝင်လာခဲ့ပြီး ဝင်ဝင်ချင်း ပထမဆုံးအကြိမ် ဘောလုံးထိချက်မှာတင် လန်းစ် အတွက် တစ်လုံးတည်းသော အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်နဲ့ ၁၈၁ ရက်သာ ရှိသေးတဲ့ မက်စ်လူးဘ်ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၅ နှစ် အတွင်း လီဂူးဝမ်း ပြိုင်ပွဲမှာ လန်းစ် အတွက် ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တတိယမြောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူ့ထက် အသက်ငယ်ရွယ်ပြီး ဂိုးသွင်းယူနိုင်ခဲ့သူတွေ ကတော့ ရစ်ချက် ခရောချစ်ခ် (၁၆ နှစ်နဲ့ ၁၀၇ ရက်) နဲ့ မီရှဲလ် မာဂေါ့တင် (၁၆ နှစ်နဲ့ ၁၆၀ ရက်) တို့ပဲ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် လန်းစ်ဟာ ဇယားထိပ်က ပီအက်စ်ဂျီနဲ့ ၃ မှတ် အကွာ အထိ ကပ်လိုက်လာနိုင်ခဲ့ပေမယ့်လည်း လူးဝစ္စ အန်နရီကေးရဲ့ ပီအက်စ်ဂျီသာ တနင်္ဂနွေနေ့မှာ ကစားမယ့် ဘရက်စ်နဲ့ ပွဲမှာ အနိုင်ရရှိခဲ့ရင်တော့ ၆ မှတ် အသာနဲ့ ပြန်လည် ဦးဆောင်သွားမှာ ဖြစ်ပြီး အဲဒီနောက် မှာတော့ နှစ်သင်းစလုံး လိဂ် ပွဲစဉ် ၂ ပွဲစီသာ ကစားဖို့ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ ပီအက်စ်ဂျီတို့ လီဂူးဝမ်း ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အခွင့်အရေးက ၉၉.၃ ရာခိုင်နှုန်း အထိ ရှိနေပါတယ်။ လန်းစ် အသင်း ချန်ပီယံဖလားကို မယူနိုင်ဖို့ အခွင့်အရေး ကတော့ ၀.၇ ရာခိုင်နှုန်းသာ ရှိတာကြောင့် နည်းပြ ဆေ့ဂ်ျ အနေနဲ့လည်း အလှည့်အပြောင်း တစ်ခု ဖြစ်လာဖို့ မလွယ်ကူတော့ဘူးလို့ မြင်နေတာပါ။

ဒါကြောင့် သူက ချန်ပီယံဆုထက် လန်းစ် အနေနဲ့ အဆင့် ၂ နေရာကို သေချာပေါက် ရရှိသွားခဲ့ပြီ ဖြစ်လို့ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီက အုပ်စု အဆင့် ကနေ ထွက်ခွာခဲ့ရတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဆီ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်ခွင့် ရရှိသွားပြီဆိုတဲ့ အချက်ကိုပဲ အဓိက အာရုံစိုက်နေပါတယ်။

“ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့တာက ကောင်းပါတယ်။ အဆင့် ၂ နေရာကို သေချာအောင် လုပ်နိုင်ခဲ့ပြီးပြီ ဆိုတော့ အခု ကျွန်တော်တို့ ပြင်သစ်ဖလားကို အရယူဖို့ပဲ အာရုံစိုက်ရပါတော့မယ်။ ကျွန်တော်တို့ ပီအက်စ်ဂျီကို အကန့်အသတ်တွေ ကြားထဲ ကနေ အစွမ်းကုန် ဖိအားပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ အခွင့်အရေး တချို့ လွဲချော်ခဲ့ပြီး အရာရာတိုင်းမှာ ပြည့်စုံမနေခဲ့ပါဘူး။ ချန်ပီယံဆု ရရှိသွားခဲ့တဲ့ သူတို့ကိုပဲ ဂုဏ်ပြုပါတယ်။” လို့ ဆေ့ဂ်ျက Ligue 1+ ကို ပြောကြားခဲ့ပါတယ်။

တစ်ဖက် မှာတော့ နန့်စ်ဟာ လီဂူးဝမ်း ပြိုင်ပွဲမှာ ၁၃ နှစ်ကြာ ရပ်တည်ခဲ့ပြီးနောက် လီဂူးတူး (ဒုတိယတန်း) ဆီ တန်းဆင်းသွားရဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ သူတို့ရဲ့ နည်းပြကြီး ဗာဟစ် ဟာလီဟိုဒေါ့ဗ်ဟာ စိတ်မကောင်းဖြစ်လွန်းတာကြောင့် သတင်းစာ ရှင်းလင်းပွဲ ကနေ စောစီးစွာ ထွက်ခွာသွားခဲ့ပါတယ်။

နန့်စ် အသင်း တန်းဆင်းသွားရမှု အပေါ် သူ့ရဲ့ သဘောထားကို မေးမြန်းရာ မှာတော့ ဟာလီဟိုဒေါ့ဗ်က “တကယ့်ကို အကြီးအကျယ် ဝမ်းနည်းမိပါတယ်…။ ကျွန်တော် ဘာမှ ဆက်မပြောနိုင်တော့ပါဘူး။ ကျွန်တော် မဖြေချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် မပြောနိုင်လောက်အောင် ဖြစ်နေလို့ပါ။ နန့်စ် အသင်း အတွက်ရော ကျွန်တော်တို့ အားလုံး အတွက်ပါ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါက တကယ့်ကို ခက်ခဲလွန်းပါတယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပေးကြပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်