ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေးက သူ့ရဲ့ အသင်းဟာ အခုဆိုရင် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ အဆုံးအဖြတ်ပေးမယ့် အရေးကြီးဆုံး အပိုင်းကဏ္ဍကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။ အန်းဂါးစ် အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် လီဂူးဝမ်း ဇယားထိပ်မှာ အမှတ်ဖြတ် ဦးဆောင်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီ အနေနဲ့ လက်ရှိမှာ ချန်ပီယံလိဂ် ပြိုင်ပွဲဘက်ကို အာရုံပြန်စိုက်နေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ လူစာရင်း အပြောင်းအလဲ အများအပြား လုပ်ခဲ့တဲ့ ပီအက်စ်ဂျီဟာ အန်းဂါးစ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လီကန်အင်၊ ဆန်နီ မာယုလူနဲ့ လူးကပ်စ် ဘီရယ်လ်ဒို တို့က ဂိုးတွေ သွင်းယူပေးခဲ့ကြပြီး ဒုတိယနေရာက လန်းစ်ကို ၆ မှတ် အထိ ဖြတ်ကာ ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။
နည်းပြ လူးဝစ္စ အန်နရီကေးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နန့်စ်နဲ့ ပွဲထွက် လူစာရင်း ကနေ ကစားသမား ၇ ဦး အထိ ပြောင်းလဲခဲ့ပါတယ်။ ဒါဟာ ဒီရာသီ အတွင်း သူလုပ်ခဲ့သမျှ အပြောင်းအလဲ အများဆုံး အရေအတွက်နဲ့လည်း တူညီနေပါတယ်။ အူစမန်နီ ဒမ်ဘီလီ၊ ခါဗရာစခီလီယာနဲ့ ဒီဆီရီ ဒူယေး တို့လို အဓိက တိုက်စစ်ကစားသမားတွေ မပါဘဲ ဒီရာသီမှာ ၃ ကြိမ်မြောက် ကစားခဲ့တာလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီက လီဂူးဝမ်း ပွဲစဉ် ၄ ပွဲသာ ကျန်ရှိတော့ချိန်မှာ ၆ မှတ် ဖြတ်ထားနိုင်ပါတယ်။ ဒါ့အပြင် ဂိုးကွာခြားချက်လည်း အပြတ်အသတ် သာလွန်နေတာကြောင့် ပီအက်စ်ဂျီ အနေနဲ့ လီဂူးဝမ်း ချန်ပီယံဆုကို ရရှိဖို့ ၉၉.၄ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေကြောင်း Opta စူပါကွန်ပျူတာက တွက်ချက်ထားပါတယ်။
လာမယ့် အင်္ဂါနေ့မှာ ဘေယန်မြူးနစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ် အတွက် အခုလို အနိုင်ရလဒ် ထွက်ပေါ်ခဲ့တာကို အန်နရီကေးက ချီးကျူးစကား ဆိုခဲ့ပါတယ်။ “ဒီရလဒ်က ထိုက်တန်ပါတယ်။ နေပူတာ၊ လေတိုက်တာ စတဲ့ ရာသီဥတု အခြေအနေတွေကြောင့် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ ကစားသမားတွေ အာရုံစိုက်မှု အပြည့်နဲ့ ကစားနိုင်ခဲ့ကြတယ်။ ဒီလို စွမ်းဆောင်ရည်မျိုး မြင်တွေ့ရတဲ့ အတွက် အရမ်းဝမ်းသာပါတယ်။”
“ကျွန်တော်တို့ အခု အရမ်းကောင်းမွန်တဲ့ အချိန် တစ်ခုကို ရောက်ရှိနေပါတယ်။ ဘယ်သူတွေပဲ ပါဝင်ကစားသည် ဖြစ်စေ ကျွန်တော်တို့ရဲ့ ကစားပုံက တစ်ပြေးညီတည်း ရှိနေပြီး စွမ်းဆောင်ရည် ကောင်းမွန်နေပါတယ်။ ဒါဟာ ရာသီပိတ် အပိုင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်တွေ အတွက် အကောင်းဆုံး ပြင်ဆင်မှုပါပဲ။”
“ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ။ ဒီအချိန်အခါကို ပျော်ပျော်ပါးပါးနဲ့ ဖြတ်သန်းချင်ပါတယ်။ ပါရီသားတွေ အားလုံးလည်း အသင့်ပါပဲ။ ဥရောပရဲ့ အကောင်းဆုံး အသင်း တစ်သင်းနဲ့ ဆီမီးဖိုင်နယ် ကစားရမှာကို ရင်ခုန်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဟာလည်း ချန်ပီယံတွေပဲ မဟုတ်လား၊ ဒီပွဲကို စတင်ဖို့ ကျွန်တော်တို့ အသင့်ပါပဲ။”
လက်ရှိမှာ လူးဝစ္စ အန်နရီကေးရဲ့ အသင်းက လီဂူးဝမ်း အမှတ်ပေးဇယား ထိပ်ကနေ ဒုတိယနေရာက လန်းစ်နဲ့ ၆ မှတ် ဖြတ် ဦးဆောင်ထားနိုင်ပါတယ်။ ပီအက်စ်ဂျီက တဖက်မှာလည်း ချန်ပီယံလိဂ် ကစားရဖို့ ရှိနေသေးတာကြောင့် ပြိုင်ပွဲ နှစ်ခုကြားမှာ မျှတအောင် ကစားနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီက လီဂူးဝမ်း လက်ကျန် ပွဲစဉ်တွေ အဖြစ် လိုရီးယန့်တ်၊ ဘရတ်စ်၊ လန်းစ်၊ ပဲရစ်အက်ဖ်စီ တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


