နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ဒေါ်လာ ၁၇၅ သန်းတန် ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ် ဖြစ်လာနိုင်ခြေရှိသူ ကစားသမား ၈ ဦး | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဋ္ဌ ရွေးကောက်ပွဲ ပြိုင်ပွဲက အမြင့်ဆုံး အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ ဖလော်ရန်တီနို ပီရက်ဇ်က ကစားပွဲကို နောက်ထပ် တစ်ဆင့် မြှင့်တင်လိုက်ပြန်ပါတယ်။

ဗုဒ္ဓဟူးနေ့ ညက “ Haaland 9” ဂျာစီကို ဝှေ့ယမ်းပြခဲ့တဲ့ သူ့ရဲ့ ပြိုင်ဘက် အန်နရီကေး ရီကွယ်လ်မီကို အရှုံးမပေးလိုတဲ့ အသက် ၇၉ နှစ် အရွယ် ပီရက်ဇ်ဟာ စပိန်ရဲ့ နာမည်ကြီး Talk Show တစ်ခု ဖြစ်တဲ့ Horizonte မှာ တက်ရောက်လာပြီး တကယ့် ကြယ်ပွင့် ကစားသမား တစ်ဦး အတွက် စံချိန်တင် စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားကြောင်း ကြေညာခဲ့ပါတယ်။

“ကျွန်တော် မကြာခင် အင်္ဂါနေ့မှာ ချန်ပီယံလိဂ် ကလပ် တစ်ခုဆီ ကမ်းလှမ်းမှု တစ်ခု လုပ်တော့မှာပါ။ ဒါဟာ ရီးရဲလ်မက်ဒရစ် သမိုင်းမှာ ကစားသမား တစ်ယောက် အတွက် အများဆုံး ပေးချေမှု ဖြစ်ပြီး အနည်းဆုံး ယူရို သန်း ၁၅၀ ရှိမှာပါ။” လို့ သူက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး သူက “အဲဒါ မိုက်ကယ် အိုလီဆေး မဟုတ်ပါဘူး။ သူက ကစားသမားကောင်း တစ်ယောက်ပေမယ့် သူ မဟုတ်ပါဘူး။ ဂျရယ်မီ ဒိုကူ မဟုတ်ဘူး။ အားလင်း ဟာလန်း မဟုတ်ဘူး၊ ဟယ်ရီ ကိန်းလည်း မဟုတ်ပါဘူး။ ပြီးတော့ သူက ပရီးမီးယားလိဂ် ကလည်း မဟုတ်ပါဘူး။ သူက တကယ့် ကြယ်စင်စု ကစားသမားပါ။” လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

စိတ်ဝင်စားစရာ ကောင်းတာက လာလီဂါ ကလပ်ဟာ အိုလီဆေးကို ခေါ်ယူဖို့ အလားအလာကို အတိအလင်း ငြင်းပယ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် The Telegraph နဲ့ AS သတင်းစာ နှစ်စောင်စလုံးက ဘေယန်မြူးနစ် စူပါစတားဟာ အမှန်တကယ်တော့ ဥက္ကဋ္ဌရဲ့ ပစ်မှတ် ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုနေကြပါတယ်။

ရီကွယ်လ်မီနဲ့ မတူဘဲ ပီရက်ဇ်ဟာ ကမ်းလှမ်းမှု တစ်ခု လုပ်ဖို့သာ ကတိပြုထားတာကြောင့် သူ့အတွက် လှုပ်ရှားစရာ နေရာချန်ထားပါတယ်။ သူ့ရဲ့ ပြိုင်ဘက် ကတော့ ရိုဒရီနဲ့ အာလင်း ဟာလန်း တို့ကို ခေါ်ယူဖို့ ပျက်ကွက်ခဲ့ရင် အသင်းဝင်ကြေး အားလုံးကို ကိုယ်တိုင် ပြန်အမ်းပေးမယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။

မည်သို့ပင်ဆိုစေကာမူ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်း မန်စီးတီး စူပါစတား နှစ်ဦးနဲ့ အတူ အားကစား ဒါရိုက်တာ အဖြစ် ရာအူးလ် ဂွန်ဇာလက်ဇ်ကို ခေါ်ဆောင်လာမယ့် ဟူသော ရီကွယ်လ်မီရဲ့ ရဲရင့်တဲ့ ပြောဆိုချက်နဲ့ လွှမ်းမိုးထားပြီးနောက် ပီရက်ဇ်ရဲ့ ထုတ်ဖော် ပြောကြားချက်က သတင်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

 

ပီရက်ဇ်ရဲ့ မဲဆွယ် ကတိကဝတ်များ

အမှန်တော့ ဒါဟာ ပီရက်ဇ် ဆီကနေ မျှော်လင့်ထားပြီးသား လုပ်ရပ်တစ်ခုပါ။ သူဟာ အာရုံစိုက်ခံရမယ့် မဲဆွယ် ကတိကဝတ် အိုင်ဒီယာကို မတီထွင်ခဲ့ပေမယ့် ၂၀၀၀ ပြည့်နှစ်က ဘာစီလိုနာ ကနေ လူးဝစ် ဖီဂိုကို ခေါ်ယူမယ့် ကတိကဝတ်နဲ့ အကောင်းဆုံး ပုံဖော်ခဲ့ပြီး သူ့ရဲ့ ပထမဆုံးအကြိမ် ဥက္ကဋ္ဌ အဖြစ် ရွေးကောက်ခံခဲ့ရကာ ဘောလုံးလောကကို တုန်လှုပ်စေခဲ့ပါတယ်။

ကြာသပတေးနေ့ညက ကြေညာချက် မတိုင်မီ ပီရက်ဇ်ဟာ မက်ဒရစ်မြို့လယ်မှာ ရှိတဲ့ ပိုစတာတွေမှာ ဖီဂို မှသည် ကီလီယန် အမ်ဘာပေး အထိ သူ့လက်ထက်တွင် ခေါ်ယူခဲ့တဲ့ ကြယ်ပွင့် ကစားသမားတွေကို ပြသထားပြီး ဆက်လက် ဖော်ပြပါမည် ဆိုတဲ့ စာသားတွေနဲ့ အရိပ်အမြွက်ပြသခဲ့ပါတယ်။ သူဟာ ကစားသမားသစ်တွေ အနေနဲ့ ဒီနွေရာသီမှာ အီဘရာဟီမာ ကိုနာတေးနဲ့ ဒန်ဇဲလ် ဒမ်းဖရီးစ် တို့လောက်သာ ခေါ်ယူမယ်လို့ ထင်မှတ်ပြီး မဲပေးကြမှာကို ဘယ်တော့မှ အဖြစ်ခံမယ့်သူ မဟုတ်ပါဘူး။

 

ဒါဆိုရင် ပီရက်ဇ် ရည်ညွှန်းနေတဲ့ လျှို့ဝှက် စူပါစတားက ဘယ်သူဖြစ်မလဲ

ပရီးမီးယားလိဂ် မဟုတ်တဲ့ ဖြစ်နိုင်ခြေ အရှိဆုံး အပစ်မှတ် ၈ ဦးက ဘယ်သူတွေလဲ ဆိုတာ တစ်ချက် ကြည့်ရအောင်ပါ။

 

၁။ မိုက်ကယ် အိုလီဆေး

စိတ်ဝင်စားစရာ ကောင်းတာက လာလီဂါ ကလပ်ဟာ အိုလီဆေးကို ခေါ်ယူဖို့ အလားအလာကို အတိအလင်း ငြင်းပယ်ခဲ့ဖူးပါတယ်။
ဒေါ်လာ ၁၇၅ သန်းတန် ကစားသမားကို ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ်

ပီရက်ဇ်က အိုလစ်ဆေး မဟုတ်ဘူးလို့ အတိအလင်း ပြောခဲ့ပေမယ့် အသက် ၇၉ နှစ်အရွယ် ဥက္ကဌကြီးက အမြဲတမ်း အမှန်အတိုင်း ပြောလေ့ရှိသူတော့ မဟုတ်ပါဘူး။ အသက် ၂၄ နှစ် အရွယ် လန်ဒန်ဖွား ပြင်သစ် လက်ရွေးစင်ဟာ ကလပ် အသင်း အတွက် ၂၅ ဂိုးသွင်း၊ ၁၂ ဂိုး ဖန်တီးပေးခဲ့တဲ့ ရာသီတစ်ခု အပြီးမှာ အခုနှစ် ဘယ်လွန်ဒေါဆု အတွက် ထိပ်ဆုံးက ရေပန်းစားသူ တစ်ဦး ဖြစ်လာခဲ့ပါတယ်။

 

၂။ ယာအို နီးဗက်စ် 

ပီရက်ဇ်ရဲ့ ကတိကဝတ် မတိုင်မီကတည်းက ပီအက်စ်ဂျီ ကွင်းလယ်လူ ယာအို နီးဗက်စ်နဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ အသက် ၂၁ နှစ်အရွယ် ပေါ်တူဂီ ကွင်းလယ်လူဟာ ချန်ပီယံလိဂ် နှစ်ကြိမ် ဆက်တိုက် အောင်မြင်မှု ရရှိထားပြီး သူ့ရဲ့နေရာမှာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦး ဖြစ်ပါတယ်။ မက်ဒရစ် အနေနဲ့ တိုနီ ခရူးစ်နဲ့ လူကာ မိုဒရစ်တို့ရဲ့ နေရာကို အစားထိုးဖို့ ဦးစားပေးနေတာကြောင့် ဒီနေရာ အတွက် သူက အသင့်တော်ဆုံးဖြစ်ပြီး ပဲရစ်နဲ့ စာချုပ်သက်တမ်းမှာ ၂၀၂၉ အထိ ရှိနေပါတယ်။

 

၃။ ဗစ်တင်ညာ 

ပီအက်စ်ဂျီက နီးဗက်စ်ရဲ့ ကွင်းလယ်တွဲဖက် ဗစ်တင်ညာ ကလည်း နောက်ထပ် ထင်ရှားတဲ့ ရွေးချယ်မှု တစ်ခုပါ။ သူက ၅ နှစ် ပိုကြီးပေမယ့် ကစားသမား ဘဝ အကောင်းဆုံး အချိန်ကို ဖြတ်သန်းနေပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ထိန်းချုပ်သူ စာရင်းတွေမှာ ပုံမှန် ထိပ်ဆုံးက ပါဝင်နေသူ ဖြစ်ပါတယ်။ ပေါ်တူဂီက Record သတင်းစာရဲ့ အဆိုအရ အီရာအိုလာရဲ့ ဘုန်းမောက် ကစားသမားဟောင်း ဖြစ်သူ ဗီတင်ညာဟာ ယူရို ၁၁၅ သန်း ဝန်းကျင်နဲ့ အသင်းက ထွက်ခွာခွင့်ပြုမယ့် သဘောတူညီချက် ရှိနေတယ်လို့ သိရပါတယ်။

 

၄။ ဒီဆီရီ ဒူယေး

ခြေနှစ်ဖက်စလုံး အသုံးပြုနိုင်ပြီး ထူးခြားတဲ့ အရည်အချင်း ရှိတဲ့ အသက် ၂၁ နှစ်အရွယ် ဒူယေးဟာ ပီအက်စ်ဂျီရဲ့ ပထမဆုံး ချန်ပီယံလိဂ် အောင်မြင်မှု အတွင်း လူသိများလာခဲ့ပြီး လူးဝစ္စ အန်နရီကေးရဲ့ အသင်းမှာ အရေးပါတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ တောင်ပံနှစ်ဖက်၊ တိုက်စစ်မှူးနေရာသာမက ကွင်းလယ် အထိပါ ကစားနိုင်တဲ့ ဒူးဟာ ရီးရဲလ်အတွက် ရွေးချယ်စရာ အများအပြား ပေးနိုင်မှာဖြစ်ပေမယ့် ချက်ချင်း ပုံမှန်ပွဲထွက်ခွင့်ရမလား ဆိုတာ ကတော့ မသေချာပါဘူး။ သူကလည်း ၂၀၂၉ အထိ စာချုပ်ရှိနေပါတယ်။

 

၅။ ခါဗစ်ချာ ခွာဗရတ်စခီလီယာ

စာရင်းထဲက နောက်ဆုံး ပီအက်စ်ဂျီ ကစားသမား ဖြစ်ပြီး ပရိသတ်တွေကို အမြဲတမ်း စိတ်လှုပ်ရှားစေနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ခွာဗရတ်စခီလီယာဟာ ၂၀၂၅-၂၆ ရာသီ ချန်ပီယံလိဂ် ၁၆ ပွဲမှာ ၁၀ ဂိုး သွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သူက ဘယ်တောင်ပံမှာ အကောင်းဆုံး ကစားနိုင်သူ ဖြစ်ပြီး မက်ဒရစ်မှာ အမ်ဘာပေးနဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာတို့ ရှိနေတဲ့ ဘယ်တောင်ပံနေရာ အတွက် အဆင်ပြေဖို့ ခက်ခဲနိုင်တာကြောင့် ပီရက်ဇ် အတွက်တော့ ထူးခြားတဲ့ ခေါ်ယူမှု တစ်ခု ဖြစ်လာနိုင်ပါတယ်။

 

၆။ ဂျမဲလ် မူစီအာလာ

ပီအက်စ်ဂျီက မဟုတ်တဲ့ ပထမဆုံး ရွေးချယ်မှုဖြစ်ပြီး ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း ဒဏ်ရာ ပြင်းထန်စွာ မရရှိခဲ့ရင် ပြီးခဲ့တဲ့ နွေရာသီကတည်းက Galáctico အဖြစ် ရှုမြင်ခံခဲ့ရမှာပါ။ ဒဏ်ရာကြောင့် ဘေယန်မြူးနစ်ရဲ့ ဒီရာသီ ပွဲစဉ်တွေမှာ ဟယ်ရီကိန်း၊ အိုလီဆေး တို့ရဲ့ အရိပ်အောက်မှာ လူသိနည်းခဲ့ရပေမယ့် မူစီအာလာဟာ ထိပ်တန်း အဆင့်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ လက်ရှိ စူပါစတားတွေနဲ့ နေရာလုရမယ့် စိုးရိမ်မှု ရှိနိုင်ပြီး ဘေယန်နဲ့ ၂၀၃၀ အထိ စာချုပ်ရှိနေပါတယ်။

 

၇။ ယန် ဒီယိုမန်ဒီ 

သူကတော့ လိုက်ပ်ဇစ်မှာ ဘွန်ဒက်စ်လီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု ရရှိပြီးနောက် ယခုနွေရာသီမှာ ရေပန်းအစားဆုံး ဖြစ်လာခဲ့သူပါ။ အသက် ၁၉ နှစ်အရွယ် အိုင်ဗရီကို့စ် တောင်ပံ ကစားသမားဟာ ၂၀၂၅-၂၆ ရာသီမှာ ၁၃ ဂိုး သွင်းယူထားပြီး လစ်ဗာပူးလ်၊ ပီအက်စ်ဂျီ တို့နဲ့ သတင်းတွေ ထွက်နေပါတယ်။ ရိုဒရီဂိုရဲ့ ရေရှည် ဒဏ်ရာကြောင့် လစ်လပ်သွားတဲ့ ညာတောင်ပံနေရာ အတွက် အသင့်တော်ဆုံး ဖြစ်လာနိုင်ပါတယ်။

 

၈။ ဟူလီယန် အဲလ်ဗာရက်ဇ် 

မက်ဒရစ် အတွက် အလိုအပ်ဆုံး ကစားသမား မဟုတ်ပေမယ့် အပြောင်းအရွှေ့ ဖြစ်လာရင်တော့ အကြီးမားဆုံး သတင်း ဖြစ်လာမှာပါ။ အဲလ်ဗာရက်ဇ်ကို ခေါ်ယူခြင်းက လာလီဂါ ပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်နဲ့ ဘာစီလိုနာ နှစ်သင်းစလုံးကို တစ်ပြိုင်နက် အသာစီးရယူရာ ရောက်ပါလိမ့်မယ်။ အာဂျင်တီးနား တိုက်စစ်မှူးဟာ အက်တလက်တီကိုမက်ဒရစ် ကနေ ထွက်ခွာဖို့ ကြိုးပမ်းနေပြီး ဘာဆာနဲ့ ပီအက်စ်ဂျီတို့ ကလည်း စိတ်ဝင်စားနေတာကြောင့် ပြိုင်ဘက်တွေကို တုန်လှုပ်သွားစေဖို့ အပြောင်းအရွှေ့ကို ကြားဖြတ်လုယူခြင်းဟာ ပီရက်ဇ်ရဲ့ စတိုင်လ်နဲ့ အကိုက်ညီဆုံး ဖြစ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်