နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ကမ္ဘာ့ဖလား အဖွင့်ပွဲ မတိုင်မီ “ ငယ်စဉ်ကလို ပြန်လည် နုပျိုလန်းဆန်းနေတယ်” လို့ ခံစားမိနေတဲ့ ဆွန်ဟောင်မင် | ကမ္ဘာ့ဖလား

တောင်ကိုရီးယား အသင်းဟာ ဇွန်လ ၁၁ ရက်နေ့မှာ ချက်သမ္မတနိုင်ငံနဲ့ အတူ သူတို့ရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို စတင်ရမှာ ဖြစ်ပါတယ်။ ဆွန်ဟောင်မင် ကတော့ သူ့နိုင်ငံကိုယ်စားပြုပြီး တစ်ကျော့ပြန် ပါဝင်ကစားရမှာ ဖြစ်လို့ စိတ်လှုပ်ရှား ရင်ခုန်နေပါတယ်။

ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားနိုင်ငံကို ကိုယ်စားပြုပြီး စတုတ္ထမြောက်အကြိမ် အဖြစ် ကမ္ဘာ့ဖလား နောက်ဆုံး အဆင့်ကို ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေချိန်မှာပဲ “ငယ်စဉ်က ကောင်လေး တစ်ယောက်လို ပြန်ဖြစ်သွားသလို” ခံစားနေရတယ်လို့ ဆိုပါတယ်။

ပူးတွဲအိမ်ရှင် မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ ကစားကြမယ့် ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် အပြီး ဒုတိယမြောက် ပွဲစဉ် အဖြစ် တောင်ကိုရီးယား အသင်းဟာ ဇွန်လ ၁၁ ရက်နေ့မှာ အုပ်စု (A) ရဲ့ အဖွင့် ပွဲစဉ်ကို ချက်သမ္မတနိုင်ငံနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒါဟာ တောင်ကိုရီးယား အသင်း အတွက် ၁၂ ကြိမ်မြောက် ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိခြင်း ဖြစ်ပြီး အာရှနိုင်ငံတွေထဲမှာ အများဆုံးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၈၆ ခုနှစ်ကတည်းက စလို့ ၁၁ ကြိမ်ဆက်တိုက် ဗိုလ်လုပွဲ အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ တောင်ကိုရီးယားထက် ပိုပြီး ဆက်တိုက် တက်ရောက်နိုင်တဲ့ နိုင်ငံဆိုလို့ ဘရာဇီးလ် (၂၃ ကြိမ်)၊ ဂျာမနီ (၁၉ ကြိမ်)၊ အာဂျင်တီးနား (၁၄ ကြိမ်) နဲ့ စပိန် (၁၃ ကြိမ်) တို့သာ ရှိပါတယ်။

တောင်ကိုရီးယား အသင်းရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား သွင်းဂိုး ၁၀ ဂိုးမှာ ဆွန်ဟောင်မင်က သွင်းဂိုး ၃ ဂိုး၊ ဂိုးဖန်တီးမှု ၁ ကြိမ်နဲ့ ၄ ဂိုးအထိ တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် တစ်လျှောက်လုံး မှာလည်း တောင်ကိုရီးယား အသင်း အတွက် သွင်းဂိုး ၁၀ ဂိုး၊ ဂိုးဖန်တီးမှု ၄ ကြိမ် (စုစုပေါင်း ၁၄ ဂိုး) နဲ့ ဂိုးပါဝင် ပတ်သက်မှု အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါဟာ တောင်ကိုရီးယား အသင်း အတွက် ၁၂ ကြိမ်မြောက် ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိခြင်း ဖြစ်ပြီး အာရှနိုင်ငံတွေထဲမှာ အများဆုံးလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲစဉ်တွေမှာ ရှုံးပွဲ မရှိတဲ့ တောင်ကိုရီးယား

ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ဆွန်က “ကျွန်တော် အလွန်ငယ်စဉ် ကတည်းက အမြဲတမ်း အိမ်မက်မက်ခဲ့ရတဲ့ ကမ္ဘာ့ဖလား ကွင်းပြင်ထဲကို တစ်ကျော့ပြန် ရောက်ရှိခွင့်ရတဲ့ အတွက် တကယ်ကို ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပဲဖြစ်ဖြစ်၊ စတုတ္ထမြောက်ပဲဖြစ်ဖြစ် ငယ်ငယ်က ကောင်လေး တစ်ယောက်လိုပဲ ပြန်ပြီး စိတ်လှုပ်ရှားမိတယ်။ ဒါဟာ အိမ်မက်တွေရဲ့ အမြင့်ဆုံး စင်မြင့် တစ်ခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ဒီခံစားချက်ကို စကားလုံး တစ်လုံးတည်းနဲ့ ဖော်ပြဖို့ မလွယ်ပါဘူး။ ပထမအကြိမ်၊ စတုတ္ထအကြိမ် ဒါမှမဟုတ် ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ဖလားပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ပြိုင်တဲ့ အခါ စိတ်ဓာတ်ပိုင်း ကတော့ အမြဲတမ်း အတူတူပဲ ဖြစ်နေရပါမယ်။ အခု ပြိုင်ပွဲ အစပိုင်း မှာတင် အသင်းရဲ့လေထု (စုစည်းမှု) က ဘာပြဿနာမှ မရှိဘဲ အားလုံး အဆင်ပြေနေပါတယ်။ ကျွန်တော့်ရဲ့ အသင်းဖော်တွေဟာ ကိုရီးယားနိုင်ငံ အတွက်၊ အသင်း အတွက် ဘယ်လောက်တောင် ကြိုးစား အားထုတ်နေကြလဲ ဆိုတာ မြင်ရတဲ့အခါတိုင်း တစ်ခါတလေ သူတို့ကို စိတ်အေးအေးထားဖို့တောင် ပြန်ပြီး ထိန်းပေးနေရပါတယ်။ ကျွန်တော်တို့ အပြည့်အဝ ပြင်ဆင်ထားပြီးပါပြီ။ အသင်းဖော်တွေဟာ ဒီထက်မက ထိုက်တန်တဲ့သူတွေ ဖြစ်လို့ ကောင်းမွန်တဲ့ ရလဒ် တစ်ခု ရရှိလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ဒီပွဲဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက် တောင်ကိုရီးယားနဲ့ ချက်သမ္မတနိုင်ငံတို့ ပထမဆုံးအကြိမ် ဆုံတွေ့ကြခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးကြိမ်စလုံးဟာ ခြေစမ်းပွဲတွေ အဖြစ်သာ ကစားခဲ့ကြတာ ဖြစ်ပြီး တစ်ပွဲစီနိုင်၊ တစ်ပွဲ သရေ ရလဒ် ထွက်ပေါ်ခဲ့ဖူးပါတယ်။ နောက်ဆုံး အကြိမ် ထိပ်တိုက် တွေ့ဆုံမှု ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုက (၂၀၁၆ ဇွန်လ) ပရဂ်မြို့မှာ ကစားခဲ့တာ ဖြစ်ပြီး တောင်ကိုရီးယား အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

တောင်ကိုရီးယား အသင်းဟာ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲစဉ်တွေမှာ ၁၆ ပွဲ ကစား၊ ၁၁ ပွဲနိုင်၊ ၅ ပွဲသရေနဲ့ တစ်ပွဲမှမရှုံးဘဲ ရှုံးပွဲမရှိစံချိန်နဲ့ တက်ရောက်လာနိုင်ခဲ့တဲ့ တစ်ခုတည်းသော အသင်းလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်