နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို သိရှိထားတဲ့ အိုလီဆေး၊ မိုနာကို,ကို ပြောင်းရွှေ့တော့မယ့် ကာဆာဒို | လာလီဂါ

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြသစ် ဖြစ်လာမယ့် ဟိုဆေး မော်ရင်ညိုဟာ ပီအက်စ်ဂျီ အသင်းရဲ့ ကစားသမား အတွဲအဖက် ဖြစ်တဲ့ ဗစ်တင်ညာနဲ့ ယာအို နီးဗက်စ် တို့ကို ခေါ်ယူဖို့ အတွက် တွန်းအားပေးနေပါတယ်။ အကယ်၍ သူတို့ကို ခေါ်ယူဖို့ မဖြစ်နိုင်ဘူး ဆိုရင်တော့ ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်၊ ဝက်စ်ဟမ်းရဲ့ မာတီးယပ်စ် ဖာနန်ဒက်စ်နဲ့ ဘေယန်မြူးနစ် တိုက်စစ် ကစားသမား မိုက်ကယ် အိုလီဆေး တို့ကို ပြောင်းလဲ ပစ်မှတ်ထား ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ အိုလီဆေး အနေနဲ့ သူ့အပေါ် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို သိရှိထားပြီး ကမ်းလှမ်းမှုသာ ရောက်ရှိလာရင် ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပါတယ်။ 

မာ့ခ် ကာဆာဒိုဟာ လာလီဂါ ကလပ် ဘာစီလိုနာ ကနေ မိုနာကို အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အက်စတွန်ဗီလာ၊ ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်၊ အဲဗာတန်၊ မန်ယူ၊ နယူးကာဆယ်နဲ့ နော့တင်ဟမ်ဖောရက်စ် တို့ဟာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် နောက်ထပ် ရှေ့ဆက်တိုးဖို့ ငြင်းပယ်ခဲ့ကြပါတယ်။ 

ရီးရဲလ်မက်ဒရစ် အသင်းဟာ ကွင်းလယ်လူ ဖက်ဒရီကို ဗယ်လ်ဗာဒီ ကို ရောင်းချဖို့ တက်ကြွစွာ ဆန္ဒရှိမနေပေမယ့် ယူရို သန်း ၁၀၀ အထက် ကမ်းလှမ်းမှုမျိုး ရောက်လာရင်တော့ စဉ်းစားသွားမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အဲဒီလောက် ပမာဏမျိုးနဲ့ ကမ်းလှမ်းလာနိုင်ချေ ရှိတဲ့ ဥရောပ အင်အားကြီး ကလပ်တွေထဲမှာ ပါဝင်နေပါတယ်။

ဒါဝင် နူညက်ဇ်ဟာ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့ ဘာစီလိုနာအသင်း သတ်မှတ်ထားတဲ့ စာရင်းထဲမှာ ပါဝင်နေပြီး၊ နောက်ခံလူ ယာအို ကန်ဆယ်လို အရေး အတွက် အဲလ်ဟီလာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်စဉ် အတွင်း နူညက်ဇ်ရဲ့ အပြောင်းအရွှေ့ ကိစ္စကိုပါ ထည့်သွင်း စကားပြောခဲ့ကြတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ လူငယ် ကွင်းလယ် ကစားသမား သီယာဂို ပီတာ့ချ် အတွက် ဘရန့်ဖို့ဒ် အသင်းက ကမ်းလှမ်းထားတဲ့ ယူရို ၂၅ သန်း ပမာဏကို လက်ခံဖို့ စဉ်းစားနေပါတယ်။ 

မာ့ခ် ကာဆာဒိုဟာ လာလီဂါ ကလပ် ဘာစီလိုနာ ကနေ မိုနာကို အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
မိုနာကိုကို ပြောင်းရွှေ့တော့မယ့် မာ့ခ် ကာဆာဒို

ဂျာမနီ တိုက်စစ်မှူး ကိုင် ဟာဗက်ဇ် ကတော့ ယုံကြည်မှု အပြည့်နဲ့ ကမ္ဘာ့ဖလားကို ဝင်ရောက် ကစားမှာ ဖြစ်ကြောင်း ပြိုင်ဘက်တွေကို သတိပေးသွားခဲ့ပါတယ်။ ချန်ပီယံလိဂ် ဖိုင်နယ်မှာ အာဆင်နယ် အတွက် အရေးပါ သွင်းဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဟာဗက်ဇ်ဟာ ယခုတစ်ခေါက် အမေရိကန် နဲ့ ခြေစမ်းပွဲမှာလည်း အဖွင့်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီး ပွဲထွက်နေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ဟာဗက်ဇ်က ” ကျွန်တော့်အထင် ကျွန်တော်တို့ တစ်ပွဲလုံး ခြုံကြည့်ရင် တော်တော်လေးတော့ ကောင်းအောင် ကစားနိုင်ခဲ့ပါတယ်၊ ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပါတယ်၊ ၉ အထိ အနိုင်ကစားပြီး အခုလို တက်လာခဲ့တာကြောင့် လာမယ့် အုပ်စုပွဲတွေအတွက် ယုံကြည်ချက်အပြည့်ပါပဲ၊ လိုနေသေးတဲ့ နေရာလေးတွေရှိပေမယ့် အားလုံးခြုံငုံသုံးသပ်ကြည့်ရင် ကျွန်တော်တို့ တော်တော်လေး ကောင်းနေပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

မူဆီအာလာ၊ ဆာနေး၊ ဝှစ်ဇ်၊ ဟာဗက်ဇ်တို့ ရှိနေတဲ့ ဂျာမနီ အသင်းဟာ ပြိုင်ဘက် အသင်းတွေ ဖြစ်တဲ့ အဂ်လန်၊ စပိန်၊ အာဂျင်တီးနား၊ ပေါ်တူဂီတို့လောက် ရေပန်းစားမှု မရှိပေမယ့် ကမ္ဘာ့ဖလားမှာ မထင်ထားတာတွေ ဖြစ်တက်တာကြောင့် စိတ်ဝင်စားဖို့ ကောင်းနေဦးမှာ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ဝေဖန်ဆန့်ကျင်မှုတွေနဲ့ မကြာခဏ ရင်ဆိုင်နေရတဲ့ မန်ချက်စတာယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာ မိသားစုဟာ ၂၁ နှစ် အကြာ မှာတော့ အသင်းကို ပြန်ရောင်းချဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ကို မဲလ်ကွန်ဂလေဇာက ၂၀၀၅ ခုနှစ်မှာ အကြွေးတွေနဲ့ ဝယ်ယူပြီးချိန်က စလို့ ယူနိုက်တက် ပရိသတ်တွေက ဂလေဇာ မိသားစုကို ဆန့်ကျင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အခုအချိန် မှာတော့ ဂလေဇာ မိသားစုဟာ လူသိရှင်ကြား မဟုတ်ဘဲ အသင်းနဲ့ လမ်းခွဲဖို့ တိုးတိုးတိတ်တိတ် စီစဉ်နေတာ လအတော်ကြာအောင် ရှိနေပြီ ဖြစ်ပါတယ်။ 

နာမည်ကျော် Bloomberg ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ဂလေဇာ ညီအစ်ကို ၆ ဦးဟာ သူတို့ ရှယ်ယာတွေကို ရောင်းချဖို့ရှိ၊ မရှိနဲ့ ပတ်သက်ပြီး သီးသန့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး တော်တော်များများက ရှယ်ယာ အားလုံး ဒါမှမဟုတ် တချို့ကို ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်