နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အသင်းသမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် Coupe de France ဖလားကို ရယူနိုင်ခဲ့တဲ့ လန်းစ်

သောကြာနေ့က လန်းစ် ကတော့ Stade de France ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့သော စိတ်လှုပ်ရှားဖွယ် ဗိုလ်လုပွဲမှာ နိစ်ကို ၃-၁ နဲ့ အနိုင်ယူပြီး သူတို့ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် Coupe de France ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

နည်းပြ ပီယာဆေ့ဂျ်ရဲ့ လန်းစ် အတွက် ဖလော်ရီယန် သော်ဗင်က အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ဦးဆောင်ဂိုးကို ကိုယ်တိုင် သွင်းယူပေးခဲ့သလို၊ အော့ဒ်ဆွန် အီဒူယာ့ဒ် သွင်းယူတဲ့ဂိုး ကိုလည်း ဖန်တီးပေးခဲ့ပါတယ်။ အဲဒီနောက် အာဘဒူလာ ဆီမာက လန်းစ် အတွက် သမိုင်းဝင် အနိုင်ဂိုးကို အပိုင် ပိတ်သွင်းကာ ပွဲကို အဆုံးသတ်ပေးခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း 

ပွဲစကတည်းက နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်ခဲ့ကြပြီး ပွဲအစောပိုင်းတွင် နိစ်က အလန် စိန့်-မက်ဆီမင် ဝေ့ဝိုက် ကန်ချက်က ဂိုးပေါက်နဲ့ အနည်းငယ် လွဲချော်ခဲ့ပါတယ်။ အဲဒီနောက် မာလန် ဆားရ်နဲ့ အစ္စမေလို ဂါနီယူးတို့ လူချင်း နားလည်မှု လွဲမှားရာက တစ်ဆင့် လန်းစ် တိုက်စစ်မှူး အယ်လီ ဝါဟီက ဂိုးဧရိယာထဲမှာ အနီးကပ် ကန်သွင်းခွင့် ရခဲ့ပေမယ့်လည်း ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပါတယ်။

စိန့်-မက်ဆီမင်ရဲ့ နောက်ထပ် ကန်ချက် တစ်ခုကို လန်းစ် အသင်း နောက်ခံလူက ဂိုးစည်းပေါ်မှ ဖျက်ထုတ်နိုင်ခဲ့ပြီးနောက် ပွဲချိန် ၂၅ မိနစ်မှာ သော်ဗင်က လန်းစ် အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ လန်းစ် ဂိုးသမား ရော်ဘင် ရစ်ဆာက အဝေးကန်ချက်နဲ့ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို နောက်ခံလူ မက်သီယူ အူဒေါလ်က ဆွဲပြေးပြီး ဂိုးရှေ့ ဖြတ်တင်ပေးရာ ကနေ သော်ဗင်က ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၄၂ မိနစ် မှာတော့ သော်ဗင်ရဲ့ ဖန်တီးပေးမှုက တစ်ဆင့် ထောင့်ကန်ဘောကို အီဒူယာ့ဒ်က ခေါင်းတိုက်ကာ ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း မပြီးခင်မှာပဲ ဂျီဘရီ ကူလီဘလီ က ဂျိုနသန် ကလော့စ်ရဲ့ ဖြတ်တင်ဘောကို ငုံ့လျှိုး ခေါင်းတိုက်ကာ နိစ် အသင်း အတွက် ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း အစမှာ ပွဲက ပိုမိုပြင်းထန်လာပြီး ပွဲစပြီး စက္ကန့် ၃၀ အကြာမှာပင် ဝါဟီရဲ့ ပြင်းထန်တဲ့ ကန်ချက်ကို ဂိုးသမား ရစ်ဆာက ခက်ခဲစွာ ကာကွယ်ခဲ့ရပါတယ်။ တစ်ဖက် မှာလည်း နိစ် အသင်းက ချေပဂိုး ရရှိဖို့ ပြင်းပြင်းထန်ထန် ဖိအားပေးလာပြီး အန်တွန် မန်ဒီရဲ့ ခေါင်းတိုက်ချက်က ဂိုးဘားတန်း အောက်ခြေကို ထိမှန်ပြီး အပြင်ကို ပြန်ထွက်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း ပွဲချိန် ၇၈ မိနစ်မှာ နောက်ထပ် အဝေးပေး ကန်ချက် တစ်ကြိမ်ကြောင့် နည်းပြ ကလော့ဒ် ပျူရယ်ရဲ့ နိစ်အသင်း ဂိုးထပ်ပေးခဲ့ရပါတယ်။ ဆားရ် ကန်တင် ပေးလိုက်တဲ့ ဘောလုံးကို နိစ် နောက်ခံလူ ဒန်တေ ဖျက်ထုတ်ရာ ကနေ မတော်တဆ လန်းစ် လူစားဝင် ကစားသမား ဆီမာ ထံသို့ ရောက်ရှိသွားပြီး၊ ဆီမာက လှမ်းပိတ်ကာ နိစ် ဂိုးသမား မက်ဆီမီ ဒူးပေကို ကျော်ဖြတ်ပြီး တတိယဂိုး သွင်းယူခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

လန်းစ် အသင်းဟာ ၁၉၄၈၊ ၁၉၇၅ နှင့် ၁၉၉၈ ခုနှစ်တွေမှာ Coupe de France ပြိုင်ပွဲမှာ ဒုတိယဆုတွေနဲ့သာ ကျေနပ်ခဲ့ရပြီးနောက် အခုမှသာ ပထမဆုံးအကြိမ် အဖြစ် ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ၁၉၉၈ ခုနှစ် လီဂူးဝမ်း ချန်ပီယံဆု ရရှိခဲ့ပြီး နောက်ပိုင်း Coupe de France က သူတို့ အသင်းရဲ့ ပထမဆုံးသော အဓိက ဆုဖလားကြီးလည်း ဖြစ်ပါတယ်။။

ဗိုလ်လုပွဲမှာ လန်းစ် အသင်း အနေနဲ့ လွယ်လွယ်ကူကူ ကစားခဲ့ရခြင်းမျိုးတော့ မဟုတ်ပါဘူး။ နိစ် အသင်းက ဂိုးကန်သွင်းခွင့် ၁၇ ကြိမ်မှာ မျှော်မှန်းဂိုး (xG) ၁.၄ ရှိခဲ့ပြီး လန်းစ် အသင်းက ၁၆ ကြိမ်မှာ မျှော်မှန်းဂိုး (xG) ၁.၂၂ သာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လန်းစ် အသင်းရဲ့ အခွင့်အရေးကို အဆုံးသတ် သေသပ်မှု ကသာ ပွဲရဲ့ အဖြေကို ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။

ဖလော်ရီယန် သော်ဗင်က ဖေဖော်ဝါရီလအစကတည်းက ဆိုရင် ပြိုင်ပွဲစုံမှာ သွင်းဂိုး (၉) ဂိုးနဲ့ ဂိုးဖန်တီးမှု (၇) ကြိမ်၊ စုစုပေါင်း (၁၆) ဂိုးမှာ တိုက်ရိုက် ပါဝင်ပတ်သက်ထားခဲ့ပါတယ်။ ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ရှိတဲ့ ပြင်သစ် ကစားသမားတွေထဲမှာ ဘယ်ကစားသမားကမှ ဒီကာလ အတွင်း သူ့ထက် ပိုမိုကောင်းမွန်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

သော်ဗင်ဟာ အခု ဗိုလ်လုပွဲမှာ ဂိုးကန်သွင်းခွင့် ၂ ကြိမ်ရတဲ့ အနက် ၁ ဂိုး သွင်းယူခဲ့တဲ့ အပြင် အသင်း အတွက် အများဆုံး အဖြစ် ဂိုးရနိုင်မယ့် အခွင့်အရေး ၃ ကြိမ် ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် သူက ဘောလုံး ဆွဲပြေးမှု နှစ်ကြိမ်စလုံး အောင်မြင်ခဲ့ပြီး တစ်ဦးချင်း ယှဉ်ပြိုင်မှု ၇ ကြိမ်မှာ ၄ ကြိမ် အနိုင်ရရှိခဲ့ကာ ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးမှုနဲ့ အကောင်းဆုံး ခြေစွမ်းပြသသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်