နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၆ ကမ္ဘာ့ဖလား ကြိုတင် သုံးသပ်ချက် – အာဂျင်တီးနား

ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်မှာ ချန်ပီယံဆုကို ဆက်တိုက် ကာကွယ်နိုင်ခဲ့တာ နှစ်နိုင်ငံပဲ ရှိဖူးပါတယ်။ ဒါပေမယ့် လာမယ့် နွေရာသီ မှာတော့ အာဂျင်တီးနား အသင်းဟာ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့ အပြည့်အဝ အဆင်သင့် ဖြစ်နေပါပြီ။ လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားဟာ နှစ်ပေါင်း ၆၄ နှစ်တာ ကာလ အတွင်း ကမ္ဘာ့ဖလား ဆုဖလားကို နှစ်ကြိမ် ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က ဗိုလ်လုပွဲမှာ ပြင်သစ်ကို အနိုင်ယူပြီးနောက် အားလုံးက ကာလရှည်ကြာ မျှော်လင့်နေခဲ့ကြတဲ့ အတိုင်း အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ တစ်ယောက် သူ့ရဲ့ ကစားသမားဘဝ တစ်ခုတည်းသော လိုအပ်ချက် ဖြစ်တဲ့ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ အခုအခါ မှာတော့ အာဂျင်တီးနား အသင်းရဲ့ အင်္ကျီရင်ဘတ်ပေါ်က အမှတ်တံဆိပ်မှာ ကြယ်သုံးပွင့် ဖြစ်သွားခဲ့ပါပြီ။ နည်းပြ လီယွန်နယ် စကယ်လိုနီရဲ့ တပည့်တွေက သူတို့ရဲ့ ကမ္ဘာ့အကောင်းဆုံး အသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ထိန်းထားဖို့ အိပ်မက်ကိုယ်စီ ရှိနေကြပြီး ဒါဟာ အသင်းခေါင်းဆောင် မက်ဆီ အတွက်လည်း ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား ဖြစ်သလို ကမ္ဘာ့အဆင့်အမြင့်ဆုံး ဘောလုံးစင်မြင့်ထက်က နောက်ဆုံး ကပွဲလည်း ဖြစ်လာဖို့ ရှိနေပါတယ်။

အာဂျင်တီးနားဟာ အုပ်စု (J) မှာ အယ်လ်ဂျီးရီးယား၊ သြစတြီးယားနဲ့ ဂျော်ဒန်တို့လို အသင်းတွေကို ကျော်ဖြတ်ဖို့ သိပ်ပြီး အခက်အခဲရှိမှာ မဟုတ်ပေမယ့် မြောက်အမေရိကမြေမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အတွက် ရှုံးထွက် အဆင့်တွေမှာ တွေ့ရမယ့် ဥရောပ အင်အားကြီး အသင်းတွေ ကတော့ အဓိက ခြိမ်းခြောက်မှုတွေ ဖြစ်လာဖို့ ရှိနေပါတယ်။

 

ကမ္ဘာ့ဖလားဆီ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး

  • ခြေစစ်ပွဲ မှတ်တမ်း – ၁၂ ပွဲနိုင်၊ ၄ ပွဲရှုံး၊ ၂ ပွဲသရေ
  • သွင်းဂိုး – ၃၁ ဂိုး၊ ပေးဂိုး – ၁၀ ဂိုး
  • ဂိုးသွင်းအများဆုံး ကစားသမား – လီယွန်နယ် မက်ဆီ (၈ ဂိုး)
  • ဂိုးဖန်တီးမှု အများဆုံး ကစားသမားများ – လီယွန်နယ် မက်ဆီ၊ အန်ဇို ဖာနန်ဒက်စ်၊ ဟူလီယန် အဲလ်ဗာရက်ဇ်၊ အက်ဆီကီရယ် ပါလာစီယို့စ် (၃ ကြိမ်စီ)

အာဂျင်တီးနား အသင်းဟာ တောင်အမေရိကဇုန် (CONMEBOL) ရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ သက်သောင့်သက်သာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ခြေစစ်ပွဲ ၁၈ ပွဲမှာ ၁၂ ပွဲ အထိ အနိုင်ရရှိခဲ့ပြီး ဒါဟာ တောင်အမေရိကဇုန်မှာ နိုင်ပွဲ အရေအတွက် ဂဏန်း နှစ်လုံး ရရှိခဲ့တဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သွင်းဂိုး အများဆုံး အသင်းနဲ့ ပေးဂိုးမရှိ (Clean sheet) အများဆုံးရတဲ့ ဒုတိယမြောက်အသင်း ဖြစ်ခဲ့တာကြောင့် ကွင်းရဲ့ လိုအပ်တဲ့ နေရာတိုင်းမှာ အသာစီး ရယူနိုင်ခဲ့တယ်လို့ ပြောရမှာပါ။

 

နည်းပြချုပ် လီယွန်နယ် စကယ်လိုနီ 

၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၄ ကိုပါအမေရိကဖလား ရခဲ့တဲ့ လူစာရင်းထဲက ပွဲထွက် ကစားသမား ၉ ဦးလောက် ကတော့ ဒီပြိုင်ပွဲ မှာလည်း ပွဲထွက်ခွင့် ပြန်ရဖို့ ရှိနေပါတယ်။
ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ရမယ့် အာဂျင်တီးနား

အာဂျင်တီးနား အသင်းကို အမြင့်ဆုံး နေရာဆီ ဘယ်လို ပို့ဆောင်ရမလဲ ဆိုတာ လီယွန်နယ် စကယ်လိုနီထက် ပိုသိတဲ့သူ မရှိပါဘူး။ သူ့ရဲ့ ဦးဆောင်မှု အောက်မှာ အာဂျင်တီးနား အသင်းဟာ ၂၀၂၁ ကိုပါအမေရိကဖလား၊ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၄ ကိုပါအမေရိကဖလား တို့ကို ဆက်တိုက် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ နောက်ခံလူဟောင်း ဖြစ်ခဲ့တဲ့ စကယ်လိုနီကို ကစားသမားတွေက အပြည့်အဝ ယုံကြည်လေးစားကြပြီး သူဟာ အသင်းရဲ့ အဝတ်လဲခန်း အတွင်း စည်းလုံး ညီညွတ်မှုနဲ့ တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းပေးထားနိုင်တဲ့ အဓိကသော့ချက်လည်း ဖြစ်ပါတယ်။

 

အာဂျင်တီးနား အသင်းရဲ့ ကစားကွက်နဲ့ စတိုင်

  • နှစ်သက်တဲ့ ကစားကွက် – ၄-၃-၃
  • ကစားဟန်: ဘောလုံး ပိုင်ဆိုင်မှု အသားပေးကစားခြင်း 
  • အားသာချက် – ပေးပို့မှု တိကျခြင်း၊ ခံစစ်ကျစ်လျစ်ခြင်း၊ အသင်းလိုက် စည်းလုံးမှု အားကောင်းခြင်း
  • အားနည်းချက် – မက်ဆီ အပေါ် အလွန်အကျွံ အမှီပြုနေရခြင်း၊ ဝါရင့် ကစားသမားများ အသက်အရွယ် ကြီးရင့်လာခြင်း

အာဂျင်တီးနား အသင်းရဲ့ ကြယ်ပွင့်တွေစုနေတဲ့ ကွင်းလယ်ပိုင်းဟာ ပွဲစကတည်းက တိကျပြတ်သားတဲ့ ပေးပို့မှုတွေနဲ့ ပွဲကို လွှမ်းမိုးချုပ်ကိုင်ထားလေ့ ရှိပါတယ်။ သူတို့ဟာ ပြိုင်ဘက်ကို ကစားကွက်နဲ့ ကစားနေရင်းကနေမှ ကွင်းလယ် ကနေ ပါးနပ်တဲ့ ဖြတ်တင်ဘော တစ်လုံးနဲ့ ပြိုင်ဘက် ခံစစ်ကို ဖြိုခွဲပြီး၊ ရှေ့တန်းက မက်ဆီက အဆုံးသတ်ဂိုး သွင်းယူလေ့ ရှိပါတယ်။

အကယ်၍ ရှေ့တန်းက အခွင့်အရေးတွေ လွဲချော်နေရင်တောင် စည်းကမ်း စနစ်ကျတဲ့ ခံစစ်တန်းနဲ့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ရဲ့ ထူးခြားပြောင်မြောက်တဲ့ လက်စွမ်းတွေက အသင်းကို အမြဲလိုလို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

 

စောင့်ကြည့်ရမယ့် ကစားသမားများ

အဓိက အဆုံးအဖြတ်ပေးနိုင်သူ – လီယွန်နယ် မက်ဆီ 

အာဂျင်တီးနား အသင်းရဲ့ နှလုံးသား ဖြစ်တဲ့ မက်ဆီဟာ ၂၀၀၆ ခုနှစ်တုန်းက သူပိုင်ဆိုင်ခဲ့တဲ့ အကြမ်းစား ပါရမီတွေ၊ ပါးနပ်မှုတွေနဲ့ အတူ သူ့ရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ဆင်နွှဲတော့မှာပါ။ ပြိုင်ပွဲ အတွင်းမှာပဲ အသက် ၃၉ နှစ် ပြည့်တော့မှာ ဖြစ်ပေမယ့်လည်း ဒီကမ္ဘာ့အကောင်းဆုံး ကစားသမားကြီးဟာ ဘယ်လို နောက်ခံလူကို မဆို ကျော်ဖြတ်နိုင်စွမ်း ရှိနေဆဲပါ။

စောင့်ကြည့်ရမယ့် လူငယ် ကြယ်ပွင့် နီကို ပက်ဇ်

ကျောင်းတုန်းက ဘောလုံးလုလို့ မရအောင် ကစားတတ်တဲ့ ကလေးငယ် တစ်ယောက်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အသက် ၂၁ နှစ် အရွယ် ကိုမိုရဲ့ တိုက်စစ် ကစားသမားလေး နီကို ပက်ဇ်က အခုထက်ထိ အဲဒီလို ကစားနိုင်တုန်းပါ။ သူက အပြေး သိပ်မမြန်ပေမဲ့ ဘောလုံးထိန်းချုပ်မှု ကောင်းမွန်ခြင်း၊ ထူးခြားတဲ့ နည်းစနစ်ပိုင်းနဲ့ ခန္ဓာကိုယ် ထိန်းညှိမှု ကောင်းမွန်ခြင်းတွေကြောင့် အာဂျင်တီးနား အတွက် တကယ့်ကို အဖိုးတန်တဲ့ လူငယ်တစ်ယောက် ဖြစ်လာမှာပါ။

 

အာဂျင်တီးနားရဲ့ ခန့်မှန်းလူစာရင်း 

လာမယ့် နွေရာသီမှာ အာဂျင်တီးနားရဲ့ လူစာရင်းက အပြောင်းအလဲ သိပ်ရှိမှာ မဟုတ်ပါဘူး။ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၄ ကိုပါအမေရိကဖလား ရခဲ့တဲ့ လူစာရင်းထဲက ပွဲထွက် ကစားသမား ၉ ဦးလောက် ကတော့ ဒီပြိုင်ပွဲ မှာလည်း ပွဲထွက်ခွင့် ပြန်ရဖို့ ရှိနေပါတယ်။ အဓိက အပြောင်းအလဲ ကတော့ အိန်ဂျယ် ဒီမာရီယာ အနားယူသွားတဲ့ အတွက် ဘယ်တောင်ပံ နေရာမှာ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ်ရဲ့ ကြယ်ပွင့် သီယာဂို အဲလ်မာဒါက စကာလိုနီရဲ့ တိုက်စစ် နေရာမှာ အစားထိုးဖို့ ရေပန်းအစားဆုံး ဖြစ်နေပြီး ကိုမိုက နီကို ပက်ဇ် ကလည်း ပိုမိုသွက်လက်ပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ရွေးချယ်မှု တစ်ခု ဖြစ်နေပါတယ်။

ဒါ့အပြင် နည်းပြ စကယ်လိုနီ အတွက် အဓိက စိုးရိမ်စရာ ကတော့ အဓိကကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ် ဟာ ခြေသလုံးဒဏ်ရာ ရနေပေမယ့် ကမ္ဘာ့ဖလား အမီ သက်သာလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ မက်ဆီ ကတော့ အင်တာမိုင်ယာမီမှာ ပွဲတွေ ဆက်တိုက် ကစားထားရတာကြောင့် သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းက အမြဲတမ်း သတိထား စိုးရိမ်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

 

လက်ရှိခြေစွမ်း

အာဂျင်တီးနား အသင်းဟာ မကြာသေးခင်က ကစားခဲ့တဲ့ မော်ရီတေးနီးယား အသင်းနဲ့ ပွဲစဉ်မှာ ၂-၁နဲ့ ပရိသတ် စိတ်ကြိုက် မဖြစ်တဲ့ နိုင်ပွဲ တစ်ခု ရခဲ့ပါတယ်။ ဂိုးသမား မာတီနက်ဇ်က “ အသင်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ပွဲတွေထဲက တစ်ပွဲ” လို့တောင် တင်စားခဲ့ပြီး အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုပါ မေးခွန်းထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ စကယ်လိုနီရဲ့ အသင်းက မတ်လ အတွင်း ဇမ်ဘီယာကို ၅-၀ နဲ့ အပြတ်အသတ် အနိုင်ယူပြီး တုံ့ပြန်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေရဲ့ အဆင့်အတန်းဟာ လာမယ့် နွေရာသီ ကမ္ဘာ့ဖလားမှာ တွေ့ရမယ့် အသင်းတွေနဲ့ အလှမ်း ဝေးလွန်းနေတာကြောင့် ကမ္ဘာ့ဖလား အတွက် တကယ့် ခြေစမ်းပွဲကောင်းတွေ မဖြစ်ခဲ့ဘူးလို့ ဆိုရမှာပါ။

 

အသင်း အပေါ် ခန့်မှန်းချက်များ

အာဂျင်တီးနား နိုင်ငံ အတွင်း မှာတော့ သူတို့ အသင်းအနေနဲ့ ကမ္ဘာ့ဖလားကို ဆက်တိုက် ကာကွယ်နိုင်ပြီး သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်း အဖြစ် မှတ်တမ်းတင်နိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်နေကြပါတယ်။ ပြီးခဲ့တဲ့ နိုင်ငံတကာ ပြိုင်ပွဲကြီး ၃ ခုစလုံးမှာ ချန်ပီယံ ဖြစ်ခဲ့တာကို စောင့်ကြည့်ခဲ့ရတဲ့ ပရိသတ်တွေဟာ လာမယ့် နွေရာသီ မှာလည်း နောက်ထပ် ဖလားတစ်လုံး ယူလာနိုင်လိမ့်မယ် လို့ပဲ မျှော်လင့်ထားကြပါတယ်။ဒီလို မြင့်မားတဲ့ မျှော်လင့်ချက်တွေဟာ လက်ရှိချန်ပီယံ အာဂျင်တီးနား အသင်း အပေါ် ကြီးမားတဲ့ ဖိအားတွေ ဖြစ်စေမှာ ဖြစ်ပေမဲ့လည်း သူတို့ အတွက်တော့ ဒီလို ဖိအားမျိုးက အဆန်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် ချန်ပီယံဆုကို ဆက်တိုက် ကာကွယ်ဖို့ ဆိုတာ တော်တော်လေး ကြိုးပမ်းရမှာ ဖြစ်ပြီး အကယ်၍ မအောင်မြင်ခဲ့ရင်တော့ နိုင်ငံနဲ့ အသင်း အပေါ် စိတ်ပျက်စရာ ဖြစ်စေမှာ သေချာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်