ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ ရီးရဲလ်မက်ဒရစ်ထံ ပြန်လည် ရောက်ရှိလာတော့မယ့် နည်းပြ ဟိုဆေး မော်ရင်ညိုဟာ မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ကွင်းလယ်လူ ဖက်ဒရီကို ဗယ်လ်ဗာဒီကို အသင်းမှာပဲ ဆက်ထိန်းထားဖို့ ရီးရဲလ်မက်ဒရစ် ဘက်ကို တိုက်တွန်းထားပါတယ်။ ဒါပေမယ့်လည်း မော်ရင်ညိုဟာ အက်ဒူရာဒို ကာမာဗင်ဂါ ကိုတော့ အသင်း ကနေ ထွက်ခွာခွင့်ပေးဖို့ အသင့်ရှိနေပါတယ်။ အဆိုပါ ပြင်သစ် ကွင်းလယ်လူရဲ့ နေရာမှာ ဝုဗ်ရဲ့ ကွင်းလယ် ကစားသမား ယာအို ဂိုးမက်စ်နဲ့ အစားထိုးပေးဖို့ ကလပ် လာလီဂါ ကလပ်ဆီ တောင်းဆိုထားပါတယ်။
ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်နဲ့ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား တို့ရဲ့ ကိုယ်စားလှယ်တွေဟာ ကစားသမားတွေ အနေနဲ့ လက်ရှိ ကလပ် အသင်းတွေ ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် ဘာစီလိုနာ အသင်းဆီ လာရောက် ကမ်းလှမ်းခဲ့ကြပါတယ်။ ဒါပေမယ့် ဘာစီလိုနာ ဘက်ကတော့ အဆိုပါ ကစားသမား နှစ်ဦးစလုံးကို ငြင်းပယ်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်း အတွင်းပိုင်းက တချို့ ပုဂ္ဂိုလ်တွေ ကတော့ ကီလီယန် အမ်ဘာပေးနဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာတို့ နှစ်ဦးတွဲဟာ အသင်းမှာ အနာဂတ် မရှိတော့ဘူးလို့ ယုံကြည်နေကြပြီး လာမယ့် နွေရာသီမှာ ၎င်းတို့ နှစ်ဦးထဲက တစ်ဦးကို ရောင်းချပစ်ဖို့ အားသန်နေကြပါတယ်။ ဒီနှစ်ဦးထဲ မှာတော့ ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ရဲ့ ပိုမိုမျက်နှာသာပေး အလေးထားမှုကို ရရှိထားသူက အမ်ဘာပေး ဖြစ်ပါတယ်။

ဘာစီလိုနာဟာ အသင်း ကနေ ထွက်ခွာတော့မယ့် ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာကို အစားထိုးဖို့ အတွက် ရီးရဲလ်ဆိုစီဒက် အသင်းရဲ့ တိုက်စစ်မှူး မီခဲလ် အိုယာဇာဘယ်ကို အကောင်းဆုံး အစားထိုးနိုင်မယ့်သူ အဖြစ် ရှုမြင်နေပါတယ်။
ဘာစီလိုနာက စိတ်ဝင်စားနေတဲ့ နောက်ထပ် ကစားသမား တစ်ဦး ကတော့ လေဗာကူဆင်ရဲ့ အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူး ခရစ္စတီယန် ကိုဖာနေးပဲ ဖြစ်ပါတယ်။ လာလီဂါ ချန်ပီယံ ကလပ်ဟာ အာဆင်နယ်နဲ့ အတူ ဒီလူငယ်ကစားသမားကို ခေါ်ယူဖို့ အပီအပြင်ဆုံး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ၎င်းကို ဘရန့်ဖို့ဒ်၊ ချဲလ်ဆီး၊ နယူးကာဆယ်နဲ့ ဘေယန်မြူးနစ် အသင်းတို့ ကလည်း မျက်စိကျနေကြပါတယ်။
ဘာစီလိုနာရဲ့ စပိန်လူငယ် ကြယ်ပွင့် လာမင်း ယာမယ်ဟာ ပြီးခဲ့တဲ့လက ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား၊ အုပ်စု အဖွင့် ၂ ပွဲကို လွဲချော်ဖို့ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ယာမယ်ဟာ ပြီးခဲ့တဲ့ ဧပြီလကုန်တုန်းက ဆဲလ်တာဗီဂို အသင်းကို ၁-၀ နဲ့ အနိုင်ရတဲ့ ပွဲမှာ ပယ်နယ်တီ ကနေ ဂိုးသွင်းရင်းနဲ့ ဘယ်ဘက်ခြေထောက်၊ တံကောက်ကြောမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ အမီ ကြံ့ခိုင်မှု ပြည့်ဝလာဖို့ ရုန်းကန်နေရပါတယ်။ အဲဒါကြောင့် ယာမယ်ဟာ ဇွန်လ ၁၅ ရက်ကျရင် ကိပ်ဗာဒီနဲ့ ကစားမယ့် အုပ်စု အဖွင့်ပွဲ အပြင် ၆ ရက်အကြာမှာ ကစားမယ့် ဆော်ဒီနဲ့ ပွဲကိုလည်း လွဲချော်ဖို့ ရှိနေပါပြီ။ စပိန်ဟာ အုပ်စု နောက်ဆုံးပွဲ အဖြစ် ဇွန်လ ၂၆ ရက်မှာ ဥရုဂွေး အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အဲဒီပွဲမှ ယာမယ် ကစားနိုင်ဖို့ ရှိတယ်လို့ The Athletic ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။
ပေါ်တူဂီ နာမည်ကျော် နည်းပြကြီး မော်ရင်ညိုဟာ အသင်းဟောင်း ရီးရဲလ်ကို ပြန်လည် ကိုင်တွယ်ဖို့ သဘောတူညီမှုရသွားပြီ ဖြစ်ပါတယ်။ အသက် ၆၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မော်ရင်ညိုဟာ ရီးရဲလ်ကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး သူ့လက်ထက်မှာ ဘာစီလိုနာအသင်း လွှမ်းမိုးနေမှုကို အဆုံးသတ်ပြီးတော့ ၂၀၁၁-၁၂ ရာသီ လာလီဂါမှာ ဗိုလ်စွဲအောင် စွမ်းဆောင်ခဲ့သလို စပိန်ဘုရင့်ဖလား၊ စပိန်စူပါဖလားတွေ ရယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အဲဒီရာသီမှာ ရီးရဲလ် အသင်းဟာ လာလီဂါမှာ တစ်ရာသီအတွင်း အမှတ် အများဆုံး (၁၀၀ မှတ်)၊ သွင်းဂိုး အများဆုံး (၁၂၁ ဂိုး)၊ ဂိုးကွာခြားချက် အများဆုံး (+၈၉)၊ အဝေးကွင်း နိုင်ပွဲ အများဆုံး (၁၆ ပွဲ)၊ နိုင်ပွဲ အရေအတွက် အများဆုံး (၃၂ ပွဲ)စတဲ့ စံချိန်ကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ မော်ရင်ညိုဟာ အခုလောလောဆယ် ဘင်ဖီကာ နည်းပြ အဖြစ် ဆောင်ရွက်နေပြီး ဒီရာသီ ပေါ်တူဂီလိဂ်မှာ ရှုံးပွဲ လုံးဝ မရှိဘဲ အဆင့် ၃ နေရာ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


