ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပြီး မျက်နှာသာ အပေးမခံရတဲ့ ပြင်သစ် ကွင်းလယ်လူ အင်ဒူယာဒို ကာမာဗင်ဂါကို ဘွန်ဒက်စ်လီဂါ ကလပ် ဘိုရုရှား ဒေါ့မန်က ခေါ်ယူဖို့ မျက်စိကျနေပါတယ်။ ဒါပေမယ့် လာလီဂါ ကလပ် ဘက်ကတော့ ဒီပြင်သစ် လက်ရွေးစင် ကစားသမားကို “ လုံးဝမရောင်းချနိုင်ဘူး” လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။
လာလီဂါဆီ တန်းတက်လာတဲ့ စပိန် ကလပ် ရေးဆင်း ဆန်တန်ဒါဟာ ရီးရဲလ်မက်ဒရစ် အကယ်ဒမီရဲ့ ဂျာမနီ ကြယ်ပွင့်လေး သီယာဂို ပီတာ့ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသလာပါတယ်။
ဘာစီလိုနာ အတွက် သမိုင်းက တစ်ကျော့ပြန် လည်ပတ်လာနိုင်ပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို အက်တလက်တီကိုမက်ဒရစ် အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ အကယ်၍ ဒီအပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့ရင် လီဝမ်ဒေါစကီးဟာ ကတ်တလန်မြေ ကနေ အက်တလက်တီကိုဆီ ပြောင်းရွှေ့ခဲ့ကြပြီး ဘာစီလိုနာထက် အက်သလက်တီကိုကို ပိုမို အကျိုးအမြတ် ဖြစ်ထွန်းစေခဲ့တဲ့ လူးဝစ် ဆွာရက်ဇ်၊ ဒေးဗစ် ဗီလာ၊ အန်တွန် ဂရစ်ဇ်မန်း တို့ရဲ့ ခြေရာ အတိုင်း ထပ်ချပ်မကွာ လိုက်ပါသွားမှာ ဖြစ်ပါတယ်။
အကယ်၍ လီဝမ်ဒေါစကီး အတွက် ငွေကြေးက အဓိကအချက် ဖြစ်နေမယ် ဆိုရင်တော့ သူဟာ အက်တလက်တီကိုဆီ ရောက်သွားမှာ မဟုတ်ပါဘူး။ ဘာကြောာင့်လဲ ဆိုတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာက ဒီဝါရင့်တိုက်စစ်မှူးကို စည်းရုံးဖို့ အတွက် တစ်ရာသီကို ယူရို သန်း ၉၀ ဆိုတဲ့ မူးဝေသွားလောက်မယ့် လုပ်ခလစာ ပမာဏနဲ့ ကမ်းလှမ်းထားလို့ ဖြစ်ပါတယ်။

အင်တာမီလန် နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီကို ခေါ်ယူဖို့ ဘာစီလိုနာရဲ့ ကြိုးပမ်းမှုဟာ အင်တာမီလန် ဘက်က တောင်းဆိုတဲ့ဈေးနဲ့ စပိန် ချန်ပီယံ ဘာစီလိုနာ ဘက်က ပေးချင်တဲ့ ဈေးကြားမှာ “ အလှမ်းကွာဟချက် ကြီးမားလွန်းနေတာကြောင့်” လတ်တလော မှာတော့ အကျပ်အတည်း ဖြစ်နေပြီး ရပ်တန့်နေပါတယ်။
တခြား တစ်ဖက်မှာတော့ လာလီဂါ ကလပ် ဘာစီလိုနာ အနေနဲ့ အင်တာမီလန် နောက်ခံလူ ဒန်ဇဲလ် ဒမ်းဖရီးစ်ကို ခေါ်ယူချင်ရင်တော့ အင်တာနဲ့ ဘာဆွေးနွေးညှိနှိုင်းမှုမှ လုပ်နေစရာ မလိုပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒမ်းဖရီးစ်ရဲ့ အင်တာမီလန် စာချုပ်ထဲမှာ ယူရို ၂၅ သန်းနဲ့ စာချုပ်ဖျက်သိမ်းခွင့် ရှိနေလို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ အနေနဲ့ ဒီစာချုပ်ဖျက်သိမ်းခွင့်ကို တကယ်ပဲ အသက်သွင်းပြီး ငွေကြေးစိုက်ထုတ် ခေါ်ယူမလား ဆိုတာ ကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ယနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ဘာစီလိုနာနဲ့ ဘက်တစ်တို့ ပွဲစဉ်မှာ ဘာစီလိုနာက ၃-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ကက်ဂလီယာရီက တိုရီနိုကို ၂-၁ နဲ့ အနိုင်ရခဲ့သလို လက်ချီ ကလည်း ဆာဆူအိုလို ကို ၂-၃ နဲ့ အနိုင်ရခဲ့ပြီး အူဒီးနီးစ် ကတော့ ခရီမိုနိစ်ကို ၀-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ပီအက်စ်ဂျီ ကတော့ ပဲရစ် အက်ဖ်စီကို ၂-၁ ရှုံးနိမ့်ခဲ့ပြီး မိုနာကိုလည်း စထရာဘိုးကို ၅-၄ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဘင်ဖီကာ နည်းပြ ဟိုဆေး မော်ရင်ညို ကတော့ ရီးရဲလ်မက်ဒရစ် ဆီကနေ ကမ်းလှမ်းမှု ရထားပေမယ့် လာလီဂါ ကလပ်ထံ ကနဦး တောင်းဆိုချက်တွေ အရင်ဆုံး ပေးပို့ထားကြောင်း သိရပါတယ်။ ရီးရဲလ် ဘက်က မော်ရင်ညိုကို ခေါ်ယူဖို့ ဆက်တိုက် ဆွေးနွေးမှုတွေ ပြုလုပ်နေသလို မော်ရင်ညို ဘက်ကလည်း မီးစိမ်းပြဖို့ အလားအလာ ရှိနေပေမယ့် သေချာတဲ့ အာမခံချက် တချို့ ကိုတော့ မော်ရင်ညို ဘက်က တောင်းဆိုထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


