အန်ဒိုနီ အိုင်ရာအိုလာ အနေနဲ့ ဘုန်းမောက်ရဲ့ နည်းပြ အဖြစ် နောက်ဆုံး နှစ်ပွဲသာ ကိုင်တွယ်ဖို့ ကျန်ရှိတော့ချိန်မှာပဲ သူဟာ ထိပ်တန်း အဆင့် ကလပ်တွေကို ဦးဆောင်နိုင်မယ့် နည်းပြ တစ်ဦး ဖြစ်တယ်လို့ တိုင်လာ အဒမ်စ်က အမွှမ်းတင် ပြောကြားလိုက်ပါတယ်။ အိုင်ရာအိုလာ ကတော့ အခုနှစ် ပရီးမီးယားလိဂ် ရာသီ အကုန်မှာ ဘုန်းမောက် ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အတည်ပြုထားသူ ဖြစ်ပါတယ်။
အိုင်ရာအိုလာဟာ ဗိုက်တယ်လစ်တီမှာ ၃ နှစ်တာ ဖြတ်သန်းခဲ့တဲ့ သက်တမ်း တစ်လျှောက် ဘုန်းမောက်ကို အဆင့် တစ်ခုဆီ ပို့ဆောင်ပေးခဲ့ပြီးနောက် အနာဂတ်မှာ ကမ္ဘာ့အဆင့် Elite နည်းပြ တစ်ဦး ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ခံနေရပါတယ်။ တိုင်လာ အဒမ်စ် ကတော့ ၂၀၂၃ ခုနှစ်က အိုင်ရာအိုလာရဲ့ ပထမဆုံး ခေါ်ယူမှုတွေ ထဲက တစ်ဦး ဖြစ်ခဲ့ပြီး အသင်းရဲ့ အဓိက နေရာ ကနေ ပါဝင် ကစားပေးခဲ့တဲ့ အမေရိကန် လက်ရွေးစင် ကွင်းလယ်လူလည်း ဖြစ်ပါတယ်။
အခုတစ်ပတ်ဟာ ဘုန်းမောက်ရဲ့ နည်းပြ ခုံတန်းမှာ အိုင်ရာအိုလာ အတွက် နောက်ဆုံး ရက်သတ္တပတ် ဖြစ်လာမှာ ဖြစ်ပြီး မန်ချက်စတာစီးတီးနဲ့ အိမ်ကွင်းပွဲစဉ်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ အဝေးကွင်း ပွဲစဉ်တွေ ကတော့ သူရဲ့ ဘုန်းမောက် နည်းပြ ဘဝ နောက်ဆုံး ပွဲစဉ်တွေ ဖြစ်လာမှာပါ။
အောင်မြင်မှု လမ်းကြောင်းနဲ့ စံချိန်သစ်များ
ဂယ်ရီ အိုနေးလ်ရဲ့ နေရာကို ဆက်ခံခဲ့ပြီးနောက် အိုင်ရာအိုလာဟာ ဘုန်းမောက်ကို ၂၀၂၃-၂၄ ဘောလုံးရာသီမှာ အဆင့် (၁၂)၊ ၂၀၂၄-၂၅ ဘောလုံး ရာသီမှာ အဆင့် (၉) စတဲ့ ရလဒ်တွေ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒီရာသီ မှာတော့ အသင်းရဲ့ နောက်ဆုံး ပွဲစဉ် နှစ်ပွဲ မတိုင်ခင် အဆင့် (၆) နေရာမှာ ရပ်တည်နေတာကြောင့် အရင်နှစ်တွေကထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ရရှိဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အိုင်ရာအိုလာ အသင်း ကနေ ထွက်ခွာပြီး ဒေါ့မန်နဲ့ လိုက်ပ်ဇစ် နည်းပြဟောင်း မာကိုရို့စ် ရာထူးကို မဆက်ခံခင်မှာပဲ ဘုန်းမောက်က ရလဒ်တွေ ကောင်းနေပါတယ်။ ချယ်ရီတွေ အနေနဲ့ ၃ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် ရမှတ် အများဆုံး စံချိန်သစ်တင်နိုင်ဖို့ အတွက် နောက်ထပ် ၂ မှတ် သာ လိုအပ်ပါတော့တယ်။
နည်းပြ အပေါ် တိုင်လာ အဒမ်စ်ရဲ့ ချီးကျူးစကား
တိုင်လာ အဒမ်စ် ကတော့ တောင်ဘက် ကမ်းခြေ ကလပ် (ဘုန်းမောက်) မှာ အိုင်ရာအိုလာ စွမ်းဆောင်ခဲ့တဲ့ အလုပ်တွေရဲ့ အရည်အသွေးကို ဘယ်လိုမှ လျှော့တွက်လို့ မရဘူးလို့ ယုံကြည်နေပြီး ESPN ကို အခုလို ပြောကြားခဲ့ပါတယ်။

“ကျွန်တော် သူ့ကို အများကြီး လွမ်းနေမှာပါ။ သူက တကယ်ကို လူကောင်း တစ်ယောက်၊ အဆင့်အတန်း ရှိတဲ့ လူတစ်ယောက်ပါ။ ဘောလုံး အကြောင်းတွေ အပြင် ကျွန်တော်တို့ အချင်းချင်း စကားပြောဖြစ်တာတွေ၊ ကစားသမား တစ်ယောက် အနေနဲ့ကော လူတစ်ယောက် အနေနဲ့ပါ သူ ကျွန်တော့်ကို ဘယ်လိုကူညီပေးခဲ့လဲ ဆိုတာတွေက ကျွန်တော် အသင်း ပြောင်းဖို့ သူနဲ့ စကားစပြောကတည်းက သူ့ရဲ့ ဘောလုံး အိုင်ဒီယာတွေက ကျွန်တော် ကစားချင်တဲ့ ပုံစံနဲ့ အံဝင်ခွင်ကျဖြစ်မယ် ဆိုတာ သိခဲ့ပါတယ်။ ဒါပေမယ့် ဒီလောက်အထိ အဆင်ပြေသွားလိမ့်မယ် လို့တော့ မထင်ခဲ့မိဘူး။ ပြီးတော့ အသင်းရဲ့ ကစားကွက်ထဲမှာ ကျွန်တော်က ဒီလောက် အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခွင့်ရလိမ့်မယ်လို့လည်း မမျှော်လင့်ခဲ့မိပါဘူး။
“ဒါကြောင့် ဟုတ်ပါတယ်၊ သူက တကယ့်ကို အံ့ဩစရာကောင်းတဲ့ မန်နေဂျာ တစ်ဦးပါ။ သူ နောက်ထပ် ခြေလှမ်းသစ် လှမ်းချင်တဲ့အချိန်၊ သွားချင်တဲ့ အချိန်တိုင်းမှာ အသင်းကြီးတွေကို ကိုင်တွယ်ခွင့် ရမှာပါ။ ဒါက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းမှာ ဖြစ်ပေမယ့် သူကတော့ တကယ့်ကို အံ့အားသင့်စရာ ကောင်းပါတယ်။ သူဟာ ကလပ် အသင်းရဲ့ ဦးတည်ချက်ကို ပြောင်းလဲပေးခဲ့ပြီး အဆင့်သစ် တစ်ခုဆီ ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။”
ကိန်းဂဏန်း အချက်အလက်တွေနဲ့ အနာဂတ် အလားအလာ
အိုင်ရာအိုလာဟာ ဘုန်းမောက်ကို ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ၁၁၂ ပွဲမှာ ၄၁ ပွဲ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ သူ နည်းပြ အဖြစ် စတင် တာဝန်ယူချိန်က စလို့ အင်္ဂလန် ထိပ်တန်းလိဂ်မှာ သူ့ထက် နိုင်ပွဲ ပိုများတဲ့ နည်းပြ ၆ ဦး သာ ရှိခဲ့ပါတယ်။ ဒီနည်းပြ ၆ ဦး ကတော့ ပပ် ဂွါဒီယိုလာ (၇၂ ပွဲ)၊ မီခဲလ် အာတေးတား (၇၂ ပွဲ)၊ အူနိုင်း အမ်မရီ (၅၇ ပွဲ)၊ အက်ဒီ ဟောင်းဝ် (၅၂ ပွဲ)၊ အာနေး ဆလော့တ် (၄၂ ပွဲ)၊ မာကို ဆေးလ်ဗား (၄၂ ပွဲ) တို့ပဲ ဖြစ်ကြပါတယ်။
အိုင်ရာအိုလာ အနေနဲ့ ဘုန်းမောက် ကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီးကတည်းက ကလပ် အသင်းကြီး တချို့နဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးက ဇာဘီ အလွန်ဆိုကို ခန့်အပ်လိုက်တာ၊ မန်ချက်စတာယူနိုက်တက်က မိုက်ကယ် ကာရစ်ခ်ကို အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ဖို့ ရှိနေတာနဲ့ ရီးရဲလ်မက်ဒရစ်က ဟိုဆေး မော်ရင်ညိုကို ပြန်လည် ခန့်အပ်ဖို့ နီးစပ်နေခြင်းတို့ကြောင့် ထိပ်တန်း နည်းပြ ရာထူး နေရာ အများစု ကတော့ ပြည့်လုနီးပါး ဖြစ်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကက်စ်ပါ ဟူးလ်မန်း ထွက်ခွာဖို့ ရှိနေတဲ့ ဂျာမန် ကလပ် လေဗာကူဆင်ဟာ အိုင်ရာအိုလာ ပြောင်းရွှေ့နိုင်မယ့် နောက်ထပ် ရေပန်းစားရာ နေရာ တစ်ခု အဖြစ် ထွက်ပေါ်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


