ဘုန်းမောက် နည်းပြ အန်ဒိုနီ အိုင်ရာအိုလာဟာ အသင်းရဲ့ ဥရောပဝင်ခွင့် ရရှိရေး ကြိုးပမ်းမှုကို ဆက်လက် ဦးဆောင်နေချိန်မှာ သူ့ရဲ့ အနာဂတ် ကလပ် အသစ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပါတယ်။ ဘုန်းမောက်ဟာ အခုတပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်ကို ၁-ဝ ရလဒ်နဲ့ အနိုင်ရရှိပြီးနောက် ဘုန်းမောက်ရဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက်ကို ဆက်လက် ရှင်သန်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အချိန်မှာ နည်းပြ အန်ဒိုနီ အိုင်ရာလာက သူ့ရဲ့ အနာဂတ် အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ပယ်ချလိုက်တာ ဖြစ်ပါတယ်။
ခရေဗင်ကော့တေ့ဂျ်မှာ ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်ရဲ့ ဒုတိယပိုင်း အစောပိုင်းမှာ လူငယ် ကစားသမား ရေယန်ရဲ့ ကန်ချက် လမ်းကြောင်းပြောင်းပြီး ဂိုးထဲဝင်သွားခဲ့ရာက တစ်ဆင့် ဘုန်းမောက် အသင်း ၃ မှတ် အပြည့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းမောက် အသင်းဟာ ပရီးမီးယားလိဂ် ရာသီသိမ်းဖို့ ၂ ပွဲ အလိုမှာ အဆင့် ၆ နေရာကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
အကယ်၍ အဆင့် ၅ နေရာမှာ ရှိနေတဲ့ အက်စတွန်ဗီလာက အခုလနှောင်းပိုင်းမှာ ကစားမယ့် ဖရိုင်းဘတ်နဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့မယ် ဆိုရင် အဆင့် ၆ နေရာဟာ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အတွက် လုံလောက်တဲ့ အနေအထား ဖြစ်လာနိုင်ပါတယ်။

ဒီရာသီကုန် ဗိုက်တယ်လတီ ကနေ ထွက်ခွာတော့မယ့် စပိန် လူမျိုး နည်းပြ အိုင်ရာအိုလာ အတွက်တော့ ရာသီပိတ် ပွဲစဉ်တွေကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့က အဓိက ဦးစားပေး ဖြစ်နေပါတယ်။ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အိုင်ရာအိုလာက အခုလို ပြောကြားခဲ့ပါတယ်။
“ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ကျွန်တော့် ဘက်က အလောတကြီး မရှိပါဘူး။ လက်ရှိ မှာတော့ ကျန်ရှိနေတဲ့ နောက်ဆုံး ၂ ပွဲ အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ဒီလို ချစ်စရာကောင်းတဲ့ ကလပ် အသင်းမှာ ဖြတ်သန်းခဲ့ရတဲ့ လှပလွန်းတဲ့ ၃ နှစ်တာ ကာလကို ကောင်းမွန်တဲ့ ပုံစံမျိုးနဲ့ အဆုံးသတ်နိုင်ဖို့က ကျွန်တော့် အတွက် ပုဂ္ဂိုလ်ရေးအရ အလွန် အရေးကြီးပါတယ်။ အနာဂတ် အတွက် ဆုံးဖြတ်ဖို့ ကတော့ နောက်မှ အချိန်အလုံအလောက် ရပါလိမ့်မယ်။” လို့ အိုင်ရာအိုလာက ဆိုပါတယ်။
ရိုင်ယန် သွင်းယူခဲ့တဲ့ အနိုင်ဂိုးဟာ ဒီရာသီ ဘုန်းမောက် အတွက် လူငယ်ကစားသမားတွေ သွင်းယူပေးခဲ့တဲ့ ၁၇ ဂိုးမြောက် သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီ အတွင်း လူငယ်ကစားသမားတွေ ဆီကနေ ဒီထက်ပိုပြီး ဂိုးရရှိခဲ့တဲ့ အသင်း ဆိုလို့ ၁၉၉၄-၉၅ ရာသီ (၂၃ ဂိုး)၊ ၁၉၉၇-၉၈ ရာသီ (၁၈ ဂိုး) နဲ့ ၁၉၉၈-၉၉ ရာသီ (၁၈ ဂိုး) က လစ်ဗာပူးလ်သာ ရှိခဲ့ဖူးပါတယ်။
နည်းပြ အိုင်ရာအိုလာက “ကစားသမားသစ်တွေဟာ အသင်းရဲ့ ကစားဟန်နဲ့ အမြန်ဆုံး လိုက်လျောညီထွေ ဖြစ်အောင် ကစားနိုင်ခဲ့ကြပါတယ်။ ကျွန်တော် တို့နဲ့ အတူ ၃ ရာသီတိုင်တိုင် ဖြတ်သန်းခဲ့တဲ့ ကစားသမားတွေ ကလည်း ပွဲတိုင်းမှာ ကျွန်တော်တို့ ဘာလိုအပ်လဲ ဆိုတာကို ကောင်းကောင်း သိကြပါတယ်။”
“ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦး ကောင်းကောင်း နားလည်ကြပါတယ်။ ဒီမှာ ၃ ရာသီကြာ ရှိနေခဲ့တဲ့ အဓိက ကစားသမား ၁၀ ယောက်၊ ၁၂ ယောက်လောက် ရှိတဲ့ အမာခံအုပ်စုက ကျွန်တော် တို့ကို အများကြီး ကူညီပေးနိုင်ခဲ့သလို၊ ကစားသမားသစ်တွေ ကလည်း အားဖြည့်ပေးနိုင်ခဲ့ကြပါတယ်” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဖူလ်ဟမ် ကတော့ ဒီ ပရီးမီးယာလိဂ် ရှုံးပွဲကြောင့် ဥရောပ ဝင်ခွင့် မျှော်လင့်ချက်တွေလည်း လုံးဝနီးပါး ချုပ်ငြိမ်းသွားခဲ့ရပါတယ်။ မာကို ဆေးလ်ဗားက “ပထမဆုံး ကျွန်တော် ပြောချင်တာကတော့ ဒီအနီကတ်ဟာ လုံးဝ မထိုက်တန်ပါဘူး။ ကွင်းထဲမှာ ကစားသမား ၁၁ ယောက်ချင်း တူတူ ကစားနေတုန်းက ကျွန်တော်တို့ အသင်းက သိသိသာသာ ပိုကောင်းခဲ့တာပါ။ အနီကတ်ပြရလောက်တဲ့ အနေအထားမျိုး ဖြစ်ကြောင်း ပြသနေတဲ့ ဘယ်ရုပ်သံပြကွက် ကိုမှ ကျွန်တော် မတွေ့မိပါဘူး။ အန်ဒါဆင်ရဲ့ အနီကတ်က ပွဲရဲ့ ကစားဟန် အလှည့်အပြောင်းကို လုံးဝ ဥဿုံ ပြောင်းလဲပစ်လိုက်တာပါ။”
“အခုအချိန်မှာ ဥရောပ ဝင်ခွင့် ရဖို့က ကျွန်တော်တို့ ကိုယ်တိုင်ထိန်းချုပ်လို့ ရတဲ့ အနေအထားမှာ မရှိတော့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ အဆင့် ရပ်တည်မှု ကိုပဲ အာရုံစိုက်ပြီး ကျန်ရှိနေတဲ့ နောက်ဆုံး ၂ ပွဲကိုပဲ သေချာ အာရုံစိုက်သွားရပါတော့မယ်။” လို့ မာကို ဆေးလ်ဗားက ပြစ်တင် ပြောဆိုခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


