“ နာကျင်ရတဲ့ နှစ်တွေ မရှိတော့ဘူး၊ အိမ်မက်မက်နေဖို့လည်း မလိုတော့ဘူး” ဆိုပြီး ဗြိတိန် လူရွှင်တော်တွေ ဖြစ်တဲ့ ဒေးဗစ် ဘတ်ဒီယဲလ် နဲ့ ဖရန့်ခ် စကင်နာ တို့ဟာ ၁၉၉၆ ဥရောပချန်ပီယံရှစ် ယူရို ၉၆ ပြိုင်ပွဲ မတိုင်ခင် သူတို့ရဲ့ နာမည်ကြီး “ Three Lions” သီချင်းထဲမှာ အင်္ဂလန် အသင်း အတွက် နိမိတ်ဖတ် သီဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီအချိန် ကနေ နှစ်ပေါင်း ၃၀ ကြာလာခဲ့တဲ့ ယနေ့အချိန်အထိ အင်္ဂလန် အသင်းဟာ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလား အပါအဝင် ဆုဖလား အောင်မြင်မှုတွေ ရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မကြာသေးခင်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီးတွေမှာ ချန်ပီယံဆုနဲ့ လက်တစ်ကမ်း အကွာအထိ ရောက်ရှိခဲ့တဲ့ အတွေ့အကြုံတွေ၊ ကမ္ဘာ့အဆင့်မီ နည်းပြ သောမတ်စ် တူချယ်ကို ကိုင်တွယ်လာမှုတွေနဲ့ အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ လူစာရင်းကြောင့် လာမယ့် ၂၀၂၆ ခုနှစ်ဟာ အင်္ဂလန် အသင်းရဲ့ နှစ်ဖြစ်လာနိုင်တယ်လို့ အားလုံးက အခိုင်အမာ ယုံကြည်နေကြပါတယ်။
ကမ္ဘာ့ဖလားဆီ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး
- ခြေစစ်ပွဲ မှတ်တမ်း – ၈ ပွဲနိုင်၊ ၀ ပွဲရှုံး၊ ၀ ပွဲသရေ
- သွင်းဂိုး – ၂၂ ဂိုး၊ ပေးဂိုး – ၀ ဂိုး
- ဂိုးသွင်းအများဆုံး ကစားသမား – ဟယ်ရီ ကိန်း (၈ ဂိုး)
- ဂိုးဖန်တီးမှု အများဆုံး ကစားသမား – ဒီကလန် ရိုက်စ် (၄ ကြိမ်)
နည်းပြ သောမက်စ် တူချယ်ရဲ့ အင်္ဂလန် အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်တွေကို တကယ့်ကို ပြီးပြည့်စုံတဲ့ မှတ်တမ်းနဲ့ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ၈ ပွဲ ကစား၊ ၈ ပွဲ စလုံးနိုင်၊ သွင်းဂိုး ၂၂ ဂိုး အထိ ရှိခဲ့ပြီး ပေးဂိုးကတော့ ‘သုည’ ဖြစ်ပါတယ်။ ခြင်္သေ့ ၃ ကောင်ဟာ အဲလ်ဘေးနီးယား၊ ဆားဘီးယား၊ လတ်ဗီးယားနဲ့ အင်ဒိုရာ အသင်းတွေကို နှစ်ကျော့စီ အပြတ်အသတ် အနိုင်ယူပြီး အုပ်စုကို သက်တောင့် သက်သာ ဖြတ်ကျော်ခဲ့တာ ဖြစ်ပါတယ်။
ရလဒ်တွေထက် ပိုပြီးအထင်ကြီးစရာ ကောင်းတာ ကတော့ သူတို့ရဲ့ ကွင်းတွင်း ခြေစွမ်းပိုင်း ဖြစ်ပါတယ်။ အင်္ဂလန် အသင်းဟာ ကမ္ဘာ့အဆင့်မီ ကစားသမားတွေနဲ့ ထိုက်တန်တဲ့ လွတ်လပ်ပြီး တိုက်စစ်အသားပေး ကစားဟန်မျိုးကို ပုံဖော်ခဲ့ကြတာ ဖြစ်ပြီး ဒါဟာ နည်းပြဟောင်း ဆာ ဂါရတ်သ် ဆောက်ဂိတ် လက်ထက်တုန်းက အသုံးမချဘဲ ချန်လှပ်ထားခဲ့တဲ့ အားသာချက် တစ်ခုလည်း ဖြစ်ပါတယ်။
နည်းပြ သောမတ်စ် တူချယ်

မကြာသေးမီနှစ်တွေ အတွင်း ကလပ်အသင်း အဆင့်မှာ အောင်မြင်မှုရခဲ့တဲ့ နည်းပြတွေဟာ လက်ရွေးစင် အသင်းတွေကို လာရောက် ကိုင်တွယ်လေ့ ရှိကြပြီး သောမတ်စ် တူချယ်ဟာ သူ့ရဲ့ ပြောင်မြောက်တဲ့ သာဓက တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ ကလပ် အသင်း အဆင့် စွမ်းဆောင်ရည်တွေ ကတော့ တကယ့်ကို အထင်ကြီးစရာပါ။ ပဲရစ်စ် စိန့်ဂျာမိန်း၊ ဘေယန်မြူးနစ် တို့နဲ့ အတူ လိဂ်ချန်ပီယံဆုတွေ ရရှိခဲ့သလို၊ ဒေါ့မန်၊ ချဲလ်ဆီး တို့နဲ့လည်း ဖလားပြိုင်ပွဲတွေမှာ အောင်မြင်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၀-၂၁ ရာသီမှာ ချဲလ်ဆီးနဲ့ အတူ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ကလပ် အသင်းတိုင်းမှာ နည်းဗျူဟာပိုင်း လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းကို ပြသခဲ့ပါတယ်။ ဒီဂျာမန် လူမျိုး နည်းပြကြီး အတွက် လိုအပ်နေသေးတဲ့ တစ်ခုတည်းသော အချက် ကတော့ နိုင်ငံတကာ ပြိုင်ပွဲကြီးတွေကို ကိုင်တွယ်ရမယ့် အတွေ့အကြုံပဲ ဖြစ်ပါတယ်။
အင်္ဂလန် အသင်းရဲ့ ကစားကွက်နဲ့ စတိုင်
အကြိုက်ဆုံး ကစားကွက် – ၄-၂-၃-၁
ကစားဟန် – ပွဲကို ပြင်းပြင်းထန်ထန် ဖိအားပေးပြီး ဘောလုံး ပိုင်ဆိုင်မှု အသားပေးကစားခြင်း
အဓိက အားသာချက် – ဘောလုံးပိုင်ဆိုင်မှု ထိန်းသိမ်းနိုင်ခြင်း၊ ကစားကွက်ကို လိုအပ်သလို ပြောင်းလဲနိုင်ခြင်းနဲ့ တိုက်ရိုက် ဘောလုံးပေးပို့မှုများ
အဓိက အားနည်းချက် – တန်ပြန် တိုက်စစ် တားဆီး ခံရလွယ်ခြင်းနဲ့ ဟယ်ရီကိန်း နေရာမှာ အစားထိုးမယ့် အရည်အသွေးမြင့် တိုက်စစ်မှူး မရှိခြင်း
အင်္ဂလန် အသင်းဟာ ပွဲထွက်လူစာရင်းအရ ၄-၂-၃-၁ ပုံစံနဲ့ ခင်းကျင်းလေ့ ရှိပေမယ့် ဘောလုံးပိုင်ဆိုင်မှု ရရှိတဲ့ အချိန်တွေ မှာတော့ နည်းပြ တူဟယ်လ်ရဲ့ အသင်းဟာ ပြင်းထန်တဲ့ တိုက်စစ် ပုံစံ ၂-၃-၅ အဖြစ် ထိရောက်စွာ ပြောင်းလဲသွားတတ်ပါတယ်။ နောက်ခံလူ နှစ်ဦးက ခံစစ်အနောက်ပိုင်းမှာပဲ နေရစ်ခဲ့ပြီး၊ ခံစစ် အစွန်လူ နှစ်ဦးစလုံးက ကွင်းလယ် ခံစစ်ကစားသမားရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီ ကွင်းလယ်အထိ တက်ရပါတယ်။ အဲဒီအခါ ကျန်တဲ့ ကွင်းလယ်လူ တစ်ဦးက ရှေ့ကို လွတ်လပ်စွာ တက်ခွင့်ရသွားပြီး ပြိုင်ဘက်ခံစစ်ရဲ့ နောက်ကွက်ထဲကို ပြေးဝင်မယ့် တောင်ပံ တိုက်စစ်မှူးတွေဆီ ဘောလုံးဖြန့်ဝေပေးဖို့ နေရာလွတ်တွေ ဖန်တီးပေးပါတယ်။
ဒီလို ခင်းကျင်းပုံဟာ အင်္ဂလန် အသင်း အတွက် တိုက်စစ်ရွေးချယ်စရာ အများအပြား ရရှိစေပေမယ့် ပြိုင်ဘက်ရဲ့ လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေ၊ အထူးသဖြင့် ကိုယ့်တောင်ပံလူတွေ ရှေ့တက်ပြီး Full-backs တွေ ကွင်းလယ်ထဲ စုနေချိန်မျိုးမှာ ဘေးတောင်ပံတွေကနေ တစ်ဆင့် ဒုက္ခပေးတာကို ခံရလွယ်စေပါတယ်။
ဆောက်ဂိတ်ရဲ့ သတိကြီးကြီးထားတဲ့ ကစားဟန်နဲ့ နှိုင်းယှဉ်ရင် တူချယ်ရဲ့ အသင်းဟာ စွန့်စားမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခွင့်အရေး ကြီးကြီးမားမား ဖန်တီးနိုင်ဖို့အတွက် အလှမ်းဝေးတဲ့ ဘောလုံး ပေးပို့မှုတွေ ဒါမှမဟုတ် စွန့်စားရတဲ့ ပေးပို့မှုတွေကို ပြုလုပ်လေ့ ရှိပြီး နံပါတ် ၁၀ နေရာက ကစားသမားတွေနဲ့ တောင်ပံတွေကို သူတို့ရဲ့ တီထွင် ဖန်တီးနိုင်စွမ်း အတိုင်း လွတ်လပ်စွာ ကစားခွင့် ပေးထားပါတယ်။ ဒါ့အပြင် အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ကလည်း လိုအပ်ရင် ကွင်းလယ် အထိ ဆင်းပြီး ဘောလုံး လက်ခံကာ နောက်ကနေ ပြေးတက်လာမယ့် တောင်ပံတွေဆီ ဘောလုံးချပေးတာမျိုးတွေ ကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အကျဉ်းချုပ်ရရင်တော့ ဒါဟာ ပွဲကို စိုးမိုးပြီး ပြိုင်ဘက်အပေါ် မိမိတို့ရဲ့ တိုက်စစ်စွမ်းအားကို သက်ရောက်စေဖို့ အတွက် ပုံဖော်ထားတဲ့ ‘စွန့်စားမှုများပြီး အကျိုးအမြတ်များမယ့် (High-risk, High-reward)’ ကစားဟန် စတိုင်ပဲ ဖြစ်ပါတယ်။
စောင့်ကြည့်ရမယ့် ကစားသမားများ
အဓိက အဆုံးအဖြတ်ပေးနိုင်သူ – ဟယ်ရီကိန်း
အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှူး၊ အသင်းခေါင်းဆောင်နဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းရှင် ဖြစ်တဲ့ ဟယ်ရီ ကိန်းဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကို သတ်မှတ်ပေးမယ့် အဓိက သော့ချက်ဖြစ်ပါတယ်။ သူ ပုံစံကောင်းရနေပြီး ကွင်းလယ် အထိ ဆင်းပြီး အခွင့်အရေး ဖန်တီးတာနဲ့ ဂိုးရှေ့မှာ ပိတ်သွင်းတာတွေကို မျှတအောင် လုပ်ဆောင်နိုင်တဲ့အခါ အင်္ဂလန် အသင်းဟာ ဘယ်ပြိုင်ဘက်မဆို ကြောက်ရွံ့ရမယ့် အသင်းတစ်သင်း ဖြစ်လာပါတယ်။
စောင့်ကြည့်ရမယ့် လူငယ် ကြယ်ပွင့် – အဲလီယော့တ် အန်ဒါဆန်
ဒီရာသီအစတုန်းက အင်္ဂလန် စီနီယာ အသင်းမှာ ပွဲထွက်ခွင့်တောင် မရသေးပေမယ့်၊ ရာသီအကုန် မှာတော့ အင်္ဂလန် အသင်းရဲ့ ပထမ ဦးစားပေး ကွင်းလယ်လူ အဖြစ် အဆုံးသတ်နိုင်ခဲ့တာကတော့ အဲလီယော့တ် အန်ဒါဆန်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မျက်ဝင်စရာ ကောင်းလှတဲ့ အရည်အသွေးတွေကြောင့် နည်းပြ တူချယ်ရဲ့ သဘောကျမှုကို ရရှိထားပြီး ဖြစ်သလို နော့တင်ဟမ် ဖောရက်စ်ရဲ့ ကြယ်ပွင့်ကို ပရီးမီးယားလိဂ် အသင်းကြီးတွေကပါ မျက်စိကျနေကြပြီ ဖြစ်ပါတယ်။
အင်္ဂလန်ရဲ့ ခန့်မှန်းလူစာရင်း
အင်္ဂလန်အသင်းမှာ အရည်အသွေးမြင့် ကစားသမားတွေ အရန်အင်အားအပြည့် ရှိနေတာကြောင့် နည်းပြ တူချယ် အနေနဲ့ ဘယ်သူ့ကို ထုတ်သုံးမလဲဆိုတာ ခန့်မှန်းရခက်ပြီး လူစာရင်းကို လှည့်ပတ် အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် တချို့ အချက်တွေ ကတော့ သေချာသလောက် ရှိနေပါတယ်။
သူ အကြိုက်ဆုံး ၄-၂-၃-၁ ကစားကွက်မှာ ဂိုးသမား အဖြစ် ဂျော်ဒန် ပစ်ခ်ဖို့ဒ်က ပွဲထွက်မှာ သေချာသလောက်ရှိပြီး၊ ယူရို ၂၀၂၄ တုန်းက အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ မာ့ခ် ဂူဟီ က ခံစစ်ဗဟိုကို ဦးဆောင်မှာ ဖြစ်ပါတယ်။ ဒီကလန် ရိုက်စ်နဲ့ အန်ဒါဆန် တို့က ကွင်းလယ် အထိုင် (Pivot) အဖြစ် တွဲဖက်ကစားနိုင်ပြီး ရှေ့တန်းမှာတော့ ဟယ်ရီ ကိန်းက ဦးဆောင်မှာ ဖြစ်ပါတယ်။
ဘေးတောင်ပံတွေ မှာတော့ ရီးစ် ဂျိမ်းစ်သာ ဒဏ်ရာ ကင်းစင်နေရင် ညာနောက်ခံလူ အဖြစ် ပွဲထွက်လာမှာ ဖြစ်ပြီး၊ မန်စီးတီးရဲ့ လူငယ် ကြယ်ပွင့် နီကို အိုရွိုင်လီက ဘယ်နောက်ခံလူ အဖြစ် လည်းကောင်း၊ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဘူကာယို ဆာကာ တို့က တောင်ပံ တိုက်စစ် နေရာတွေမှာ ပွဲထွက်လာနိုင်ပါတယ်။ နံပါတ် ၁၀ နေရာ ကတော့ အင်္ဂလန် အသင်း အတွက် အကြီးမားဆုံး ခေါင်းခဲစရာ ဖြစ်ပြီး အက်ဇေး၊ ကိုးလ် ပါးလ်မား၊ မော်ဂန် ရော်ဂျာစ် နဲ့ ဂျူ့ဒ် ဘယ်လင်ဟမ် တို့လို အရည်အချင်းရှိသူတွေ အများကြီး ရှိနေပေမယ့် ဘယ်လင်ဟမ် ကတော့ ပွဲထွက်ခွင့် ရဖို့ အရှိဆုံး ဖြစ်ပါတယ်။
လက်ရှိခြေစွမ်း
ပြီးခဲ့တဲ့ မတ်လ နိုင်ငံတကာ ရက်သတ္တပတ်အတွင်းက ကစားခဲ့တဲ့ ခြေစမ်းပွဲတွေ အကြောင်း ကတော့ ပြောမနေတာ အကောင်းဆုံးပါပဲ။ ဝင်ဘလေကွင်းကြီးထဲမှာ ဥရုဂွေးနဲ့ ၁-၁ ဂိုးစီ သရေကျခဲ့တာ၊ ဂျပန်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာတွေဟာ အသင်းကို စမ်းသပ်မှုတွေ အများကြီး ပြုလုပ်ခဲ့ပေမယ့် ကောင်းမွန်တဲ့ ရလဒ်တွေတော့ ထွက်မလာခဲ့ပါဘူး။
အသင်းခေါင်းဆောင် ဟယ်ရီကိန်း ဟာ ဂျပန်နဲ့ ပွဲမှာ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပြီး သူ မရှိတဲ့အချိန်မှာ အင်္ဂလန် အသင်းဟာ လမ်းပျောက်နေခဲ့ပါတယ်။ နည်းပြ တူချယ် အနေနဲ့ အရန် ကစားသမား တချို့ကို ပွဲထုတ်ပြီး စမ်းသပ်ခဲ့ပေမယ့် အဲဒီကစားသမားတွေဟာ အမေရိကန်သွားမယ့် လေယာဉ်ပေါ်က နေရာ တစ်နေရာကို ကြိုတင် စာရင်းသွင်းနိုင်မယ့် အစား တူချယ် အနေနဲ့ သူတို့ကို အိမ်မှာပဲ ထားခဲ့တာ ပိုကောင်းမယ် ဆိုတဲ့ အတွေးမျိုးကိုတောင် ဖြစ်စေခဲ့ပါတယ်။
အသင်း အပေါ် ခန့်မှန်းချက်များ
အင်္ဂလန် လက်ရွေးစင် အသင်းလောက် ပရိသတ်တွေရဲ့ မျှော်လင့်ချက်ဖိအားကို ပြင်းပြင်းထန်ထန် ခံရတဲ့ နိုင်ငံမျိုး ရှားပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား မှာလည်း ထူးခြားမှာ မဟုတ်ပါဘူး၊ ပြောရရင် ဖိအားတွေက ပိုတောင် ကြီးမားလာဦးမှာ ဖြစ်ပါတယ်။နည်းပြ တူချယ်လို လူမျိုးက အသင်းကို ဦးဆောင်နေပြီး ထိပ်တန်း အရည်အသွေး ရှိတဲ့ ကစားသမားတွေ အများကြီး ရှိနေတာကြောင့် အင်္ဂလန် ပရိသတ်တွေဟာ အနိုင်ရဖို့တင် မျှော်လင့်နေကြတာ မဟုတ်ဘဲ ချန်ပီယံ ဖြစ်ဖို့ ကိုပါ စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ မြောက်အမေရိကမြေပေါ်မှာ ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်နိုင်ခြင်း မရှိခဲ့ရင် ဒါဟာ ကျရှုံးတဲ့ မစ်ရှင် တစ်ခု အဖြစ် သတ်မှတ်ခြင်းခံရမှာ ဖြစ်ပါတယ်။ ဒါဟာ အင်္ဂလန် အသင်း အပေါ် ထားရှိတဲ့ ကြီးမားလွန်းလှတဲ့ မျှော်လင့်ချက် ဖိအားတွေပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


