နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘောလုံး သမိုင်းရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ၅ ဦး

ငွေအမြောက်အမြား သုံးစွဲတိုင်း အမြဲတမ်း အောင်မြင်မှု ရလိမ့်မယ်လို့ အာမမခံနိုင်ကြောင်း ဘောလုံး လောကက သက်သေပြနေပါတယ်။ ဘောလုံး ဟာ အမြတ်အစွန်း အရမ်း များတဲ့ လုပ်ငန်း တစ်ခု ဖြစ်ပြီး ကလပ်တွေဟာ ထူးချွန်တဲ့ ကစားသမားတွေကို ဆွဲဆောင်ဖို့ အတွက် ငွေကြေး အမြောက်အမြား သုံးစွဲလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း သမိုင်းကြောင်းကို ပြန်ကြည့်ရင် စံချိန်တင် ပြောင်းရွှေ့ကြေး ပေးရတဲ့ ကစားသမားတိုင်း အောင်မြင်မှု မရရှိခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

Transfermarkt.com ရဲ့ အချက်အလက်တွေ အရ ဘောလုံး သမိုင်းမှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ထိပ်ဆုံး ၅ ဦး ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

၅။ ဖိလစ်ပီ ကော်တင်ဟို – လစ်ဗာပူးလ် မှ ဘာစီလိုနာ (ယူရို ၁၃၅ သန်း)

ယာဂန် ကလော့ပ်ရဲ့ လစ်ဗာပူးလ် ခေတ်ကောင်းကို စတင်နိုင်ဖို့ အထောက်အကူ ပြုခဲ့တဲ့ အပြောင်းအရွှေ့ ဖြစ်ပါတယ်။ အဲဒီအချိန်က ကော်တင်ဟိုက လစ်ဗာပူးလ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ပေမယ့်လည်း အသင်းရဲ့ ခံစစ်ပိုင်းကို ပြန်လည် တည်ဆောက်ဖို့ အတွက် လစ်ဗာပူးလ်က သူ့ကို ရောင်းချဖို့ ဆုံးဖြတ်တာပါ။

ဘာစီလိုနာဟာ ကော်တင်ဟို အတွက် ငွေအမြောက်အမြား ပေးချေခဲ့တာကြောင့် လစ်ဗာပူးလ်က ဒီငွေတွေနဲ့ ဂိုးသမား အလီဆွန် ဘက်ကာနဲ့ နောက်ခံလူ ဗန်ဒိုက်ခ် တို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာရဲ့ ၄-၃-၃ ကစားကွက်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရပြီး ခြေစွမ်းပြနိုင်မှု ကလည်း ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်ခြင်းတော့ မရှိခဲ့ပါဘူး။ သူဟာ ဘာစီလိုနာမှာ ၄ ရာသီ အတွင်း ၂ ရာသီမှာ အငှားထွက် ကစားခဲ့ရသလို ၂၀၂၂ ခုနှစ်မှာ အသင်း ကနေ အပြီး ထွက်ခွာခဲ့ပါတယ်။

 

၄။ အလက်ဇန္တား အိဆက်ခ် – နယူးကာဆယ် မှ လစ်ဗာပူးလ် (ယူရို ၁၄၅ သန်း)

လစ်ဗာပူးလ်ရဲ့ စံချိန်တင် နွေရာသီ အပြောင်းအရွှေ့ ကတော့ အိဆက်ခ်ကို နယူးကာဆယ် ကနေ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် ဘက်က တင်းခံနေခဲ့ပေမယ့်လည်း လစ်ဗာပူးလ်က လိုချင်တဲ့ ပမာဏကို ပေးချေခဲ့တာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ခြင်း ဖြစ်ပါတယ်။

အိဆက်ခ်ဟာ နယူးကာဆယ်မှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦး အဖြစ် ထွက်ပေါ်လာခဲ့ပြီး ၂၀၂၃-၂၄ နှင့် ၂၀၂၄-၂၅ ရာသီ နှစ်ခု အတွင်း လိဂ် သွင်းဂိုး ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ သီဟာရီ အွန်နရီနဲ့ ခိုင်းနှိုင်းခံရတဲ့ အိဆက်ခ်က လစ်ဗာပူးလ်မှာ ကစားသမားဘဝ အစပိုင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရသလို ဒီဇင်ဘာလ မှာလည်း ခြေထောက်ကျိုး ဒဏ်ရာ ရရှိခဲ့တာကြောင့် အခက်တွေ့ခဲ့ရပါတယ်။

 

၃။ အူစမန်နီ ဒမ်ဘီလီ – ဒေါ့မွန် မှ ဘာစီလိုနာ (ယူရို ၁၄၈ သန်း)

ဘာစီလိုနာဟာ ၂၀၁၇ ခုနှစ်မှာ ဒမ်ဘီလီကို ခေါ်ယူစဉ်က ဘယ်လွန်ဒေါ ရနိုင်မယ့် အလားအလာ ရှိသူအဖြစ် သတ်မှတ်ခဲ့သည်။ ဒါပေမယ့်လည်း စပိန်မှာ နေထိုင်စဉ် တစ်လျှောက်လုံး ဒမ်ဘီလီက ဒဏ်ရာ ပြဿနာတွေနဲ့ ကြံ့ခိုင်မှုပိုင်း ဆိုင်ရာ အခက်အခဲတွေကို ဆက်တိုက် ရင်ဆိုင်ခဲ့ရပါတယ်။ ဘာစီလိုနာမှာ ၆ နှစ်ကြာ ရုန်းကန်ခဲ့ရပြီးနောက် သူဟာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ နည်းပြ လူးဝစ္စ အန်နရီကေးက ဒမ်ဘီလီကို ဗဟိုတိုက်စစ်မှူး အဖြစ် ပြောင်းလဲ ကစားစေခဲ့ရာမှ သူဟာ ခြေစွမ်းပြနိုင်ခဲ့ပြီး နောက်ဆုံးမှာ ဘယ်လွန်ဒေါဆု ကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

 

၂။ ကီလီယန် အမ်ဘာပေး – မိုနာကိုမှ ပီအက်စ်ဂျီ (ယူရို သန်း ၁၈၀ သန်း)

၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ခဲ့တဲ့ နေမာရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးဟာ ယနေ့ထက်တိုင် ဘောလုံးလောကမှာ ဘယ်သူမှ မချိုးဖျက်နိုင်သေးတဲ့ ကမ္ဘာ့စံချိန် ဖြစ်နေဆဲပါ။
မိုနာကို ကနေ ပီအက်စ်ဂျီကို ယူရို သန်း ၁၈၀ နဲ့ ပြောင်းရွှေ့ခဲ့ဖူးတဲ့ အမ်ဘာပေး

ဒီအပြောင်းအရွှေ့ဟာ ပီအက်စ်ဂျီ အတွက် အောင်မြင်မှု များစွာ ယူဆောင်လာပေးခဲ့တယ်လို့ပဲ ဆိုရမှာပါ။ အမ်ဘာပေးဟာ ပီအက်စ်ဂျီမှာ ၇ နှစ်ကြာ ကစားခဲ့ပြီး ၃၀၈ ပွဲမှာ ၂၅၆ ဂိုးနဲ့ အသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ သူဟာ လီဂူးဝမ်း ပြိုင်ပွဲမှာ ရာသီတိုင်း နီးပါး ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပြီး ပီအက်စ်ဂျီနဲ့ အတူ ဆုဖလား ၁၆ လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ပီအက်စ်ဂျီ ကစားသမား ဘဝမှာ ချန်ပီယံလိဂ် ဆုဖလား ကိုတော့ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

 

၁။ နေမာ – ဘာစီလိုနာမှ ပီအက်စ်ဂျီ (ယူရို ၂၂၂ သန်း)

၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ခဲ့တဲ့ နေမာရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးဟာ ယနေ့ထက်တိုင် ဘောလုံးလောကမှာ ဘယ်သူမှ မချိုးဖျက်နိုင်သေးတဲ့ ကမ္ဘာ့စံချိန် ဖြစ်နေဆဲပါ။ နေမာဟာ ဘာစီလိုနာမှာ ရှိစဉ်က အဓိက ကစားသမား အဖြစ် တောက်ပခဲ့ပြီး ၂၀၁၅ မှာ ချန်ပီယံလိဂ် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပဲရစ်သို့ ပြောင်းရွှေ့ပြီး နောက်ပိုင်းမှာ ဒဏ်ရာ ပြဿနာတွေကြောင့် ခြေစွမ်းပြနိုင်မှုက အတက်အကျ ရှိခဲ့ပါတယ်။ ပြင်သစ် လိဂ်မှာ အလွယ်တကူ ကစားနိုင်ခဲ့သော်လည်း ပီအက်စ်ဂျီကို ဥရောပ ချန်ပီယံ ဖြစ်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်မှု ရှိ၊ မရှိ အပေါ် ငြင်းခုံမှု များစွာ ရှိခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်