ဂျူဗင်တပ်စ် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် တနင်္လာနေ့မှာ ဂျီနိုအာနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ် အပါအဝင် ကျန်ရှိနေတဲ့ ပွဲစဉ် ၈ ပွဲ စလုံးကို ဗိုလ်လုပွဲတွေလို သဘောထား ကစားသွားရမယ်လို့ နည်းပြ လူစီယာနို စပယ်လက်တီက ပြောကြားလိုက်ပါတယ်။ လက်ရှိ စီးရီးအေ အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာမှာ ရောက်ရှိနေတဲ့ ဂျူဗင်တပ်စ်ဟာ အဆင့် ၄ နေရာက ကိုမိုနဲ့ ၃ မှတ် အကွာမှာ ရှိနေပါတယ်။ အောက်တိုဘာလ ကမှ အီဂေါ တူဒေါရဲ့ နေရာမှာ အစားဝင်လာခဲ့တဲ့ စပယ်လက်တီဟာ ဂျူဗင်တပ်စ်ကို ကိုင်တွယ်ခဲ့တဲ့ ပွဲ ၃၀ မှာ ၁၆ ပွဲ အနိုင်ရရှိထားပြီး မကြာသေးခင် ကတော့ ရလဒ်ပိုင်းမှာ အနည်းငယ် ရုန်းကန်နေရပါတယ်။
လက်ရှိ အသင်းရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ စပယ်လက်တီက “ကျန်ရှိနေတဲ့ ပွဲစဉ် ၈ ပွဲစလုံးက ကျွန်တော်တို့ အတွက် ဗိုလ်လုပွဲတွေပါပဲ။ ဒါဟာ ဂျူဗင်တပ်စ် အတွက် ပုံမှန် စံနှုန်း တစ်ခု ဖြစ်သင့်ပါတယ်။ အမှားအယွင်း ဖြစ်လို့ မရသလို ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဆိုရင် ပွဲတိုင်းနီးပါးကို အနိုင်ရဖို့ လိုအပ်ပါလိမ့်မယ်။” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၅-၂၆ ရာသီကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ အခွင့်အရေး ရှိပေမယ့် အခုထိတော့ အသင်း ဘက်က တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒီအပေါ် မှာတော့ စပယ်လက်တီက “ကျွန်တော်တို့ အကြားမှာ ဆက်ဆံရေး ကောင်းမွန်ပါတယ်။ ဒါကို အေးအေးဆေးဆေးပဲ ဆွေးနွေးသွားမှာပါ။” လို့ တုံ့ပြန်ခဲ့ပါတယ်။
လာမယ့် ပွဲစဉ် အတွက် စောင့်ကြည့်ရမယ့် ကစားသမားများ

အသင်းရဲ့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ဟာ ဒဏ်ရာကြောင့် ၂၃ ပွဲခန့် လွဲချော်ခဲ့ပြီးနောက် အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ပြီ ဖြစ်ပေမယ့် လူစားဝင် အဖြစ်သာ ပါဝင်လာနိုင်ခြေ ရှိပါတယ်။ အသက် ၂၀ အရွယ် တူရကီ ကြယ်ပွင့်လေး ကီနန် ယီလ်ဒစ်ဇ်ဟာ ဒီရာသီမှာ ၁၀ ဂိုး အထိ သွင်းယူထားနိုင်ပြီး ဥရောပ ထိပ်သီးလိဂ်တွေမှာ လာမင်း ယာမယ် (၁၄ ဂိုး) ပြီးရင် ဂိုးအများဆုံး သွင်းထားတဲ့ လူငယ် ကစားသမား ဖြစ်ပါတယ်။ သူဟာ အသက် ၂၁ နှစ် မတိုင်ခင် စီးရီးအေမှာ ဂိုး ၂၀ ပြည့်ဖို့ ၁ ဂိုးသာ လိုပါတော့တယ်။
နော်ဝေ နောက်ခံလူ အော့စ်တီဂတ်ဟာ ဒီရာသီမှာ ၅ ဂိုး အထိ သွင်းယူထားပါတယ်။ သူဟာ ဥရောပ ထိပ်သီး ၅ လိဂ်မှာ ဂိုးအများဆုံး သွင်းထားတဲ့ ဗဟိုနောက်ခံလူ တစ်ဦးလည်း ဖြစ်ပါတယ်။
Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဂျူဗင်တပ်စ် အနိုင်ရခြေ ၆၅.၈ ရာခိုင်နှုန်း၊ သရေ ၁၉.၈ ရာခိုင်နှုန်း၊ ဂျီနိုအာ အနိုင်ရနိုင်ခြေ ၁၄.၄ ရာခိုင်နှုန်း ရှိနေပါတယ်။
ပွဲကြိုသုံးသပ်ချက်
ဂျူဗင်တပ်စ်ဟာ ဂျီနိုအာနဲ့ တွေ့ဆုံခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ ၇၀ ကြိမ် အထိ အနိုင်ရရှိထားပြီး ဂိုးပေါင်း ၂၃၁ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါဟာ စီးရီးအေမှာ ဂျူဗင်တပ်စ် အနေနဲ့ တခြား အသင်းတွေထက် ဂျီနိုအာ အပေါ် အသာစီးရနေတဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်ကွင်း ပွဲစဉ် ၅၇ ပွဲမှာ ၄၄ ပွဲ အထိ အနိုင်ရရှိထားပြီး ၂ ပွဲသာ ရှုံးနိမ့်ဖူးပါတယ်။ ဒါပေမယ့် ဒန်နီရယ် ဒီရော့ဆီ ကိုင်တွယ်နေတဲ့ ဂျီနိုအာဟာ နည်းပြသစ် လက်ထက်မှာ ရလဒ်တွေ သိသိသာသာ တိုးတက်လာခဲ့တာကြောင့် ဂျူဗင်တပ်စ် အတွက်တော့ မလွယ်ကူတဲ့ ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ အကယ်၍ ဂျူဗင်တပ်စ်သာ အနိုင်မရခဲ့ဘူး ဆိုရင် စီးရီးအေ Top 4 ဝင်ခွင့် အတွက် အခြေအနေ ပိုမိုဆိုးရွားသွားနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


