နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

နာပိုလီကို အပြီးသတ် ပြောင်းရွှေ့ပြီးနောက် ယူနိုက်တက်ကို နှုတ်ဆက်စကားဆိုခဲ့တဲ့ ဟွိုက်ဂျ်လန်း | စီးရီးအေ

နာပိုလီတို့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားပြီးနောက် တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကတော့ စီးရီးအေ ကလပ်ဆီ အပြီးသတ် ပြောင်းရွှေ့တော့မယ့် အကြောင်း အတည်ပြုလိုက်ပါတယ်။ နာပိုလီတို့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားခြင်းက သူ့ရဲ့ အငှားစာချုပ်ကို အပြီးသတ် အပြောင်းအရွှေ့ အဖြစ် ပြောင်းလဲသွားစေခဲ့ပြီးနောက် ဟွိုက်ဂျ်လန်းက ယူနိုက်တက်ကို နှုတ်ဆက်စကား ဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်က ဟွိုက်ဂျ်လန်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ စီးရီးအေ ကလပ် အတ္တလန္တာ ကနေ ပေါင် ၇၂ သန်းနဲ့ ခေါ်ယူခဲ့ပြီး၊ သူဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၉၅ ပွဲမှာ ၂၆ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် အခုရာသီမှာ နာပိုလီထံ အငှားနဲ့ လာရောက် ကစားနေခဲ့တာ ဖြစ်ပါတယ်။

 

ယူနိုက်တက်ကို အပြီးသတ် နှုတ်ဆက်လိုက်တဲ့ ဟွိုက်ဂျ်လန်း

ဟွိုက်ဂျ်လန်းက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပီဆာကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမှာ အခုရာသီ သူ့ရဲ့ (၁၁) ဂိုးမြောက် စီးရီးအေ သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒီရလဒ်ဟာ ဥရောပ ထိပ်သီး လိဂ်ကြီး ၅ ခုရဲ့ တစ်ရာသီ အတွင်း သူ့အတွက် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ ရာသီလည်း ဖြစ်လာခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် နည်းပြ အန်တိုနီယို ကွန်တီရဲ့ နာပိုလီက လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကို သေချာပေါက် ရရှိသွားခဲ့ပြီး၊ ဒီအချက်ကပဲ သူ့ကို အပြီးသတ် အပြောင်းအရွှေ့ ဖြစ်ပေါ်စေခဲ့ကြောင်း ဟွိုက်ဂျ်လန်းက အတည်ပြုခဲ့ပါတယ်။

“ဒီနေ့သွင်းခဲ့တဲ့ ဂိုးက ကျွန်တော့် အတွက်တော့ အဓိပ္ပာယ်တွေ အများကြီး ရှိပါတယ်။ ပထမအချက်က နာပိုလီနဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်လို့ စာချုပ်ပါ အချက်အလက်အရ ကျွန်တော်ဟာ တရားဝင် နာပိုလီ ကစားသမား ဖြစ်သွားခဲ့ပါပြီ။ ဒုတိယအချက် ကတော့ မန်ချက်စတာယူနိုက်တက်ကို နှုတ်ဆက်ရတော့မှာ ဖြစ်ပါတယ်။” လို့ ဟွိုက်ဂျ်လန်းက သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်က ဟွိုက်ဂျ်လန်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ စီးရီးအေ ကလပ် အတ္တလန္တာ ကနေ ပေါင် ၇၂ သန်းနဲ့ ခေါ်ယူခဲ့ပြီး၊ သူဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၉၅ ပွဲမှာ ၂၆ ဂိုး သွင်းယူပေးခဲ့ပါတယ်။
ယူနိုက်တက်မှာ ၉၅ ပွဲ ကစားပြီး ၂၆ ဂိုး သွင်းယူခဲ့တဲ့ ဟွိုက်ဂျ်လန်း

“ဒါက တကယ့်ကို ထူးဆန်းတဲ့ ခံစားချက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ် အတွင်း မှာတင် ကျွန်တော် ကိုယ်တိုင်က နာပိုလီ ကစားသမား တစ်ဦး ဖြစ်နေပြီလို့ ခံစားခဲ့ရလို့ပါ။ ပရိသတ်တွေ ကျွန်တော့် အပေါ် ပေးခဲ့တဲ့ အားပေးမှုတွေ၊ အိမ်မှာ ရှိနေသလို ခံစားရစေမှုတွေနဲ့ ကျွန်တော့်ရဲ့ ယုံကြည်မှုတွေကို ပြန်လည် ရှာဖွေတွေ့ရှိစေခဲ့တဲ့ အတွက် တကယ့်ကို ကျေးဇူးတင်မိပါတယ်။”

“မန်ချက်စတာယူနိုက်တက်ကို နှုတ်ဆက်ရတာလည်း စိတ်မကောင်းဖြစ်ရပါတယ်။ အနီရောင်ဂျာစီကို ဝတ်ဆင်ပြီး အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခွင့်ရခဲ့တာက ကျွန်တော့်ရဲ့ ကလေးဘဝ အိမ်မက် အမှန်တကယ် ဖြစ်လာခဲ့တာပါ။ ဒါကြောင့် ဒီနေ့ သွင်းဂိုးက ယုံကြည်မှု အပြည့်နဲ့ စတင်မယ့် အစပျိုးခြင်း အသစ်ကို ကိုယ်စားပြုပြီး နာပိုလီ အတွက် အရာအားလုံးကို ပုံအော ပေးဆပ်သွားမှာ ဖြစ်သလို၊ ကလေးဘဝက အိမ်မက်ကို အကောင်အထည်ဖော်ပေးခဲ့ကြတဲ့ ယူနိုက်တက်ရဲ့ ပရိသတ်တွေ၊ ကစားသမားတွေနဲ့ အဖွဲ့ဝင် အားလုံးကိုလည်း ကျေးဇူးတင်စကား ပါးချင်ပါတယ်။ အခုတော့ အိမ်မက် အသစ်တွေဆီ အရောက်လှမ်းရမယ့် အချိန် ရောက်ပြီမို့ အတူတူ ကြိုးစားကြတာပေါ့။” လို့ ရေးသားခဲ့ပါတယ်။

 

တိုင်ရယ် မာလာဆီယာလည်း ယူနိုက်တက် ကနေ ထွက်ခွာမယ်

ယူနိုက်တက် ကနေ ထွက်ခွာမယ့် နောက်ထပ် ကစားသမား တစ်ဦးက နောက်ခံလူ တိုင်ရယ် မာလာဆီယာ ဖြစ်ပြီး၊ နော့တင်ဟမ်ဖောရက်စ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ သူ့ အနေနဲ့ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ မာလာဆီယာက ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဗွီ အသင်းမှာ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှာ ဖီယင်နော့ဒ် ကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်း အတွက် ၄၉ ပွဲ ကစားပေးခဲ့သူ ဖြစ်ပါတယ်။

“ကျွန်တော် ပွဲမစခင်ကတည်းက ကစားသမားတွေကို တိုင်ရယ် (မာလာဆီယာ) အကြောင်း ပြောပြထားပါတယ်” လို့ နည်းပြ မိုက်ကယ် ကာရစ်ခ်က ဖောရက်စ်ကို အနိုင်ရပြီးနောက် ကွင်းထဲက ပရိသတ်တွေကို မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ “ သူဟာ ဒဏ်ရာပြဿနာတွေကြောင့် တကယ့်ကို ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရတာပါ။ ပရိသတ်တွေ အနေနဲ့ သူ့ကို ဆက်လက်ပြီး အားပေး ဝန်းရံပေးကြဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။” လို့ ကာရစ်ခ်က ဆိုပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်