အူဒီနီးစ်ကို ရှုံးနိမ့်ပြီးနောက် အေစီမီလန် ပရိသတ်တွေ လှောင်ပြောင် ဝေဖန်ကြတာဟာ မှန်ကန်တယ်လို့ မက်ဆီမီလီယာနို အယ်လီဂရီ ဝန်ခံလိုက်ပါတယ်။ အေစီမီလန်ဟာ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်တွေ အတွက် စိုးရိမ်စရာ အခြေအနေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
စနေနေ့က အူးဒီးနီးစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အေစီမီလန် ပရိသတ်တွေက သူတို့ အသင်း အပေါ် စိတ်ပျက်လက်ပျက် လှောင်ပြောင်ခဲ့ကြတာနဲ့ ပတ်သက်ပြီး နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီက ပရိသတ်တွေ ဘက် ကနေ မှန်ကန်ကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။ ဆန်စီရိုကွင်းမှာ ၃-၀ နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် အေစီမီလန် တို့ဟာ စီးရီးအေ ချန်ပီယံဆု အတွက် အလှမ်းဝေးသွားရုံတင်မကဘဲ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်ပါ ထိခိုက်မှုတွေ ရှိလာခဲ့ပါတယ်။
အေစီမီလန် အနေနဲ့ အိမ်ကွင်းမှာ အနည်းဆုံး ၃ ဂိုးပြတ်ပြီး ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်ခဲ့တာဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (အင်တာမီလန်ကို ၃-၀ နဲ့ ရှုံးခဲ့တဲ့ ပွဲ) နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါ့အပြင် ဒါဟာ အယ်လီဂရီ ကိုင်တွယ်တဲ့ အသင်း တစ်သင်း အနေနဲ့ အီတလီ ထိပ်တန်းလိဂ်မှာ ဂိုးမသွင်းနိုင်ဘဲ ၃ ဂိုးပြတ် ပထမဆုံး အကြိမ် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
အူးဒီးနီးစ်နဲ့ ပွဲမှာ အေစီမီလန်ဟာ ဂိုးပေါက် ကန်သွင်းခွင့် ၂၀ ကြိမ် အထိ ရခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၃ ကြိမ်သာ ရှိခဲ့တာကြောင့် အယ်လီဂရီ အနေနဲ့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခုခံကာကွယ်မပေးနိုင်ခဲ့ပါဘူး။ သူက DAZN ကို ပြောကြားရာမှာ “ဒါဟာ ဘောလုံးလောကရဲ့ သဘော သဘာဝပါပဲ။ မင်းနိုင်ရင် မင်းဟာ လူတော် ဖြစ်ပြီး၊ ရှုံးရင်တော့ လူညံ့ဖြစ်တာပဲ။ ဒီနေ့ သူတို့ ကျွန်တော် တို့ကို လှောင်ပြောင်ခဲ့တာ မှန်ပါတယ်။ ဒါဟာ အသင်း အတွက် ခက်ခဲတဲ့ အချိန်ကာလ တစ်ခုပါ။ ကျွန်တော်တို့ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ ရှုံးခဲ့သလို ရာသီရဲ့ ဒုတိယဝက် အတွင်း ၄ ပွဲ အထိ ဂိုးမသွင်းနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။”
“မင်းက ထိပ်သီး ၄ သင်း စာရင်းဝင် ဖြစ်ချင်တယ် ဆိုရင် ၄ ပွဲ အထိ ဂိုးမရတာဟာ လုံးဝကို မကောင်းတဲ့ အချက်ပါ။ ဒုတိယဂိုးမှာ ဆိုရင် ကျွန်တော်တို့ လူ ၃ ယောက် ရှိနေရဲ့သားနဲ့ ပြိုင်ဘက် ၁ ယောက်တည်းကို မတားနိုင်ခဲ့ဘူး။ ကျွန်တော်တို့ စနစ်တကျ ပြန်ဖြစ်အောင်နဲ့ စိတ်ကြည်ကြည်လင်လင် ရှိအောင် ပြန်ပြင်ရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အခွင့်အရေး အပြည့်အဝ ရှိနေသေးလို့ပါ။”
အေစီမီလန်ဟာ သူတို့ရဲ့ နောက်ထပ် စီးရီးအေ ပွဲစဉ် အဖြစ် ဗီရိုနာနဲ့ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ဧပြီလ ၂၆ ရက်နေ့ မှာတော့ အဆင့် ၄ နေရာ အတွက် အဆုံးအဖြတ် ဖြစ်လာမယ့် ဂျူဗင်တပ်စ်နဲ့ အရေးကြီး ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။ ဂျူဗင်တပ်စ် အသင်း ကတော့ စနေနေ့က စီးရီးအေမှာ အတ္တလန္တာကို အနိုင်ယူထားနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


