စနေနေ့က ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ် မှာတော့ အဲလ်နာဆာက အဲလ်အိုခူးဒူးကို ၀-၂ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါဟာ အဲလ်နာဆာ အသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဖြစ် လိဂ် ပွဲစဉ် ၁၃ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ ခရစ်စတီယာနို ရော်နယ်ဒို က အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ယာအို ဖီးလစ် ကလည်း ဒုတိယဂိုး သွင်းယူပေးခဲ့တာကြောင့် နည်းပြ ဂျော့ဂျ် ဂျီးဆပ်စ်ရဲ့ အသင်းဟာ အမှတ်ပေး ဇယားထိပ် ကနေ ၅ မှတ် အသာနဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲစပြီး ၁၅ မိနစ် အကြာမှာတင် ခရစ္စတီယာနို ရော်နယ်ဒိုက နာဝါဖ် ဘူ ဝါရှယ်ရဲ့ ဖန်တီး ပေးပို့မှု ကနေ ဆွဲပြေးပြီး ဂိုးသမားကို ကျော်ဖြတ်ကာ အနီးကပ် ပိတ်သွင်းယူခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အတွက် ၁၃၉ ပွဲ ကစားပြီးချိန်မှာ ၁၂၃ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီ တိုက်စစ်မှူးကြီးက ကစားသမားဘဝ သွင်းဂိုးပေါင်း ၉၆၇ ဂိုး အထိ ရှိလာခဲ့ပြီး သူ့ရဲ့ သွင်းဂိုး ၁၀၀၀ စံချိန် ပြည့်မီဖို့ ကလည်း ၃၃ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။

အဲဒီနောက် ပွဲချိန် ၂၂ မိနစ်မှာ နောက်ခံလူ မိုဟာမက် ဆီမာကန် ဂိုးထပ်သွင်းခဲ့ပေမယ့် လက်ထိဘော အဖြစ် သတ်မှတ်ခံရတာကြောင့် ဂိုး အဖြစ် အတည်မပြုခဲ့ပါဘူး။ ဒုတိယပိုင်း အစ မှာတော့ ဆာဒီယို မာနေးရဲ့ ဖြတ်တင်ဘောကို ကင်စလေ ကိမန်က ခေါင်းတိုက်ခဲ့ရာက တိုင်ထိထွက်လာတာကို ယာအို ဖီးလစ်က Volley ကန်ချက်နဲ့ ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ရော်နယ်ဒိုကို ပွဲချိန် ၈၁ မိနစ်မှာ လူစားလဲခဲ့ပေမယ့် အဲလ်နာဆာဟာ ကျန်ရှိတဲ့ ပွဲချိန်တွေမှာ ပွဲကို ထိန်းချုပ်ကစားသွားပြီး အဖိုးတန် ၃ မှတ်ကို အပိုင် သိမ်းယူနိုင်ခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
အဲလ်နာဆာဟာ ဆော်ဒီပရိုလိဂ်မှာ ၁၃ ပွဲ ဆက်တိုက် အနိုင်ရရှိတဲ့ အသင်း စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဝေးကွင်း ၈ ပွဲ ဆက်တိုက် အနိုင်ရရှိထားတာကြောင့် အဝေးကွင်း အနိုင်ရလဒ် အကောင်းဆုံး စံချိန် ကိုလည်း လိုက်မီသွားခဲ့ပါတယ်။ အဲလ်အိုခူးဒူးဟာ အဲလ်နာဆာနဲ့ တွေ့ဆုံခဲ့တဲ့ ပထမဆုံး ၆ ပွဲလုံး ရှုံးနိမ့်ခဲ့တဲ့ ဒုတိယမြောက် အသင်း ဖြစ်လာပါတယ်။ (ယခင် ကလည်း အဲလ်နာဆာက အဲလ်ရှိုအာလာ ကိုလည်း ၆ ပွဲ ဆက်တိုက် အနိုင်ရခဲ့ဖူးပါတယ်။)
နည်းပြ ဂျော့ဂျ် ဂျီးဆပ်စ်ဟာ အဲလ်အိုခူးဒူးနဲ့ တွေ့ဆုံတဲ့ ၆ ပွဲ စလုံးကို အနိုင်ရရှိထားပြီး တစ်ကြိမ် တစ်ခါမျှ ဂိုးပေးခဲ့ရခြင်း မရှိပါဘူး။ ဒါဟာ သူရင်ဆိုင်ဖူးတဲ့ ပြိုင်ဘက်တွေ ထဲမှာ ဂိုးမပေးရဘဲ နိုင်ပွဲ ရာနှုန်းပြည့် ရရှိထားတဲ့ အကောင်းဆုံး မှတ်တမ်းလည်း ဖြစ်နေပါတယ်။
အဲလ်နာဆာဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယား ဒုတိယနေရာက အဓိက ပြိုင်ဘက် အဲလ်ဟီလာကို ၅ မှတ် ပြန်ဖြတ်လိုက်နိုင်ပြီး သူတို့ အတွက် စတုတ္ထ အကြိမ်မြောက် ဆော်ဒီပရိုလိဂ် ချန်ပီယံဆုကို အရယူပြီး အခြေအနေ ကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒို ကတော့ ဆော်ဒီကို ရောက်ရှိချိန် ကတည်းက အဓိက ဆုဖလားတွေ မရရှိသေးတာကြောင့် စိတ်ပျက်နေခဲ့တာ ဖြစ်ပြီး ဒီရာသီမှာတော့ ဖလား လက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်မလား ဆိုတာ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။
အဲလ်နာဆာက ဆော်ဒီပရိုလိဂ်မှာ ၆ ပွဲ ကစားဖို့ ကျန်ရှိနေသေးပြီး အဲလ် အစ်တီဖက်၊ အဲလ်အာလီ၊ အဲလ် ကက်ဒ်ဆီယာ၊ အဲလ်ဟီလာ၊ အဲလ်ရှာဘဘ်၊ ဒါမက် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


