နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဝုဗ်ကို ဂိုးပြတ် ဆုံးမပြီး တန်းဆင်းဇုန်ထဲက ရုန်းထွက်ထားနိုင်တဲ့ ဝက်စ်ဟမ်း | ပရီးမီးယားလိဂ်

ဝက်စ်ဟမ်း ကတော့ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဝုဗ်ကို ဂိုးပြတ် အနိုင်ယူကာ တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းက မြို့ခံပြိုင်ဘက် တော့တင်ဟမ်ဟော့စပါး ကိုလည်း ပရီးမီးယားလိဂ် တန်းဆင်းဇုန် အတွင်း ယာယီ တွန်းပို့လိုက်ပြီလည်း ဖြစ်ပါတယ်။

လန်ဒန်စတေဒီယံမှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ဗလန်တင် ကတ်စတယ်လာနော့စ်နဲ့ ကွန်စတန်တီနော့စ် အမ်ဗရိုပါးနို့စ် တို့က နှစ်ဂိုးစီ သွင်းယူခဲ့ကြပါတယ်။ ပွဲအစပိုင်းမှာ အကြိတ်အနယ် ရှိခဲ့ပေမယ့်လည်း ဒုတိယပိုင်းတွင်မူ ဝက်စ်ဟမ်းက တဖက်သတ် ဖိအားပေး ကစားသွားခဲ့ပြီး ဝုဗ် ကတော့ လာမယ့် တပတ် အတွင်းမှာပဲ တန်းဆင်းသွားရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပထမပိုင်း ပွဲကစားချိန်နှောင်းပိုင်းမှာ ဂျာရော့တ် ဘိုဝင်ရဲ့ ဖြတ်တင်ဘောကို အမ်ဗရိုပါးနို့စ်က ခေါင်းတိုက် သွင်းယူပြီး ဝက်စ်ဟမ်း အတွက် အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း အစ မှာတော့ နှစ်ဖက်စလုံး အခွင့်အရေးတွေ ကိုယ်စီ ရခဲ့ကြပါတယ်။ ဝုဗ် ကွင်းလယ်လူ အန်ဂျယ် ဂိုးမက်စ်ရဲ့ အားပါ ပြင်းထန်တဲ့ ပြစ်ဒဏ်ဘော ကန်ချက် ဂိုးတိုင်ထိမှန်ခဲ့သလို၊ ဝက်စ်ဟမ်း ဘက်က ဆမ်းမားဗီးလ် ကလည်း ကွင်းလယ် ကနေ ဂိုးသမားကို ကျော်ပြီး ကန်သွင်းခဲ့ပေမယ့်လည်း ဂိုးမရခဲ့ပါဘူး။ အဲဒီနောက် ဘိုဝင်ရဲ့ နောက်ထပ် ကန်ချက် တစ်ကြိမ် ကလည်း ဂိုးတိုင် ထပ်မံထိမှန်ခဲ့ပါတယ်။

ပွဲကစားချိန် ၆၆ မိနစ်မှာ ပါဘလိုရဲ့ လှပတဲ့ ဖနောင့်တို့ချက်က တဆင့် ကတ်စတယ်လာနော့စ် က ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် စက္ကန့်ပိုင်း အကြာမှာ ယာအို ဂိုးမက်စ် ဆီကနေ ဘောလုံးလုယူပြီးနောက် ကတ်စတယ်လာနော့စ်ရဲ့ ကန်ချက်က အန်ဒရေနဲ့ ထိကာ ဂိုးထဲဝင်သွားခဲ့ပါတယ်။ ၈၃ မိနစ် မှတော့ ထောင့်ကန်ဘောက တဆင့် အမ်ဗဗရိုပါးနို့စ်က နောက်ပြန် ကန်ချက်နဲ့ စတုတ္ထဂိုး သွင်းယူကာ ပွဲကို အပြတ်အသတ် အဆုံးသတ်နိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ အဒမ်မာ ထရာအိုရေး တစ်ယောက် တစ်ဦးချင်း အခွင့်အရေး ရခဲ့ပေမယ့်လည်း ဂိုးမဝင်ခဲ့တာကြောင့် ၅ ဂိုးမြောက်နဲ့ လွဲချော်ခဲ့ရပါတယ်။

ဒီနိုင်ပွဲကြောင့် ဝက်စ်ဟမ်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ ကို တက်လှမ်းနိုင်ခဲ့ပြီး စပါးထက် ၂ မှတ် အသာရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် နော့တင်ဟမ်ဖောရက်စ်နဲ့ ရမှတ် တူသွားခဲ့ကာ ဂိုးကွာခြားချက်ကြောင့်သာ အောက်ရောက်နေခဲ့တာ ဖြစ်ပါတယ်။ ဝုဗ် ကတော့ လက်ကျန် ၆ ပွဲသာ ကျန်ရှိတော့ချိန်မှာ တန်းဆင်းဇုန် ပြင်ပက အသင်းနဲ့ ၁၅ မှတ် အထိ ကွာဟနေပြီ ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဝက်စ်ဟမ်း ကတော့ ၂၀၂၆ ခုနှစ် အတွင်း ပရီးမီးယားလိဂ် တန်းဆင်းဇုန် အထက်မှာ ဒုတိယအကြိမ်မြောက် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နူနို အက်စပီရီတို ဆန်တို ရဲ့ အသင်းက နောက်ဆုံး ၁၁ ပွဲမှာ ၅ ပွဲ အထိ အနိုင်ရထားပြီး ဇန်နဝါရီ ၁၇ ရက်က စပြီး ရမှတ် ၁၈ မှတ် ရယူနိုင်ခဲ့ပါတယ်။ သူတို့ထက် ရမှတ် ပိုရှာထားနိုင်တဲ့ အသင်းတွေ ဆိုလို မန်ချက်စတာယူနိုက်တက် (၂၃ မှတ်) နဲ့ အာဆင်နယ် (၂၁ မှတ်) သာ ရှိပါတယ်။ တော့တင်ဟမ်ဟော့စပါးက ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက် နောက်ပိုင်း (၁၀ နှစ် နီးပါးအကြာ) ပထမဆုံးအကြိမ် အဖြစ် တန်းဆင်းဇုန်အတွင်း ရောက်ရှိသွားခဲ့ပါတယ်။

ဝက်စ်ဟမ်း ကတော့ ဒီပွဲမှာ ဂိုးကန်သွင်းခွင့် ၁၈ ကြိမ်အထိ ရရှိခဲ့ပြီး ဝုဗ် (၁၄ ကြိမ်) ထက် ပိုမိုကောင်းမွန်ခဲ့တာ တွေ့ရပါတယ်။ ဒီနိုင်ပွဲဟာ ၂၀၂၃ ခုနှစ်၊ ဧပြီလမှာ ဘုန်းမောက်ကို အနိုင်ရခဲ့ပြီး နောက်ပိုင်း ဝက်စ်ဟမ်း အတွက် အကြီးမားဆုံးသော ပရီးမီးယားလိဂ် နိုင်ပွဲလည်း ဖြစ်လာခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်