ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ အကြီးအကဲတွေဟာ အတိတ်က အမှားတွေ ကနေ နောက်ဆုံး မှာတော့ သင်ခန်းစာတွေ ယူနေပြီလို့ပဲ ဆိုရပါမယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ မိုက်ကယ် ကာရစ်ခ်ကို အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေစေဖို့ အတွက် စာချုပ်သစ် ချုပ်ဆိုဖို့ “မူအားဖြင့် သဘောတူညီမှု”ရရှိထားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ စာချုပ်သက်တမ်းဟာ နောက်ထပ် နှစ်နှစ်သာ ဖြစ်တယ်လို့ သိရပြီး ဒါဟာ ကလပ် အသင်း သမိုင်းတစ်လျှောက် မကြုံစဖူးတဲ့ စာချုပ်မျိုးလည်း ဖြစ်ပါတယ်။
ကာရစ်ခ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အသင်းဟောင်းကို ၂၀၂၅-၂၀၂၆ ရာသီကုန် အထိ ရေတိုစာချုပ်နဲ့ စတင် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ရုဘင် အမော်ရင် အသင်းနဲ့ ပြဿနာတက်ပြီး အငြင်းပွားဖွယ် ထွက်ခွာသွားခဲ့သလို၊ ယာယီ နည်းပြ အဖြစ် ခေတ္တ ကိုင်တွယ်ခဲ့တဲ့ ဒါရင်း ဖလက်ချာ ကလည်း ရုန်းကန်ခဲ့ရပြီးနောက်မှာ ယူနိုက်တက်ဟာ ရေရှည်အတွက် နည်းပြသစ် ရှာဖွေနေစဉ် အတွင်း အသင်းရဲ့ ကွင်းလယ်လူဟောင်း ကာရစ်ခ်ကို နည်းပြခုံတန်းဆီ အမြန်ဆုံး တွန်းပို့ခဲ့ရတာပါ။ ဒါပေမယ့် ကာရစ်ခ်ရဲ့ ဒုတိယအကြိမ် ယာယီ နည်းပြ ဘဝက မျှော်လင့်ထားတာထက် ပိုမို ကောင်းမွန်ခဲ့တာကြောင့် ယူနိုက်တက်ဟာ အသက် ၄၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ သူ့ကို အမြဲတမ်းနည်းပြ ရာထူး ကမ်းလှမ်းဖို့ အထိ ဖိအားပေးခြင်း ခံခဲ့ရပါတယ်။
ကာရစ်ခ် နည်းပြအဖြစ် ပြန်လည် တာဝန်ယူပြီး ပပ် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်ကတည်းက စတင် ရေတွက်ရင် မန်စီးတီး တစ်သင်းတည်းသာ ယူနိုက်တက်ထက် ရမှတ် ပိုမို ရရှိထားတာ ဖြစ်ပါတယ်။ ဟန်ဆောင်မှု ကင်းကင်းနဲ့ အေးအေးဆေးဆေး နေတတ်တဲ့ ဒီနည်းပြဟာ အာဆင်နယ်၊ လစ်ဗာပူးလ်၊ အက်စတွန်ဗီလာနဲ့ ချဲလ်ဆီး တို့လို အသင်းကြီးတွေ ကိုပါ အနိုင်ယူခဲ့ပြီး ယူနိုက်တက်ကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိစေဖို့နဲ့ အဆင့် (၃) နေရာကို အလွယ်တကူ သေချာစေဖို့ အတွက် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။
အသင်းဘက်က ဘုန်းမောက် ကနေ ထွက်ခွာတော့မယ့် အန်ဒိုနီ အိုင်ရာအိုလာနဲ့ အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီ တို့လို တခြား ရွေးချယ်စရာ နည်းပြတွေကိုလည်း စဉ်းစားခဲ့သေးတယ်လို့ သတင်း ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံး မှာတော့ ပရီးမီးယားလိဂ် ကလပ်က ကာရစ်ခ် ကိုပဲ အတည်ပြု ရွေးချယ်ခဲ့ပုံရပါတယ်။
The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်ရှိ တာဝန်ယူထားတဲ့ ကာရစ်ခ်ကို အသင်းရဲ့ ပူးတွဲ ပိုင်ရှင် ဆာ ဂျင်မ် ရက်ကလစ်ဖ် ကိုယ်တိုင် အတည်ပြုချက် ပေးခဲ့ပြီးနောက် ၂၀၂၈ ခုနှစ် အထိ သက်တမ်း ရှိမယ့် စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သတင်းဌာနရဲ့ နောက်ထပ် သတင်းတစ်ပုဒ် မှာတော့ စာချုပ်ရဲ့ အသေးစိတ် အချက်အလက်တွေကို ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်ပေမယ့်လည်း အဓိက အချက်အလက် အများစု ကိုတော့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိသွားပြီလို့ ဖော်ပြထားပါတယ်။
ဒီကမ်းလှမ်းမှုမှာ နောက်ထပ် ၁၂ လ သက်တမ်းတိုးနိုင်ခွင့် အချက် ပါဝင်တယ်လို့ ယူဆရပေမယ့် ကာရစ်ခ်ဟာ ဆာ အဲလက်စ် ဖာဂူဆန် ခေတ်လွန် နောက်ပိုင်း ယူနိုက်တက် သမိုင်းမှာ သက်တမ်း နှစ်နှစ်တည်းသာ ရှိတဲ့ စာချုပ်မျိုးကို ပထမဆုံးအကြိမ် ရရှိတဲ့ အမြဲတမ်း နည်းပြ ဖြစ်လာမှာပါ။ အသင်းရဲ့ ကြီးစိုးမှု ကျဆင်းလာခဲ့တဲ့ ဒီလို မတည်ငြိမ်တဲ့ ကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ဆုံးရှုံးမှု ပျက်စီးမှုတွေကို ပြန်ကြည့်ရင် အခုလို သတိကြီးကြီးထားပြီး စာချုပ်ချုပ်ဆိုတာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမူးရှူးထိုး နည်းပြ ခန့်အပ်ခဲ့မှု သမိုင်းကြောင်း
ဖာဂူဆန် အနားယူပြီး နောက်ပိုင်း ပရီးမီးယားလိဂ် ကလပ်ရဲ့ အကြီးမားဆုံး မှားယွင်းမှု ကတော့ ပထမဆုံး လှမ်းလိုက်တဲ့ ခြေလှမ်းပါပဲ။ အနားယူတော့မယ့် စကော့တလန်သားကြီးရဲ့ တိုက်ရိုက် လမ်းညွှန်မှုနဲ့ အတူ ၂၀၁၃ နွေရာသီမှာ အဲဗာတန် ကနေ ဒေးဗစ် မွိုက်စ်ကို ခေါ်ယူ ခန့်အပ်ခဲ့ပါတယ်။ အဲဒီ အကူးအပြောင်း ကာလမှာ နည်းပြရဲ့ ထိန်းချုပ်မှု ပြင်ပမှာ ရှိတဲ့ ပြဿနာတွေ အများကြီး ရှိခဲ့ပေမယ့် မွိုက်စ်ကို ၆ နှစ် သက်တမ်း ရှိတဲ့ စာချုပ်ကြီး ပေးခဲ့တာကတော့ အထင်ရှားဆုံး အမှား တစ်ခု ဖြစ်ခဲ့ပါတယ်။ သူဟာ ယူနိုက်တက်မှာ တစ်ရာသီတောင် အပြည့် မခံခဲ့ပါဘူး။

အဲဒီလို မှားယွင်းတဲ့ ခန့်အပ်မှုကြောင့် နာကျင်ခဲ့ရတဲ့ ယူနိုက်တက်ဟာ နောက်ထပ် ခန့်အပ်ခဲ့တဲ့ အမြဲတမ်း နည်းပြ ၅ ဦးလုံးကို ၃ နှစ် သက်တမ်း ရှိတဲ့ စာချုပ်တွေချည်းပဲ ပေးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ထဲက တစ်ယောက်မှ ၃ ရာသီ အထိ သက်တမ်း မပြည့်ခဲ့ကြပါဘူး။
လူးဝစ် ဗန်ဟားလ်ဟာ ၂၀၁၄ ခုနှစ်မှာ ယူနိုက်တက်ကို စတင် တာဝန်ယူပြီးနောက် သူကိုယ်တိုင်က သက်တမ်း ပိုတိုတဲ့ စာချုပ် ကိုပဲ လိုချင်ခဲ့တာလို့ နောက်ပိုင်းမှာ ဖွင့်ဟခဲ့ပါတယ်။ သူ့ရဲ့ ရာထူးနေရာ အပြင်းအထန် လှုပ်ခတ်နေတဲ့ ၂၀၁၆ ခုနှစ် မေလ အစောပိုင်းမှာ ဒတ်ခ်ျလူမျိုး နည်းပြကြီးက “ဒီအသင်းကို တည်ဆောက်မယ့် လုပ်ငန်းစဉ်က ၃ နှစ် ကြာမယ် ဆိုတာ ကျွန်တော်တို့ အမြဲတမ်း သိထားပါတယ်။ ဒါပေမယ့် ကျွန်တော်က ၂ နှစ် စာချုပ်ပဲ ချုပ်ချင်ခဲ့တာပါ။ ကလပ် အသင်းကပဲ ကျွန်တော့်ကို ၃ နှစ် စာချုပ် ချုပ်စေချင်ခဲ့တာ၊ ကျွန်တော့် ဆန္ဒ မဟုတ်ပါဘူး။ ကျွန်တော် ၃ နှစ် စာချုပ် ချုပ်ခဲ့တာ ဖြစ်လို့ နောက်နှစ်မှာလည်း ကျွန်တော့်ကို ဒီမှာပဲ ဆက်မြင်ရဦးမှာပါ။” လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီစကားပြောပြီး တစ်လအတွင်းမှာပဲ ဝင်ဘလေ ကွင်းကြီးထဲမှာ ယူနိုက်တက် အတွက် ဆာ အဲလက်စ် ဖာဂူဆန် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အက်ဖ်အေဖလားကို ရယူပေးခဲ့ပြီး မိနစ်ပိုင်း အလိုမှာပဲ လူးဝစ္စ ဗန်ဟားလ်ဟာ ရာထူး ကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။
ဟိုဆေး မော်ရင်ဟို၊ အိုလီ ဂန်နာ ဆိုးလ်ရှားနဲ့ အဲရစ်ခ် တန်ဟတ်ဂ်တို့ သုံးဦးလုံးဟာ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ကြပေမယ့် သူတို့ရဲ့ မူလ ၃ နှစ် စာချုပ် သက်တမ်း မကုန်ဆုံးခင်မှာပဲ အသင်း ကနေ ထွက်ခွာခဲ့ကြရပါတယ်။ တန်ဟတ်ဂ်ရဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့ အခြေအနေ ကတော့ အဆန်းကြယ်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကာရစ်ခ်ရဲ့ အခြေအနေနဲ့ ယှဉ်ကြည့်ရင်တော့ ဆိုးလ်ရှားရဲ့ ဖြစ်ရပ်က အကောင်းဆုံး သင်ခန်းစာ ဖြစ်ပါတယ်။
သူ့ရဲ့ နည်းပြအဖွဲ့ဝင်ဟောင်း ဆိုးလ်ရှား လိုပဲ ကာရစ်ခ် ဟာလည်း ပေါ်တူဂီလူမျိုး နည်းပြ နည်းပြတွေ ဖြစ်တဲ့ မော်ရင်ညိုနဲ့ အမော်ရင်တို့ ထွက်ခွာသွားပြီးနောက် ယာယီ နည်းပြ အဖြစ် တာဝန်ယူပြီး ချက်ချင်း ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ နော်ဝေ လူမျိုး နည်းပြ ဆိုးလ်ရှားဟာ ၂၀၁၈-၁၉ ရာသီ မကုန်ဆုံးခင် မှာတင် အမြဲတမ်း နည်းပြ စာချုပ်ကို ကမူးရှူးထိုး ကမ်းလှမ်းခြင်း ခံခဲ့ရပြီး ဒါဟာ ယူနိုက်တက်ရဲ့ စဉ်းစားဆင်ခြင်မှု မရှိဘဲ အလျင်စလို ဆုံးဖြတ်တတ်တဲ့ သမိုင်းဆိုးရဲ့ ပြယုဂ် တစ်ခု ဖြစ်ခဲ့ပါတယ်။
ဆိုးလ်ရှားဟာ သူအပြည့်အဝ ကိုင်တွယ်ခဲ့တဲ့ နှစ်ရာသီလုံးမှာ ယူနိုက်တက်ကို အဆင့် (၃) နဲ့ အဆင့် (၂) ရောက်အောင် ပို့ဆောင်ပေးခဲ့တယ် ဆိုတဲ့ အချက်ကို လူတွေက မေ့လျော့နေတတ်ကြပြီး၊ ဖလား မရခဲ့တာနဲ့ နောက်ဆုံးမှာ ဆိုးရွားစွာ လမ်းခွဲခဲ့ရတာတွေကြောင့်ပဲ သူ့ရဲ့ သက်တမ်းကို ကျရှုံးမှုကြီး တစ်ခု အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ကာရစ်ခ်ရဲ့ အခုလို ယာယီ နည်းပြဘဝမှာ တောက်ပလာမှုက ဆိုးလ်ရှားရဲ့ ဖြစ်ရပ်နဲ့ ထပ်တူကျလုနီးပါး တူညီနေတာကြောင့် “ကျရှုံးမှု”သမိုင်းဆိုးကို မလုပ်မိစေဖို့ သတိပေးချက်တွေနဲ့ နှိုင်းယှဉ်မှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဆိုးလ်ရှား လက်ထက်ကထက် စာရင် အပြောင်းအလဲ အများကြီး ရှိလာခဲ့တဲ့ ယူနိုက်တက်ရဲ့ အုပ်ချုပ်သူ အဖွဲ့ဟာ ဒီရာသီမှာ အောင်မြင်ရမယ့် ရည်မှန်းချက်တွေ မပြီးမြောက်သေးခင် အထိ ကာရစ်ခ်ကို အမြဲတမ်း နည်းပြအဖြစ် မခန့်အပ်ဘဲ သတိကြီးကြီးနဲ့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခုလို မထင်မှတ်ထားလောက်အောင် တိုတောင်းတဲ့ နှစ်နှစ် စာချုပ် ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာ ကလည်း အတိတ်က ရခဲ့တဲ့ ဒဏ်ရာတွေ ကနေ လက်ရှိ ဆုံးဖြတ်ချက်တွေကို ဘယ်လို ပုံဖော်နေလဲ ဆိုတာ သက်သေပြနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


