နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘာနာဒို ဆေးလ်ဗား မန်စီးတီး ကနေ ထွက်ခွာတော့မယ့် အပေါ် အရိပ်အမြွက် ပြောကြားခဲ့တဲ့ လင်ဒါးစ် | ပရီးမီးယားလိဂ်

လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားရဲ့ အနာဂတ်ဟာ အမျိုးမျိုးသော ထင်ကြေးပေးမှုတွေ ထွက်ပေါ်နေခဲ့ပါတယ်။ အသင်းရဲ့ လက်ထောက် နည်းပြ ပပ် လင်ဒါးစ်က ဆေးလ်ဗား တစ်ယောက် မန်ချက်စတာမှာ ဆက်ရှိတော့မှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း ခိုင်မာတဲ့ အရိပ်အမြွက် တစ်ခု ပေးလိုက်ပါတယ်။

မန်ချက်စတာစီးတီး လက်ထောက် နည်းပြ ပပ် လင်ဒါးစ်က ဘာနာဒို ဆေးလ်ဗားရဲ့ အသင်းမှာ ရှိနေတဲ့ အချိန်တွေဟာ ဒီရာသီမှာပဲ အဆုံးသတ်တော့မှာ ဖြစ်ကြောင်း “ကောင်းမွန်တဲ့ ပုံပြင်တိုင်းမှာ အဆုံးသတ်ရှိစမြဲပါ” ဆိုတဲ့ စကားနဲ့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ဆေးလ်ဗားဟာ ၂၀၁၇ ခုနှစ်မှာ မိုနာကို ကနေ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး လာမယ့် ဇွန်လမှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာပါ။ လက်ရှိအချိန်ထိ စာချုပ်သစ် ထပ်မံ ချုပ်ဆိုခြင်း မရှိသေးပဲ သူ့ကို ခေါ်ယူဖို့ လာလီဂါ ထိပ်သီး ဘာစီလိုနာ၊ ဂျူဗင်တပ်စ်နဲ့ သူ့ရဲ့ ကလပ်ဟောင်း ဘင်ဖီကာ တို့က စိတ်ဝင်စားနေကြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က လစ်ဗာပူးလ်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဘာနာဒို ဆေးလ်ဗားဟာ မန်စီးတီး အတွက် အကြိမ် ၄၅၀ မြောက် ပွဲထွက် ကစားပေးခဲ့ပါတယ်။ နည်းပြ ပပ် ဂွါဒီယိုလာရဲ့ ကိုယ်စား သတင်းစာ ရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ လင်ဒါးစ်က ဆေးလ်ဗားရဲ့ အရေးပါပုံကို အခုလို ပြောကြားခဲ့ပါတယ်။

ဆေးလ်ဗားက ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့တာပါ။
ရာသီကုန်မှာ မန်စီးတီး ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေတဲ့ ဘာနာဒို ဆေးလ်ဗား

“ကစားသမား တစ်ယောက်ကို သူ့လိုမျိုး တူညီတဲ့ ကစားသမားနဲ့ အစားထိုးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူ့လို လူမျိုး နောက်တစ်ယောက် မရှိလို့ပါ။ ဘာနာဒို ဆေးလ်ဗားက တစ်ဦးတည်းသော ထူးခြားသူပါ။ သူ ပွဲကို ထိန်းချုပ်ပုံ၊ လှုပ်ရှားပုံ၊ ဘောလုံး လက်ခံပုံ၊ အသင်းကို ဦးဆောင်ပုံနဲ့ အဖြေရှာပုံတွေက အားလုံးက ထူးခြားပါတယ်။”

“သူ မကစားတဲ့ တစ်ပွဲတည်း မှာတင် သူ့ကို ဘယ်လောက် လွမ်းရမလဲ ဆိုတာ သိနိုင်ပါတယ်။ ဒါဟာ တစ်ပွဲတည်း အတွက်ပါ။ တစ်ရာသီလုံး အတွက် ဆိုရင်တော့ စဉ်းစားသာကြည့်ပါတော့။ ဒါပေမယ့် ကောင်းမွန်တဲ့ ပုံပြင်တိုင်းမှာ အဆုံးသတ်ဆိုတာ ရှိစမြဲမို့လို့ ကျန်ရှိနေတဲ့ ၆ ပတ်တာ ကာလလေးမှာ သူ ပျော်ပျော်ရွှင်ရွှင်နဲ့ လှလှပပ နှုတ်ဆက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူဟာ ဒီလိုမျိုး အလေးထား ဂရုစိုက်ခံရဖို့ ထိုက်တန်သူပါ။” လို့ ပပ် လင်ဒါးစ်က ဆိုပါတယ်။

ဘာနာဒို ဆေးလ်ဗားဟာ မန်စီးတီး အတွက် ၉ နှစ်တာ ကာလ အတွင်း ပွဲ ၄၅၀ ကစားပေးခဲ့ပြီး ၇၆ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၇၇ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ သူဟာ မန်စီးတီးနဲ့ အတူ ဆုဖလား ၁၅ လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆေးလ်ဗားက ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁ ကြိမ် ဆွတ်ခူးနိုင်ခဲ့တာပါ။

လင်ဒါးစ်က ဆက်လက်ပြီး အသင်း အနေနဲ့ ဘာနာဒို ဆေးလ်ဗားရဲ့ နေရာကို အစားထိုးဖို့ အတွက် ကစားသမားသစ် ရှာဖွေတာထက် အသင်းရဲ့ အကယ်ဒမီထွက် လူငယ်ကစားသမားတွေက အဲ့ဒီ နေရာမှာ တိုးတက်လာဖို့ မျှော်လင့်ကြောင်းလည်း ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ သေချာတာ ကတော့ မန်စီးတီး အတွက်တော့ ဆေးလ်ဗားလို ဝါရင့် ကစားသမားတစ်ဦး ထွက်ခွာသွားမှာဟာ ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်