နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုတွေကို ဘရန့်ဖို့ဒ် တိုက်စစ်မှူး အီဂေါ သီယာဂိုနဲ့ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာတို့ ဆွတ်ခူးသွားခဲ့ကြပါတယ်။
အသက် ၂၄ နှစ် အရွယ် ဘရာဇီးလ် တိုက်စစ်မှူး အီဂေါ သီယာဂိုက ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာ ပြဿနာတွေကြောင့် တစ်ရာသီလုံး နီးပါး အနားယူခဲ့ရပေမယ့် ဒီရာသီ မှာတော့ ဘရန့်ဖို့ဒ် အတွက် ခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူနေပါတယ်။ သီယာဂိုက နိုဝင်ဘာလ အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေမှာ ၅ ဂိုး အထိ သွင်းယူခဲ့ပါတယ်။ အခု နိုဝင်ဘာလ အတွက် အကောင်းဆုံး ကစားသမားဆုကို ဒိုကု၊ ဘရူနို ဖာနန်ဒက်စ်၊ ရိစ် ဂျိမ်းစ်၊ ဒီကလန် ရိုက်စ် စတဲ့ နာမည်ကျော် ကစားသမားတွေကို ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သီယာဂို ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ၁၃ ပွဲ ကစားပြီးချိန်မှာ ၁၀ ဂိုး အထိ သွင်းနိုင်တာကြောင့် ပရီးမီးယားလိဂ်မှာ ပွဲအရေအတွက် အနည်းဆုံးနဲ့ ၁၀ ဂိုး သွင်းယူခဲ့တဲ့ ပထမဆုံး ဘရန့်ဖို့ဒ် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
နောက်ပိုင်း နှစ်တွေထဲမှာ ဘရန့်ဖို့ဒ် ကစားသမားတွေထဲက ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆု ရယူနိုင်ခဲ့တာ သီယာဂို တစ်ဦးသာ ရှိပါသေးတယ်။ သီယာဂိုက သမိုင်းတလျှောက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုတွေ ရရှိတဲ့ စတုတ္ထမြောက် ဘရန့်ဖို့ဒ် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၂ စက်တင်ဘာလတုန်းက ဘရန့်ဖို့ဒ် တိုက်စစ်မှူးဟောင်း အိုင်ဗန် တိုနေး၊ ၂၀၂၃ အောက်တိုဘာလမှာ ဆာမန် ဂေါ့ဒ်ဒေါ့စ် တို့ဟာ အကောင်းဆုံး သွင်းဂိုးဆုတွေ ရရှိခဲ့ပြီး ၂၀၂၄ ဖေဖော်ဝါရီလ မှာတော့ ဂိုးသမားဟောင်း ဖလက်ကန်က Save of the Month ဆုကို ဆွတ်ခူးခဲ့ပါတယ်။

ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ နိုဝင်ဘာလ အတွင်း ရလဒ်ကောင်းတွေ ရယူခဲ့တာကြောင့် နိုဝင်ဘာလ အတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ၃ ပွဲ အနိုင်ရခဲ့ပြီး အာဆင်နယ်ကို ၁၀ ယောက်ကျန်နဲ့ ၁-၁ ဂိုးစီ သရေကစားနိုင်ခဲ့တာကြောင့် ၁၀ မှတ် အထိ ရရှိခဲ့ပါတယ်။ ဒါကြောင့် အန်ဇို မာရက်စ်ကာက ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး နည်းပြဆုကို တခြား နည်းပြတွေ ဖြစ်တဲ့ မီခဲလ် အာတေးတား၊ အူနိုင်း အမ်မရီ၊ ပပ် ဂွါဒီယိုလာ တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အီတလီလူမျိုး နည်းပြက ၂၀၂၄ စက်တင်ဘာ နောက်ပိုင်း ဒုတိယအကြိမ်မြောက် ဒီဆုကို ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အချက်အလက်တွေအရ ဆိုရင်တော့ မာရက်စ်ကာက ကာလို အန်ဆယ်လော့တီ၊ ဟိုဆေး မော်ရင်ညို၊ အန်တိုနီယို ကွန်တီ၊ သောမက်စ် တူချယ်တို့ ပြီးနောက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး နည်းပြဆုကို ၂ ကြိမ်နဲ့ အထက် ရရှိတဲ့ ၆ ဦးမြောက် ချဲလ်ဆီး နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် သမိုင်းတလျှောက် မှာတော့ မာရက်စ်ကာက အကောင်းဆုံး နည်းပြဆု ရရှိခဲ့တဲ့ ၉ ဦးမြောက် ချဲလ်ဆီး နည်းပြလည်း ဖြစ်ခဲ့ပါတယ်။
နိုဝင်ဘာလရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး သွင်းဂိုးဆု ကိုတော့ ဆန်းဒါးလန်းနဲ့ ပွဲမှာ လှပတဲ့ သွင်းဂိုး ရရှိခဲ့တဲ့ ဘုန်းမောက် ကွင်းလယ်လူ တိုင်လာ အဒမ်နဲ့ Save of the Month ဆု ကိုတော့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရတဲ့ ပွဲမှာ လက်စွမ်းပြခဲ့တဲ့ အဲဗာတန် ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်က ၃ ကြိမ်မြောက် အဖြစ် ရရှိခဲ့ကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


