မန်ချက်စတာယူနိုက်တက် ကတော့ အခုတပတ် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးနဲ့ ပွဲကြီး ပွဲကောင်း နွှဲရမှာပါ။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ အသင်းရဲ့ အမာခံ နောက်ခံလူတွေ ဖြစ်တဲ့ ဟယ်ရီ မက်ဂွိုင်းယား နဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ မပါပဲ ဒီပွဲကို ကစားရမှာ ဖြစ်ပြီး သူတို့ အနေနဲ့ ဘယ်လိုမျိုး ကျော်ဖြတ်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပွဲပယ် ပြစ်ဒဏ်တွေကြောင့် ဗဟိုနောက်ခံလူ ရှားပါးတဲ့ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။ နက်ဖြန်ည စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားရမယ့် ချဲလ်ဆီးနဲ့ အရေးကြီးတဲ့ ပွဲစဉ် အတွက် မက်ဂွိုင်းယား မပါဝင်နိုင်ခြင်းက ယူနိုက်တက်ရဲ့ လူစာရင်းကို တော်တော်လေး အားနည်းနေစေပါတယ်။
မက်ဂွိုင်းယားဟာ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ အနီကတ်ပြခံခဲ့ရတာပါ။ ကွင်းထဲက ထွက်ခွာချိန်မှာ စတုတ္ထဒိုင်လူကြီးကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့တာကြောင့် FAရဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲဒီ စွဲချက်ကို မက်ဂွိုင်းယားက ပြန်လည် ချေပခြင်း မရှိဘဲ လက်ခံခဲ့တာကြောင့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ သူ့ကို တစ်ပွဲပယ်ပြစ်ဒဏ် နဲ့ ပေါင် ၃၀,၀၀၀ ထပ်မံ ဒဏ်ရိုက်ခဲ့ပါတယ်။
ဒါတင်မကသေးဘဲ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲမှာ လီဆန်ဒရို မာတီနက်ဇ်ပါ အငြင်းပွားဖွယ် အနီကတ်ပြခံခဲ့ရတာက အခြေအနေကို ပိုဆိုးသွားစေပါတယ်။ မာတီနက်ဇ်ဟာ ကဲလ်ဗတ် လီဝင်းနဲ့ အမြင့်ဘော ယှဉ်လုနေစဉ် ဆံပင် ဆွဲမိခဲ့တာကို VAR ပြန်ကြည့်ကာ အထုတ်ခံခဲ့ရတာပါ။ ထိတွေ့မှုက သာမန်ကာလျှံကာပဲ ဖြစ်ပေမယ့် ဥပဒေအရတော့ ဒါဟာ ကြမ်းတမ်းတဲ့ အပြုအမူ အဖြစ် သတ်မှတ်ခံရပါတယ်။ ဒါကြောင့် သူဟာ ၃ ပွဲပယ် ပြစ်ဒဏ် ကျခံရနိုင်ခြေ ရှိနေပြီး ယာယီ နည်းပြ မိုက်ကယ် ကာရစ်ခ် ကတော့ ဒါဟာ သူမြင်ဖူးသမျှ အဆိုးဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုလို့ ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။
ဗဟိုနောက်ခံလူ နှစ်ဦးသာ ကျန်ရှိတော့တဲ့ အခြေအနေ
မက်ဂွိုင်းယားနဲ့ မာတီနက်ဇ်တို့ ပွဲပယ်ခံရချိန်မှာ မားသီးယက်စ် ဒီလစ်ဂျ် ကလည်း နောက်ကျော ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ ဒါကြောင့် ယူနိုက်တက်မှာ လူငယ် ကစားသမားတွေ ဖြစ်တဲ့ လန်နီ ယိုရိုနဲ့ အေဒင် ဟဲဗန်းတို့ နှစ်ယောက်သာ ကျန်ရှိပါတော့တယ်။
လန်နီ ယိုရို ကတော့ အသက် ၂၀ အရွယ်သာ ရှိသေးပြီး မာတီနက်ဇ် ဒဏ်ရာရနေချိန်မှာ မက်ဂွိုင်းယားနဲ့ အတူ ပုံမှန် တွဲဖက်ကစားခဲ့သူပါ။ ဒါ့အပြင် အေဒင် ဟဲဗန်း ကတော့ အသက် ၁၉ နှစ်သာ ရှိနေသလို ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက ပွဲထွက်ကစားခွင့် မရသေးသူ ဖြစ်ပါတယ်။ နှစ်ယောက်ပေါင်း ၃၉ နှစ်ပဲ ရှိတဲ့ ဒီလူငယ် အတွဲအဖက်ကို အသုံးပြုဖို့က အတွေ့အကြုံပိုင်းမှာ တော်တော်လး စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။
ကက်စ်မဲရိုးကို နောက်တန်းပို့မလား

တခြား နည်းလမ်း တစ်ခုကတော့ ကက်စ်မဲရိုးကို နောက်ခံလူ အဖြစ် ဆင်းကစားခိုင်းဖို့ပါ။ သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ဒဏ်ရာ ပြဿနာတွေကြောင့် အဲဒီ နေရာမှာ ကစားပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့ကို နောက်တန်း ပို့လိုက်ရင် ကွင်းလယ်မှာ လစ်ဟာသွားမှာ ဖြစ်သလို သူကိုယ်တိုင် ကလည်း နောက်တန်းမှာ ကစားရရင် အမှားတွေ လုပ်လေ့ ရှိသူ ဖြစ်ပါတယ်။
လက်ရှိမှာ ကွင်းလယ်လူ ကိုဘီ မိန်းနူး ကလည်း ဒဏ်ရာကြောင့် ချဲလ်ဆီးနဲ့ ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာသေးတာကြောင့် မန်ဝဲလ် အူဂါတေး တစ်ယောက်ပဲ စီနီယာ ကွင်းလယ်လူ အဖြစ် ကျန်ရှိပါတော့တယ်။ ဘရူနို ဖာနန်ဒက်စ်ကို ကွင်းလယ် Deep Role အထိ ဆင်းကစားခိုင်းလို့ ရပေမယ့် သူဟာ တိုက်စစ် လိုက်ပါတဲ့ (No. 10 Role) မှာ ကစားမှသာ အသင်း အတွက် ပိုထိရောက်တာကြောင့် ဒါဟာလည်း ခက်ခဲတဲ့ ဆုံးဖြတ်ချက် ဖြစ်နေပါတယ်။ အရေးပေါ် အခြေအနေ ဆိုရင်တော့ လူငယ်ကစားသမား အမွှာ ညီအစ်ကို ဖြစ်တဲ့ ဖလက်ချာ ညီအစ်ကို ဒါမှမဟုတ် မက်ဇရာရီကို ကွင်းလယ်မှာ အသုံးပြုရနိုင်ပါတယ်။
ချဲလ်ဆီးနဲ့ ပွဲ ရလဒ်က ဘယ်လောက် အထိ အရေးကြီးသလဲ
ဒီပွဲရလဒ်ဟာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ဇယား အဆင့် ရပ်တည်မှု အတွက် အလွန်အရေးကြီးပါတယ်။ ယူနိုက်တက် နိုင်ခဲ့ရင် ချဲလ်ဆီးနဲ့ ရမှတ် ကွာဟချက်က ၁၀ မှတ် အထိ တိုးမြှင့်နိုင်မှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခြေအနေ အတော့်ကို ကောင်းသွားမှာပါ။ တဖက်မှာလည်း ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် အဆင့် ၁၀ နေရာ အထိ ထိုးကျသွားနိုင်ပါတယ်။ ယူနိုက်တက် ရှုံးခဲ့ရင်တော့ ချဲလ်ဆီးနဲ့ ၄ မှတ်ပဲ ကွာတော့မှာ ဖြစ်ပြီး ကျန်ရှိတဲ့ ပွဲစဉ် ၅ ပွဲမှာ အမှားခံလို့ မရတော့တဲ့ ဖိအားတွေ ကြုံရနိုင်ပါတယ်။
ဒီတော့ ယူနိုက်တက် အနေနဲ့ အားနည်းချက်တွေကို အကောင်းဆုံး ဖာထေးပြီး ရလဒ်ကောင်း တစ်ခု ရှာဖွေသွားနိုင်မလား။ ဒါမှမဟုတ် ယိုင်နဲ့ နေတဲ့ ချဲလ်ဆီး ကပဲ ယူနိုက်တက်ရဲ့ အားနည်းချက်ကို အကောင်းဆုံး အသုံးချပြီး နှစ်သင်းကြားက ရမှတ် ကွာဟချက်ကို လျှော့ချသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း ပြောကြားရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


