နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“ဆေးလ်ဗား ထွက်ခွာသွားတာဟာ ကျွန်တော့်ရဲ့ အစိတ်အပိုင်းတစ်ခု ဆုံးရှုံးလိုက်ရသလိုပါပဲ” – ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

ဘာနာဒို ဆေးလ်ဗား ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးမှာ ၉ နှစ်ကြာ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆေးလ်ဗားက ဒီရာသီကုန်မှာ အသင်း ကနေ ထွက်ခွာပြီး သူ့ရဲ့ စီးတီး ကစားသမား ဘဝကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

ဒီလိုမျိုး အသင်းခေါင်းဆောင် ဘာနာဒို ဆေးလ်ဗား ထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာက သူ့ရဲ့ အစိတ်အပိုင်း တစ်ခု အသင်း ကနေ ထွက်ခွာသွားသလိုမျိုး ခံစားနေရတယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်မှာ မိုနာကို ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ပေါ်တူဂီ လက်ရွေးစင် ဆေးလ်ဗားဟာ ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ဒီတစ်ပတ်အတွင်းမှာပဲ တရားဝင် ကြေညာခဲ့တာပါ။

ဆေးလ်ဗားဟာ မန်စီးတီးနဲ့ အတူ (၉) နှစ်တာ အတွင်း ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အပါအဝင် အဓိက ဆုဖလား ၁၅ လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆေးလ်ဗားက ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ခရာဘောင်ဖလား ၅ ကြိမ် အထိ ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ကစားမယ့် အာဆင်နယ်နဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ ဂွါဒီယိုလာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ဒီလို ကစားသမားမျိုးတွေ ထွက်ခွာသွားတဲ့ အခါ ကျွန်တော့်ရဲ့ အစိတ်အပိုင်း တစ်ခုလည်း ပါသွားသလို ခံစားရပါတယ်။ သူ မရှိတဲ့ အသင်းကို စိတ်ကူးကြည့်ဖို့တောင် ခက်ခဲပါတယ်။ သူဟာ (၉) နှစ်တာ အတွင်း မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်ပေးခဲ့ပြီး အသင်း အတွက် အလွန်အမင်း အရေးပါတဲ့သူပါ။ သူနဲ့ အတူ ကျွန်တော်တို့ ဆုဖလား ၁၉ လုံး အထိ (ပြိုင်ပွဲစုံ) အတူတူ ဆွတ်ခူးခဲ့ပြီးပြီ။ အခုလည်း နောက်ထပ် ဖလား နှစ်လုံး အတွက် ဆက်လက် ကြိုးပမ်းနေပါတယ်။ သူဟာ ထိုက်တန်တဲ့ ဂုဏ်ပြုမှုတွေနဲ့ ထွက်ခွာခွင့် ရဖို့ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။” လို့ ဂွါဒီလိုလာက ဆိုပါတယ်။

ပြီးခဲ့တဲ့ တပတ် ချဲလ်ဆီးကို ၃-၀ နဲ့ နိုင်တဲ့ ပွဲဟာ ဆေးလ်ဗား အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၂၉၇ ပွဲမြောက် ဖြစ်ပါတယ်။
မန်စီးတီး အတွက် ပရီးမီးယားလိဂ်မှာ ၄၅ ဂိုး သွင်းယူပေးထားတဲ့ ဘာနာဒို ဆေးလ်ဗား

ပြီးခဲ့တဲ့ တပတ် ချဲလ်ဆီးကို ၃-၀ နဲ့ နိုင်တဲ့ ပွဲဟာ ဆေးလ်ဗား အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၂၉၇ ပွဲမြောက် ဖြစ်ပါတယ်။ ဒါဟာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပေါ်တူဂီ ကစားသမား တစ်ဦးရဲ့ အများဆုံး ပွဲထွက်မှု စံချိန်လည်း ဖြစ်နေပါတယ်။

ဒါ့အပြင် ဆေးလ်ဗားဟာ မန်စီးတီး သမိုင်းမှာ ဒါးဗစ် ဆေးလ်ဗား (၃၀၉ ပွဲ) ပြီးရင် ပရီးမီးယားလိဂ်မှာ အသင်း အတွက် ပွဲအများဆုံး ကစားပေးသူ အဖြစ် ရပ်တည်နေပါတယ်။ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆေးလ်ဗားဟာ စီးတီး အတွက် ပရီးမီးယားလိဂ်မှာ ၄၅ ဂိုး သွင်းယူပေးထားပြီး ဂိုးဖန်တီးမှု အကြိမ် ၅၀ အထိ ပြုလုပ်ပေးထားပါတယ်။

ဆက်လက်ပြီး ဂွါဒီယိုလာက အီဒါဆန်၊ ဒီဘရွန်းနား၊ ဂွန်ဒိုအန်၊ ဝေါလ်ကာနဲ့ အာကန်ဂျီ တို့လို အသင်းမှာ အောင်မြင်မှုတွေ အများကြီး ရယူပေးခဲ့တဲ့ ဝါရင့်ကစားသမားတွေဟာ တစ်ဖြည်းဖြည်း အသင်းမှာ မရှိတော့ကြောင်း ပြောကြားခဲ့ပါတယ်။ တစ်ဖက် မှာလည်း ရာယန် ချာကီ လိုမျိုး ပရီးမီးယားလိဂ် ဖလား တစ်ခါမှ မရဖူးသေးတဲ့ ကစားသမားသစ်တွေနဲ့ အသင်းကို ပြန်လည် တည်ဆောက်သွားရမယ့် အခြေအနေကိုလည်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။“ပွဲထွက်ကစားမယ့် ကစားသမားတွေထဲမှာ သူတို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးရတော့မယ့်သူတွေ အများကြီး ရှိနေပါတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ သူတို့ ဘယ်လို တုံ့ပြန်ကြမလဲ ဆိုတာ ကျွန်တော် မသိနိုင်ပါဘူး။ လောကမှာ ကိုယ်တိုင် ထိန်းချုပ်လို့မရတဲ့ အရာတွေ အများကြီး ရှိနေပါတယ်။” လို့ ဂွါဒီလိုလာက ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်