နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

နယူးကာဆယ် အပေါ်မှာ သစ္စာရှိကြောင်း ဖွင့်ဟလာတဲ့ အက်ဒီဟောင်းဝ် | ပရီးမီးယားလိဂ်

နယူးကာဆယ်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း နည်းပြ အက်ဒီ ဟောင်းဝ်က စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဆက်ရှိနေလိုကြောင်း ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဟောင်းဝ်က သူ့ အနေနဲ့ ပရီးမီးယားလိဂ် ကလပ် အပေါ် အပြည့်အဝ သစ္စာရှိကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ဥရောပ ပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ဝေဖန်ခန့်မှန်းချက်တွေကို အက်ဒီ ဟောင်းဝ်က ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်က လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၁၂ နေရာ၌ ရပ်တည်နေပြီး အဆင့် ၅ အတွင်း ဝင်ဖို့ ၆ မှတ် အကွာနဲ့ ရုန်းကန်နေရပါတယ်။ မတ်လ နိုင်ငံတကာ ပွဲစဉ် ပိတ်ရက် မတိုင်ခင် ကလည်း ပြိုင်ဘက် ဆန်းဒါးလန်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ် မှာလည်း ဟန်ဆီ ဖလစ်ခ်ရဲ့ ဘာစီလိုနာကို နှစ်ကျော့ပေါင်း ၈-၃ နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့က စတင်ပြီး နယူးကာဆယ်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၆ ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။ ဒါဟာ ဒီကာလ အတွင်း စပါးနဲ့ အတူ ရှုံးပွဲ အများဆုံး အသင်း ဖြစ်နေပါတယ်။

နောက်ဆုံး ၉ ပွဲမှာ နယူးကာဆယ် ရရှိခဲ့တဲ့ ၉ မှတ်ထက် နည်းတဲ့ အသင်းတွေ ကတော့ လိဒ်စ်ယူနိုက်တက်၊ ဘန်လေနဲ့ စပါး တို့သာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်က အက်ဒီဟောင်းဝ်ဟာ နယူးကာဆယ်ကို ၁၉၅၅ ခုနှစ် နောက်ပိုင်း ပထမဆုံးသော ပြည်တွင်းဖလား (ခရာဘောင်ဖလား) ရရှိအောင် စွမ်းဆောင်ပေးထားပေမယ့်လည်း လက်ရှိ ရလဒ်တွေကြောင့် သူ့ရဲ့ ရာထူးမှာ မရေမရာ ဖြစ်လာခဲ့ပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့က စတင်ပြီး နယူးကာဆယ်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၆ ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။
နယူးကာဆယ် အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၁၇၂ ပွဲမှာ ၈၂ ပွဲ အနိုင်ရအောင် စွမ်းဆောင်ထားတဲ့ အက်ဒီ ဟောင်းဝ်

တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အက်ဒီ ဟောင်းဝ်က အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော့် အတွက် ဘာမှပြောင်းလဲမသွားပါဘူး။ ဒီအလုပ် အပေါ် ကျွန်တော် ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားပါတယ်။ ကျွန်တော့် ဘက်က သစ္စာရှိမှုက ဘယ်တုန်းကမှ ယိမ်းယိုင်မသွားခဲ့ပါဘူး။ အသင်းကို ပိုမိုတောင့်တင်းအောင် ပြန်လည် တည်ဆောက်ဖို့ ဒီပိတ်ရက်တွေမှာ အလုပ်လုပ်နေပါတယ်။ အခုခေတ်မှာ ရေရှည် အတွက် ကြည့်ဖို့ ဆိုတာ ခက်ခဲပေမယ့် ကျန်ရှိနေတဲ့ ၇ ပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့နဲ့ ကစားသမားတွေ အသင့် ဖြစ်နေဖို့ပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်။” လို့ အက်ဒီ ဟောင်းဝ်က ဆိုပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ စတိဗ် ဘရုစ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ခဲ့ပြီးနောက် အက်ဒီ ဟောင်းဝ်က နယူးကာဆယ် အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၁၇၂ ပွဲမှာ ၈၂ ပွဲ အနိုင်ရအောင် စွမ်းဆောင်ထားပါတယ်။ သူဟာ ဘော်ဘီ ရော့ဘ်ဆင်နဲ့ ကယ်ဗင် ကီးဂန်းတို့ တင်ရှိထားသည့် ကလပ် စံချိန် (၈၃ ပွဲနိုင်) ကို လိုက်မီဖို့ ၁ ပွဲသာ လိုပါတော့တယ်။

လာမယ့် ပဲလေ့စ်နဲ့ ပွဲဟာ အက်ဒီ ဟောင်းဝ် အတွက် ပရီးမီးယားလိဂ် နည်းပြ ဘဝ ၃၆၃ ပွဲမြောက် ဖြစ်လာမှာ ဖြစ်ပြီး ဟိုဆေး မော်ရင်ညိုနဲ့ တူညီသွားကာ သမိုင်းတစ်လျှောက် ပွဲအများဆုံး ကိုင်တွယ်တဲ့ နည်းပြ စာရင်းမှာ အဆင့် ၁၀ နေရာ ချိတ်သွားမှာ ဖြစ်ပါတယ်။ အသင်းရဲ့ အားကစားဒါရိုက်တာ ပေါလ် မစ်ချယ်နဲ့ သဘောထား တင်းမာမှုတွေ ရှိခဲ့ပေမယ့်လည်း အက်ဒီ ဟောင်းဝ်က အသင်းရဲ့ ရေရှည် အလားအလာမှာ အလွန် ခိုင်မာကြောင်းနဲ့ သတ်မှတ်ထားတဲ့ အစီအစဉ်တွေထက်တောင် စောစောစီးစီး တိုးတက်နေကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဘတ်ဂျက်ထက် သာလွန်သော စွမ်းဆောင်ရည်မျိုး ပြသနိုင်ရန် လိုအပ်ကြောင်းလည်း သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်