နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

သောမက်စ် ဖရန့်ခ်၊ အီဂေါ တူဒါ တို့ထက် ပိုကောင်းသူ မဟုတ်ကြောင်း နှိမ့်ချ ပြောဆိုခဲ့တဲ့ ဒီဇာဘီ | ပရီးမီးယားလိဂ်

ရော်ဘတ်တို ဒီဇာဘီ ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးရဲ့ ဒီရာသီ တတိယမြောက် နည်းပြ ဖြစ်လာပြီး သူ့ရဲ့ ပထမဆုံးပွဲဦးထွက် အဖြစ် ဆန်းဒါးလန်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

စပါး ကတော့ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွားပြီး တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအချိန်မှာ သူတို့ရဲ့ နည်းပြသစ် ဒီဇာဘီက သူဟာ အရင်က နည်းပြခဲ့တဲ့ သောမတ်စ် ဖရန့်ခ် ဒါမှမဟုတ် အီဂေါ တူဒါ တို့ထက် ပိုကောင်းတဲ့သူ မဟုတ်ကြောင်း ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ နှိမ့်ချပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်း ကမှ စပါးနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့တဲ့ ဒီဇာဘီဟာ နောက်ဆုံး ၅ ပွဲမှာ ၁ မှတ်သာ ရယူပေးနိုင်ခဲ့တဲ့ နည်းပြ တူဒါရဲ့ နေရာကို အစားထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဝုဗ်ကို ဝက်စ်ဟမ်းက ၄-၀ နဲ့ အနိုင်ရရှိသွားတာကြောင့် စပါးဟာ တန်းဆင်းဇုန်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒီဇာဘီဟာ သူ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ၄ သင်း (ဆာဆူအိုလို၊ ရှက်တာဒိုးနက်နဲ့ မာဆေးလ်) ထဲက ၃ သင်းမှာ ပွဲဦးထွက်တွေ အနိုင်ရရှိထားပါတယ်။ ဘရိုက်တန် မှာတုန်း ကတော့ လစ်ဗာပူးလ်ကို ၃-၃ နဲ့ သရေကျခဲ့ပြီး ပထမဆုံး ၅ ပွဲ စလုံးမှာ နိုင်ပွဲမရခဲ့တဲ့ မှတ်တမ်းဆိုး ရှိနေပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ နောက်ဆုံး နည်းပြ ၁၀ ဦးမှာ ပွဲဦးထွက် ရှုံးနိမ့်ခဲ့သူက တူဒါ (အာဆင်နယ်ကို ၄-၁ နဲ့ ရှုံးပွဲ) တစ်ဦးတည်းသာ ရှိပါတယ်။ ကျန်တဲ့သူတွေ ကတော့ ၆ ပွဲနိုင်၊ ၃ ပွဲ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဒီဇာဘီက ဆန်းဒါးလန်းနဲ့ ပွဲစဉ် မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်ဟာ သောမတ်စ် ဖရန့်ခ် ဒါမှမဟုတ် အီဂေါ တူဒါတို့ထက် ပိုကောင်းတဲ့သူ မဟုတ်ပါဘူး။ သူတို့က တကယ့်ကို တော်တဲ့ နည်းပြတွေပါ။ ကျွန်တော် ကတော့ ကိုယ်ပိုင်ဟန်၊ စရိုက်၊ ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်အားထက်သန်မှုတွေကို ယူဆောင်လာပြီး ကစားသမားတွေရဲ့ အရည်အသွေးကို ထုတ်ပြနိုင်ဖို့ပဲ ကြိုးစားမှာပါ။” လို့ ဆိုပါတယ်။

စပါး ကတော့ ပရီးမီးယားလိဂ် ၁၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပေမယ့်လည်း ထူးခြားချက်က ရရှိထားတဲ့ ရမှတ် ၃၀ ထဲက ရမှတ် ၂၀ ကို အဝေးကွင်း ပွဲစဉ်တွေ ကနေ ရရှိထားတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ ၁၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်နေခဲ့တဲ့ စပါး

ဆက်လက်ပြီး ဒီဇာဘီက “အဓိက ပန်းတိုင်က တန်းမဆင်းရဖို့ပါ။ လောလောဆယ်မှာ ကစားကွက် တည်ဆောက်ပုံတွေ၊ မူဝါဒတွေ အတွက် အချိန် အများကြီး မရှိပါဘူး။ ဘောလုံးရှိတာ၊ မရှိတာထက် အသင်းကို စနစ်တကျ ရှိစေချင်တာပါ။ ကစားသမားတွေရဲ့ စိတ်ဓာတ်၊ ရဲရဲဝံ့ဝံ့ ကစားလိုစိတ်နဲ့ တိုက်စစ်ဆင်လိုစိတ်ကို ပျိုးထောင်ပေးသွားမှာပါ။” လို့ ဆိုပါတယ်။

ဆန်းဒါးလန်း ကတော့ နောက်ဆုံးပွဲမှာ နယူးကာဆယ်ကို ၂-၁ နဲ့ အနိုင်ရရှိထားပြီး ပရီးမီးယားလိဂ် အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။ ဆန်းဒါးလန်း နည်းပြ ရီဂျစ် လီ ဘရစ် ကလည်း ဒီဇာဘီဟာ အိုင်ဒီယာ ကောင်းပြီး ကိုယ်ပိုင်ဟန် ပြတ်သားတဲ့ နည်းပြကောင်း တစ်ဦး ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့်လည်း စပါးလို အသင်းကြီး တစ်သင်းဟာ အခုလို ရလဒ်တွေ ဆိုးရွားပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ အချိန်မှာ ပိုပြီး ခန့်မှန်းရ ခက်ခဲကြောင်း၊ ပရီးမီးယားလိဂ်ဟာ အမှားမခံဘဲ အလွန်ပင်ပန်းတဲ့ လိဂ် ဖြစ်ကြောင်းလည်း ၎င်းက သတိပေး ပြောကြားခဲ့ပါတယ်။

ဆန်းဒါးလန်းဟာ လက်ရှိမှာ ခြေစွမ်းတက်နေပြီး နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲ အနိုင်ရထားပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်း ၃ ပွဲဆက် ရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုး ကိုတော့ ချိုးဖျက်ဖို့ လိုအပ်နေပါတယ်။ စပါး ကတော့ ပရီးမီးယားလိဂ် ၁၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပေမယ့်လည်း ထူးခြားချက်က ရရှိထားတဲ့ ရမှတ် ၃၀ ထဲက ရမှတ် ၂၀ ကို အဝေးကွင်း ပွဲစဉ်တွေ ကနေ ရရှိထားတာ ဖြစ်ပါတယ်။

စပါးဟာ ဆန်းဒါးလန်းနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၁၅ ပွဲ စလုံးမှာ ရှုံးနိမ့်ထားခြင်း မရှိပေမယ့်လည်း (၁၀ ပွဲ နိုင်၊ ၅ ပွဲ သရေ)၊ လက်ရှိ ရုန်းကန်နေရတဲ့ အခြေအနေအရ ဒီပွဲဟာ နည်းပြသစ် ဒီဇာဘီ အတွက်တော့ တကယ့်ကို ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်လာဖို့ သေချာနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်