ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ် ကတော့ အဆိုးရွားဆုံး အချိန်တွေကို ကြုံတွေ့ခဲ့ရပြီးနောက် ရက်အနည်းငယ် အကြာမှာတော့ သူ့ အနေနဲ့ သူ့အသင်းကို ပိုချစ်မိလာတယ်လို့ ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြီးနောက် နောက်ဆုံး ၂ ပွဲဆက် ပြန်လည် အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။
ကာဒစ်ဖ်စီးတီးကို ခရာဘောင်ဖလားမှာ အနိုင်ရပြီးနောက် အန်ဇို မာရက်စကာက သူဟာ ချဲလ်ဆီးမှာ လုံးဝ ပျော်ရွှင်နေပြီး သူ့အသင်းကို ပိုချစ်မိလာကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ကာဒစ်ဖ်စီးတီးကို ၃-၁ နဲ့ အနိုင်ရပြီးနောက် ခရာဘောင်ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
စနေနေ့က ပရီးမီးယားလိဂ်မှာ အဲဗာတန်ကို ၂-၀ ရလဒ်နဲ့ အနိုင်ရပြီးနောက် အန်ဇို မာရက်စကာက သူ့ရဲ့ အခက်ခဲဆုံး ၄၈ နာရီကို ဖြတ်သန်းခဲ့ရတယ်လို့ ဝန်ခံပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။ သူက အဲဗာတန်နဲ့ ပွဲစဉ် မတိုင်ခင် နှစ်ရက် အလိုမှာ “ကျွန်တော် အသင်းကို ရောက်ရှိလာပြီး နောက်ပိုင်း လူတွေက ကျွန်တော့်နဲ့ အသင်းကို မထောက်ခံကြတာက အဆိုးရွားဆုံးပါပဲ။” လို့ ပြောဆိုခဲ့ပါတယ်။
ကာဒစ်ဖ်စီးတီးကို တောင်ပိုင်း ဝေးလ်စ် ပြည်နယ်မှာ အနိုင်ရခဲ့ပြီးနောက် မှာတော့ အန်ဇို မာရက်စ်ကာက “သတင်းစာ ရှင်းလင်းပွဲတွေမှာ အကြိမ်ပေါင်းများစွာ ကျွန်တော် ပြောခဲ့တာက အားပေးမှုတွေက အမြဲတမ်း ရှိနေတယ် ဆိုတာပါပဲ။ ကမ္ဘာပေါ်မှာ ရှိတဲ့ ပရိသတ်တွေက အနိုင်မရတဲ့ အခါမှာ သူတို့ မပျော်ရွှင်ဘူး ဆိုတာ သိပါတယ်။ ဒါကြောင့် တချို့အချိန်တွေမှာ ပွဲတွေ မနိုင်တဲ့အခါ သူတို့ မပျော်ကြဘူး။ ဒါပေမယ့် ဒါက ပုံမှန်ပါပဲ။ ဒါပေမယ့် အလုံးစုံ ပြောရရင် ပရိသတ်တွေက ကျွန်တော် တို့နဲ့ အမြဲရှိနေခဲ့ပါတယ်။

Sky Sports နဲ့ အင်တာဗျူးမှာ မာရက်စ်ကာက ထပ်လောင်း ပြောကြားရာ မှာတော့ “ကျွန်တော် ပြောခဲ့တာက ဒီလိုပွဲမျိုးတွေက ကစားသမားတွေကို ပိုချစ်မိစေတယ်လို့ပါ။ ဘာလို့လဲ ဆိုတော့ ပြိုလဲဖို့ ဘယ်လောက် လွယ်လဲ ဆိုတာ မတွေးတတ်လို့ပါ။ ဘာလို့လဲ ဆိုတော့ ဒါတွေက ခက်ခဲတဲ့ ပွဲတွေ ဖြစ်လို့ပါ။ ဒီညမှာ အဓိကထားခဲ့တာက ကျွန်တော်တို့ ဆီမီးဖိုင်နယ်ကို ရောက်ရှိဖို့ပါပဲ။ ပရိသတ်တွေရဲ့ အားပေးမှုက အမြဲတမ်း ရှိနေခဲ့ပါတယ်။ ကျွန်တော် တို့က မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေတာပါ။ ကျွန်တော် လုပ်သမျှ အရာ အားလုံးက အကုန်လုံး အတွက် အကောင်းဆုံးတွေကို လိုချင်လို့ပါ။ ပြောချင်တာ ကတော့ ပရိသတ်တွေ၊ ကစားသမားတွေနဲ့ လူတိုင်း အတွက်ပါ။” လို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးက ကာဒစ်ဖ်စီးတီးကို အဝေးကွင်းမှာ ၁-၃နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးက လူစားဝင် ကစားသမား ဂါနာချိုရဲ့ ခြေစွမ်းပြမှုနဲ့ အတူ နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး အနေနဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် အဆင့်ကို သက်တောင့်သက်သာ တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် မှာတော့ ချဲလ်ဆီးက မန်စီးတီးနဲ့ ထိပ်တိုက် တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ လာမယ့် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားဖို့ ရှိနေပြီးတော့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ အက်စတီဗာအို ကတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


