ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ကတော့ သူ့အနေနဲ့ ငွေကြေးနောက်သို့ လိုက်နေသူ မဟုတ်ကြောင်း ပြောကြားလာပါတယ်။ ဒါ့အပြင် သူက အသင်းနဲ့ အတူ ကြီးကျယ် ခမ်းနားတဲ့ အောင်မြင်မှုတွေ ဆွတ်ခူးလိုတဲ့ ရည်မှန်းချက်သာ ရှိကြောင်းလည်း ထပ်လောင်း ပြောကြားလိုက်ပါတယ်။
ဘရူနိုဟာ ၂၀၂၀ ပြည့်နှစ်မှာ ယူနိုက်တက်ကို ရောက်ရှိလာပြီး နောက်ပိုင်း ၂၀၂၂-၂၃ ရာသီ ခရာဘောင်ဖလားနဲ့ နောက်တစ်နှစ်မှာ အက်ဖ်အေဖလား တို့ကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ၂၀၂၀-၂၁ နဲ့ ၂၀၂၄-၂၅ ရာသီ ယူရိုပါလိဂ် ဗိုလ်လုပွဲတွေ အပြင် ၂၀၂၃ ခုနှစ် အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာလည်း ကံမကောင်းစွာနဲ့ ရှုံးနိမ့်ခဲ့ရဖူးပါတယ်။
ဒါပေမယ့်လည်း သူ့အနေနဲ့ ယူနိုက်တက်ကို အင်္ဂလန် ဘောလုံးလောကရဲ့ ထိပ်ဆုံး နေရာကို ပြန်လည် ပို့ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ချက် အပြည့် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ သူက The Sunday Times ကို ပြောကြားရာ မှာတော့ “ကျွန်တော် တို့ရဲ့ မျှော်မှန်းချက်က အမြဲတမ်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ပါပဲ။ လူတွေက ‘မင်းက ပိုက်ဆံပို ရဖို့၊ စာချုပ်ကောင်းကောင်းရဖို့ လုပ်နေတာပဲ’ လို့ ထင်ကြပါလိမ့်မယ်။ မဟုတ်ပါဘူး၊ ကျွန်တော် ယူနိုက်တက်ကို လာတာဟာ ဆုဖလားတွေ ရယူချင်လို့ပါ။ ပိုက်ဆံ ဆိုတာ ဘယ်နေရာမှာ မဆို ရနိုင်ပါတယ်။ ပရီးမီးယားလိဂ်၊ အီတလီနဲ့ စပိန်က ကလပ် အသင်း အများကြီးက လစာကောင်းကောင်း ပေးနိုင်ကြပါတယ်။ ဒါပေမယ့် ဒီကလပ်ကို လာရတာဟာ အသင်းရဲ့ သမိုင်းကြောင်းကြောင့်နဲ့ ကိုယ်တိုင် ဘာတွေ အောင်မြင်အောင် လုပ်နိုင်မလဲ ဆိုတဲ့ ယုံကြည်ချက်ကြောင့်ပါ။” လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဘရူနို ကတော့ အသင်း အနေနဲ့ သူနဲ့ ရည်မှန်းချက်ချင်း တူညီနေသရွေ့ ယူနိုက်တက် မှာသာ ဆက်ရှိနေလိုကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် အသင်းကို အမြဲပြောတာက ‘ပရီးမီးယားလိဂ် ဖလား ယူနိုင်ရမယ်လို့ ကျွန်တော့်ကို ကတိပေးပါ’ ဆိုတာမျိုး မဟုတ်ပါဘူး။ ဒါက မဖြစ်နိုင်မှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်စွမ်း ရှိပါမယ်လို့ ကတိပေးရင် အဲ့ဒါ ကျွန်တော့် အတွက် လုံလောက်ပါပြီ။ ကျန်တာ ကတော့ ကျွန်တော့်ရဲ့ အကောင်းဆုံး ပုံစံကို ထုတ်ပြပြီး အသင်းဖော်တွေကို ကူညီပေးဖို့ပဲ ဖြစ်ပါတယ်။” လို့ ဘရူနို ဖာနန်ဒက်စ်က ဆိုပါတယ်။
ဘရူနိုဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် အကောင်းဆုံး ခြေစွမ်း ပြသနေပြီး ပရီးမီးယားလိဂ်မှာ ၈ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁၆ ကြိမ် အထိ ပြုလုပ်ထားပါတယ်။ သူဟာ ယူနိုက်တက် သမိုင်းတစ်လျှောက် တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု အများဆုံး စံချိန်ကို ချိုးထားပြီး ဖြစ်သလို ကီဗင် ဒီဘရွန်းနားနဲ့ သီယာရီ အွန်နရီတို့ တင်ထားတဲ့ တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု အကြိမ် ၂၀ စံချိန်ကို မှီဖို့ ၄ ကြိမ်သာ လိုပါတော့တယ်။
လက်ရှိမှာ ယာယီ နည်းပြ မိုက်ကယ် ကာရစ်ခ်ရဲ့ ဦးဆောင်မှု အောက်မှာ ရလဒ်ကောင်းတွေ ဆက်တိုက် ရရှိနေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ လိဒ်စ်ယူနိုက်တက်နဲ့ မကစားခင် ဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


