လစ်ဗာပူးလ် ဂန္ထဝင် နောက်ခံလူ အန်ဒီ ရောဘတ်ဆန် ကတော့ ပရီးမီးယားလိဂ် ကလပ်နဲ့ ၉ နှစ်ကြာ လက်တွဲခဲ့ပြီးနောက် ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ဟာ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့သလို လစ်ဗာပူးလ် ဘက်ကလည်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
စကော့တလန် လက်ရွေးစင်အသင်း ခေါင်းဆောင်ဟာ ၂၀၁၇ ခုနှစ်မှာ ဟားလ်စီးတီး ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် လစ်ဗာပူးလ် အတွက် ပွဲပေါင်း ၃၇၃ ပွဲ အထိ ပါဝင်ကစားပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ လစ်ဗာပူးလ် ကစားသမားဘဝ တစ်လျှောက်မှာ ဂိုးဖန်တီးမှု ၆၉ ကြိမ်၊ သွင်းဂိုး ၁၃ ဂိုး သွင်းယူခဲ့ပါတယ်။ ဆုဖလား အောင်မြင်မှုတွေ အနေနဲ့တော့ ပရီးမီးယားလိဂ် ဖလား (၂) ကြိမ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား (၂) ကြိမ်နဲ့ တခြားသော အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့ကာလတုန်းက ရောဘတ်ဆန်ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါး ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ လစ်ဗာပူးလ်ရဲ့ နောက်တန်း ကစားသမားတွေ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် အသင်းကို ကူညီဖို့ အတွက် စာချုပ်နောက်ဆုံး ၆ လ အထိ ဆက်နေဖို့ သူက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ “အန်ဖီးလ်မှာ ၉ ရာသီကြာ အလွန် အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီးနောက် စကော့တလန် အသင်းခေါင်းဆောင်ဟာ ဒီနွေရာသီမှာ စာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ သူဟာ အသင်း အတွက် ၃၇၃ ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီး လွန်ခဲ့တဲ့နှစ်တွေက အောင်မြင်မှုတွေမှာ အဓိကနေရာက ပါဝင်ခဲ့သူ ဖြစ်လို့ လစ်ဗာပူးလ်ရဲ့ ဂန္ထဝင် တစ်ဦး အဖြစ် ထွက်ခွာသွားမှာပါ။” လို့ ဖော်ပြထားပါတယ်။

ဒီရာသီမှာ ဘုန်းမောက် ကနေ မီလော့စ် ကာကက်ဇ် ရောက်ရှိလာတာကြောင့် ရောဘတ်ဆန်ဟာ ပွဲထွက်ခွင့် ၁၅ ပွဲသာ ရရှိခဲ့ပြီး အခန်းကဏ္ဍ အနည်းငယ် လျော့ပါးလာခဲ့ပါတယ်။ ရောဘတ်ဆန်က အသင်းရဲ့ မီဒီယာ ချန်နယ် ကနေ တစ်ဆင့် အခုလိုပဲ ရင်ဖွင့်စကား ပြောကြားခဲ့ပါတယ်။ “လစ်ဗာပူးလ်လို အသင်းမျိုး ကနေ ထွက်ခွာဖို့ ဆိုတာ ဘယ်တော့မှ မလွယ်ကူပါဘူး။ ဒီကလပ်ဟာ လွန်ခဲ့တဲ့ ၉ နှစ်လုံးလုံး ကျွန်တော့် ဘဝနဲ့ ကျွန်တော့် မိသားစု အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားတွေ ဆိုတာ တစ်ချိန်မှာ ရှေ့ဆက်သွားရမှာပါ။ အသင်းနဲ့ ပရိသတ်တွေ ကတော့ အမြဲရှိနေမှာပါ။ ကျွန်တော် ဒီမှာ အံ့သြဖို့ကောင်းတဲ့ ၉ နှစ်တာကို ဖြတ်သန်းခဲ့ရပါတယ်။”
“ပြီးခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့်မှာ အသင်း ကနေ ထွက်ခွာခွင့်တွေ အများကြီး ရခဲ့ပေမယ့် ဒီကလပ်ကို ခွဲခွာဖို့ အရမ်းခက်ခဲလွန်းလို့ အခွင့်အရေးတွေကို လက်မခံခဲ့တာ လူတိုင်း သိပါတယ်။ အဲ့ဒီဆုံးဖြတ်ချက် အတွက်လည်း ကျွန်တော် ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘောလုံး လောကက အမြဲပြောင်းလဲနေတယ်။ အသင်းတွေ ကလည်း အမြဲရှေ့ဆက်နေတယ် ဆိုတာ ကျွန်တော် သိပါတယ်။ အခုအချိန်က ကျွန်တော့် အတွက် နောက်တစ်ဆင့်ကို တက်လှမ်းဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။”
“ဒီကလပ်မှာ ရခဲ့တဲ့ အမှတ်တရတွေကို ကျွန်တော် အမြဲပြန်ကြည့်နေမှာပါ။ ၉ နှစ်လုံးလုံး ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ရော၊ နှလုံးသားပါ ပုံအောပေးခဲ့လို့ ဘာနောင်တမှ မရှိပါဘူး။ ဒီကလပ်နဲ့ ပရိသတ်တွေဟာ ကျွန်တော့် အတွက်တော့ တစ်ကမ္ဘာလုံးပါပဲ။ ဒါဟာ တကယ့်ကို အမှတ်တရ ဖြစ်စရာ ခရီးစဉ် တစ်ခုပါပဲ။” လို့ ရော်ဘတ်ဆန်က ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


