နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပရီးမီးယားလိဂ် လက်ကျန် ၇ ပွဲနဲ့ စိတ်ဝင်စားစရာ အခြေအနေ ၇ ခု

သောကြာနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် စတင်တော့မှာ ဖြစ်ပြီးတော့ ရာသီသိမ်းဖို့ ကလည်း ၇ ပွဲ သာ ကျန်ရှိပါတော့တယ်။ “ ကမ္ဘာ့အကောင်းဆုံးလိဂ်” လို့ တင်စားရတဲ့ ဒီပြိုင်ပွဲမှာ အသင်းတိုင်းနီးပါးဟာ ရည်မှန်းချက် ကိုယ်စီ အတွက် တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ရာသီသိမ်းဖို့ ၇ ပွဲသာ ကျန်ရှိတော့ချိန်မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အဖြစ် ရှိနေတဲ့ အကြောင်းရင်း ၇ ခုကို အခုလိုပဲ ရွေးချယ်ဖော်ပြလိုက်ပါတယ်။

 

၁။ အာဆင်နယ်တို့ ဖလား ကိုင်မြောက်နိုင်မလား

လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က အာဆင်နယ်ဟာ ဆုဖလား ၄ လုံး (Quadruple) မျှော်လင့်ချက် ရှိခဲ့ပေမယ့် အခုတော့ ခရာဘောင်ဖလားနဲ့ အက်ဖ်အေဖလား တို့ကနေ မမျှော်လင့်ဘဲ ထွက်ခဲ့ရတာကြောင့် ဖလား ၂ လုံးပဲ မျှော်လင့်နိုင်ပါတော့တယ်။ ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် ဖလားနဲ့ နီးစပ်ပြီးမှ လက်လွှတ်ခဲ့ရတဲ့ ဒဏ်ရာဟောင်းတွေက အာဆင်နယ်ကို စိုးရိမ်စိတ်တွေ ဝင်နေစေမှာတော့ အသေအချာပါပဲ။ ဒါပေမဲ့ လိဂ်ဇယားမှာ ဒုတိယနေရာက မန်စီးတီးထက် ၉ မှတ် (မန်စီးတီးက ၁ ပွဲလျော့) အသာရထားတာကြောင့် အခွင့်အရေး ကတော့ တော်တော်လေး သာလွန်နေပါတယ်။ Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ အာဆင်နယ် ချန်ပီယံဖြစ်ဖို့ ၉၇.၃ ရာခိုင်နှုန်း အထိ သေချာနေပါတယ်။

 

၂။ ချန်ပီယံလိဂ် ဝင်ခွင့် လက်ကျန် ၃ နေရာကို ဘယ်အသင်းတွေ ရသွားမလဲ

ဒီနှစ် ပရီးမီးယားလိဂ် ကနေ အဆင့် ၅ ထိ ချန်ပီယံလိဂ် ဝင်ခွင့် ရမှာဖြစ်လို့ အာဆင်နယ်နဲ့ မန်စီးတီးတို့ ပြီးရင် နေရာ ၃ ခု ကျန်နေပါလိမ့်မယ်။ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်က ခြေစွမ်း အမှန်ဆုံး အသင်း ဖြစ်နေပြီး အဆင့် ၃ မှာ အခိုင်အမာ ရှိနေပါတယ်။ အက်စတွန်ဗီလာ ကတော့ အဆင့် ၄ မှာ ရှိနေပေမယ့် နောက်ဆုံး ၁၃ ပွဲမှာ ၄ ပွဲသာ အနိုင်ရထားလို့ ခြေစွမ်းယိမ်းယိုင်နေပါတယ်။ လစ်ဗာပူးလ်က အဆင့် ၅ နေရာမှာ ရှိနေပေမယ့် လက်ကျန် ပွဲစဉ်တွေက တော်တော်လေး ကျပ်တည်းနေပါတယ်။ ချဲလ်ဆီး ကလည်း ခြေစွမ်း မမှန်ပေမဲ့ ချန်ပီယံလိဂ် အတွေ့အကြုံကြောင့် အဓိက စိန်ခေါ်သူ ဖြစ်နေပါတယ်။

 

၃။ ဥရောပပြိုင်ပွဲတွေမှာ မျက်နှာသစ် အသင်းတွေ ပါလာမလား

အဆင့် ၆ နဲ့ ၇ ကလည်း ဥရောပ ပြိုင်ပွဲ ဝင်ခွင့်ရမှာ ဖြစ်လို့ အသင်းတော်တော်များများ မျှော်လင့်ချက် ရှိနေပါတယ်။ ဥရောပပြိုင်ပွဲ တစ်ခါမှ မကစားဖူးသေးတဲ့ ဘရန့်ဖို့ဒ်နဲ့ ဘုန်းမောက် တို့ဟာ အခွင့်အရေးကောင်း ရှိနေသလို၊ ပဲလေ့စ်၊ ဘရိုက်တန်၊ ဆန်းဒါးလန်း တို့လို အသင်းတွေ ကလည်း နောက်တစ်ကြိမ် ဥရောပပြိုင်ပွဲဆီ ဝင်ရောက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

 

၄။ ဒီဇာဘီက စပါးကို ကယ်တင်နိုင်မလား

စပါးတို့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ရောက်နေတာက ဒီရာသီရဲ့ အကြီးမားဆုံး အံ့အားသင့်စရာပါ။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ တစ်မှတ် အကွာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါး

စပါးတို့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ရောက်နေတာက ဒီရာသီရဲ့ အကြီးမားဆုံး အံ့အားသင့်စရာပါ။ အသင်း နည်းပြသစ် ဒီဇာဘီ အနေနဲ့ အသင်းကို တန်းမဆင်းရအောင် ကယ်တင်ဖို့ ၂ ပွဲ ဒါမှမဟုတ် ၃ ပွဲလောက် အနိုင်ရဖို့ လိုအပ်နေပါတယ်။ စူပါကွန်ပျူတာကတော့ စပါး တန်းဆင်းဖို့ ၂၆.၂ ရာခိုင်နှုန်း ရှိနေတယ်လို့ တွက်ချက်ထားပါတယ်။

 

၅။ ဘရူနို ဖာနန်ဒက်စ် အသစ်စံချိန်တင်နိုင်မလား

သီဟာရီ အွန်နရီရဲ့ တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု အကြိမ် ၂၀ စံချိန်ကို ချိုးဖျက်ဖို့ ဘရူနို ဖာနန်ဒက်စ် ကြိုးစားနေပါတယ်။ လက်ရှိမှာ သူက ၁၆ ကြိမ် ဖန်တီးထားပြီး လက်ကျန် ၇ ပွဲမှာ ဂိုးဖန်တီးမှု ၅ ကြိမ် ထပ်လုပ်နိုင်ရင် စံချိန်သစ် တင်နိုင်မှာပါ။

 

၆။ ရှုံးထွက်ဖလား ပြိုင်ပွဲတွေက လိဂ်ပွဲတွေကို အနှောင့်အယှက် ဖြစ်စေမလား

အသင်း ၈ သင်းဟာ ဥရောပနဲ့ ပြည်တွင်းဖလား ပြိုင်ပွဲတွေမှာ ဆက်ရှိနေဆဲပါ။ အာဆင်နယ်နဲ့ မန်စီးတီးတို့ အတွက် ပရီးမီးယားလိဂ် ဖလားက အရေးကြီးသလို၊ တန်းဆင်းဇုန်က နော့တင်ဟမ်ဖောရက်စ်နဲ့ လိဒ်စ်တို့ အတွက်တော့ ဖလား ရဖို့က တန်းဆင်းရတာထက် ပိုတန်ဖိုးရှိမလား ဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

 

၇။ ဝုဗ်အသင်း တန်းမဆင်းရအောင် စွမ်းဆောင်နိုင်မလား

ဝုဗ်အသင်းဟာ ပထမ ၁၉ ပွဲမှာ တစ်ပွဲမှ မနိုင်ခဲ့ပဲ ရမှတ် ကလည်း ၃ မှတ်သာ ရခဲ့ပေမယ့် အခုတော့ တန်းမဆင်းရဖို့ မျှော်လင့်ချက် အနည်းငယ် ပြန်ရှိလာပါတယ်။ စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက် ၁၀,၀၀၀ မှာ ၇ ကြိမ် ကတော့ ဝုဗ်ဟာ တန်းမဆင်းပဲ လွတ်မြောက်ခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ မဖြစ်နိုင်သလောက် ခက်ခဲပေမယ့် ဘောလုံးမှာတော့ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်