နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခြေစွမ်းကျဆင်းနေတဲ့ ဘရန့်ဖို့ဒ်ကို ကျော်ဖြတ်ဖို့ မခက်ခဲနိုင်တဲ့ မန်စီးတီး | ခရာဘောင်ဖလား (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – ဘရန့်ဖို့ဒ်

အခုတစ်ပတ် ကြားရက် မှာတော့ ခရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေ ကစားဖို့ ရှိပြီးတော့ မန်ချက်စတာစီးတီးက ဘရန့်ဖို့ဒ်ကို အက်တီဟတ်မှာ ရင်ဆိုင်ကစားဖို့ ရှိနေပါတယ်။ လက်ရှိမှာ နိုင်ပွဲတွေ ဆက်နေတဲ့ မန်စီးတီးတို့ ဆုဖလား တစ်လုံး မျှော်လင့်ချက် အတွက် အရေးပါတဲ့ ပွဲစဉ် တစ်ပွဲမှာ မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ ဘရန့်ဖို့ဒ်ကို အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ကတော့ နယူးကာဆယ်နဲ့ လေဗာကူဆင်ကို ရှုံးပြီးနောက် ပြီးခဲ့တဲ့ ၅ ပွဲဆက် နိုင်ပွဲ ပြန်ရထားပါတယ်။ အဲဒီ ၅ ပွဲမှာ မန်စီးတီးက တိုက်စစ် ပုံစံကောင်း တစ်ခုကို ပြသထားနိုင်ပြီး အားနည်းချက်တွေ ရှိခဲ့တဲ့ ခံစစ်ပိုင်း ကလည်း ပြီးခဲ့တဲ့ ပွဲတွေမှာ ပြန်လည် ကောင်းမွန်လာတာ တွေ့ရပါတယ်။ မန်စီးတီးရဲ့ ဒီရာသီ ခရာဘောင်ဖလား ဖြတ်သန်းမှုတွေကို ပြန်ကြည့်ရင်တော့ ဟက်ဒါဖီးလ်တောင်း၊ ဆွမ်ဆီး တို့လို အသင်းငယ်တွေကို ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအဆင့် မှာတော့ မန်စီးတီး အနေနဲ့ ပရီးမီးယားလိဂ် ကလပ်ချင်း တွေ့ဆုံနေတာ ဖြစ်သလို၊ ဒီလို ပြိုင်ပွဲတွေမှာ အသင်းတိုင်းက အားစိုက်တတ်တာကြောင့် ပေါ့ဆလို့ မရပါဘူး။

ဘရန့်ဖို့ဒ်လို အသင်း အတွက် ကလည်း ခရာဘောင်ဖလား ဆိုတာမျိုးက နီးစပ်တဲ့ ဆုဖလား မျှော်လင့်ချက် တစ်ခု ဖြစ်လို့ အားစိုက်လာမှာပါ။ ဒါပေမယ့်လည်း လက်ရှိမှာ ဘရန့်ဖို့ဒ်က အနိမ့်ပိုင်း ရောက်နေပြီး ပြီးခဲ့တဲ့ ပွဲတွေမှာ ရလဒ်ပိုင်း ကလည်း အားရစရာ လုံးဝ မရှိနေပါဘူး။ ဘရန့်ဖို့ဒ်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ဘန်လေ တစ်သင်းတည်းကိုသာ အနိုင်ရထားပြီး ရှုံးပွဲ ကလည်း ၃ ပွဲ အထိ ရှိထားပါတယ်။ ဒါ့အပြင် ပျားတွေက အဓိက ကစားသမား တချို့ လွဲချော်ဖို့ ရှိနေခြင်းနဲ့ အတူ အကောင်းဆုံး ပုံစံ ရနေတဲ့ မန်စီးတီးကို ကျော်ဖြတ်ဖို့က တော့ မျှော်လင့်ချက် တော်တော်လေး နည်းနေတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ဘရန့်ဖို့ဒ်လို အသင်း အတွက် ကလည်း ခရာဘောင်ဖလား ဆိုတာမျိုးက နီးစပ်တဲ့ ဆုဖလား မျှော်လင့်ချက် တစ်ခု ဖြစ်လို့ အားစိုက်လာမှာပါ။
ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ မရထားတဲ့ ဘရန့်ဖို့ဒ်

အခုပွဲကိုတော့ မန်စီးတီး ဘက်က ဂျရယ်မီ ဒိုကု၊ ဂျွန် စတုန်းစ်၊ ကိုဗာချစ်၊ ရိုဒရီတို့ လွဲချော်မှာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ် ဘက်မှာတော့ ရိစ် နဲလ်ဆင်၊ ဖေဘီယို ကာဗယ်ဟို၊ ဒါဆေးလ်ဗားတို့ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာစီးတီး – ထရက်ဖို့ဒ်၊ လီဝစ်၊ ကူဆာနော့ဗ်၊ အေခီ၊ အိုရွိုင်လီ၊ ရိုင်ဒါးစ်၊ ဆေးလ်ဗား၊ ဘော့ဘ်၊ ချာကီ၊ ဆာဗင်ညို၊ ဟာလန်း

ဘရန့်ဖို့ဒ် – ဗယ်ဒီမာဆင်၊ ကာယိုဒီ၊ ကောလင်းန်၊ ဗန်ဒန်ဘက်ဂျ်၊ ဟင်နရီ၊ ဟန်ဒါဆန်၊ ယာမိုလစ်ခ်၊ ချာဒီ၊ ဒမ်းစ်ဂတ်၊ လီဝစ် ပေါ်တာ၊ အီဂေါ သီယာဂို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြိုင်ပွဲစုံ ၉ ကြိမ် တွေ့ဆုံမှုမှာ မန်စီးတီးက ၆ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ဘရန့်ဖို့ဒ်က ၂ ကြိမ် အနိုင်ရထားပါတယ်။ မန်စီးတီး အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၄ ကြိမ် မှာတော့ မန်စီးတီးက ၃ ကြိမ် နိုင်ပြီး ၁ ကြိမ်သာ ရှုံးထားပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ မန်စီးတီးက ၅ ပွဲစလုံး အနိုင်ရထားပြီး ဘရန့်ဖို့ဒ် ကတော့ ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်ချက်စတာစီးတီး နိုင်ရင် ၁.၃၅ ဆ ရမှာ ဖြစ်ပြီး ဘရန့်ဖို့ဒ် နိုင်ရင်တော့ ၆.၇၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၄.၆၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ မန်စီးတီး ဘက်က တစ်လုံး အရှုံးလောက်အထိ ပေါက်နေပြီး ဂိုးပေါင်းကြေး ကလည်း နည်းနည်း မြင့်နေပါတယ်။ ခရာဘောင်ဖလား အောင်မြင်မှုဟာ မန်စီးတီးထက် ဘရန့်ဖို့ဒ် အတွက် ပိုအရေးပါမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂွါဒီယိုလာရဲ့ အရန် တိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည်က ပြိုင်ဘက် ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ မခက်ခဲနိုင်တာကြောင့် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားဖို့ သေချာနေပါတယ်။ ဂိုးတော့ မပြတ်နိုင်ပါဘူး။

 

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၂-၁ ဘရန့်ဖို့ဒ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်