နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရိုဒရီ (သို့မဟုတ်) အန်ဇို ဖာနန်ဒက်ဇ် – ရီးရဲလ်မက်ဒရစ်က ဘယ်သူ့ကို ခေါ်ယူသင့်လဲ။ | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က လာမယ့် နွေရာသီမှာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ရှိနေပါတယ်။ ဒါပေမယ့် လော့စ်ဘလန်ကိုတို့ ဘယ်လိုပုံစံနဲ့ အားဖြည့်မလဲ ဆိုတာ ဒီရာသီ လက်ကျန် ပွဲစဉ် ရလဒ်တွေ အပေါ် မူတည်နေပါတယ်။ 

လာလီဂါမှာ ဇယား ထိပ်ဆုံးက ဘာစီလိုနာနဲ့ ၇ မှတ် ကွာဟနေတာ၊ ကိုပါဒယ်ရေးဖလားမှာ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာ၊ စပိန်စူပါဖလားမှာ ခါးသီးစွာ ရှုံးနိမ့်ခဲ့ရတာတွေကြောင့် ဥက္ကဌ ဖလောရန်တီနို ပီရက်ဇ် အတွက် လက်မခံနိုင်စရာ ဖြစ်တဲ့ “ ဖလား လက်မဲ့ရာသီ” နဲ့ ရင်ဆိုင်ရနိုင်ခြေ တော်တော်လေး များနေပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်က ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ မန်စီးတီးကို အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီး သူတို့ကို လျှော့တွက်လို့ မရကြောင်း သက်သေပြထားနိုင်ဆဲ ဖြစ်ပါတယ်။ 

လာလီဂါ ကလပ်ဟာ တိုနီ ကရူးစ်နဲ့ လူကာမိုဒရစ်တို့ ထွက်ခွာသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ ကွင်းလယ် ဟာကွက်ကို ဖြည့်ဆည်းဖို့ လိုအပ်နေတာပါ။ ဒါကြောင့် လက်ရှိမှာ ချဲလ်ဆီးက အန်ဇို ဖာနန်ဒက်ဇ်နဲ့ မန်စီးတီးက ရိုဒရီ တို့က အသင်းရဲ့ အဓိက ပစ်မှတ်တွေ ဖြစ်လာနေပါတယ်။

 

ဘယ်လို ကွင်းလယ် ကစားသမားမျိုးကို ရီးရဲလ် ပိုလိုအပ်သလဲ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဟာ ပုံမှန်အားဖြင့် နည်းစနစ်ပိုင်းထက် နာမည် ကျော်ကြားမှုတွေကို ဦးစားပေးလေ့ ရှိတဲ့ အသင်းပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ပွဲကိုထိန်းချုပ်နိုင်စွမ်း လျော့နည်းလာမှုက ခရူးစ်နဲ့ မိုဒရစ် တို့လို တည်ငြိမ်မှုပေးနိုင်သူတွေ မရှိတော့တာကြောင့်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်ဟာ Long Ball ပေးပို့မှုတွေမှာ ထူးချွန်ပေမယ့်လည်း ခံစစ်ပိုင်းနဲ့ ကြံ့ခိုင်မှုပိုင်းမှာ အားနည်းချက်တွေ ရှိနေပါတယ်။ အာဂျင်တီးနားသားက Box-to-box ကစားသမား အဖြစ် ပိုကောင်းအောင် ကစားနိုင်ပေမယ့်လည်း ကွင်းလယ်မှာ Deep Role ကစားမယ် ဆိုရင် အကူအညီများစွာ လိုအပ်မှာ ဖြစ်ပါတယ်။ 

ဒီအခြေအနေမှာ ရိုဒရီ ကတော့ ပိုပြီး ပြည့်စုံတဲ့ ကစားသမား ဖြစ်ပါတယ်။ ဘယ်လွန်ဒေါဆုရှင် ဖြစ်တဲ့ အလျောက် ကွင်းလယ် တစ်ခုလုံးကို စိုးမိုးနိုင်စွမ်း ရှိပြီး ဖိအားတွေကြားမှာ တည်ငြိမ်သလို ခန္ဓာကိုယ် ကြံ့ခိုင်မှုလည်း ကောင်းမွန်သူ ဖြစ်ပါတယ်။ ရိုဒရီက ရီးရဲလ်မက်ဒရစ်ကို “ အခိုက်အတန့်” အပေါ် မူတည်တဲ့ အသင်းမျိုး ကနေ ဥရောပကို “ စိုးမိုးနိုင်တဲ့” အသင်းမျိုး ပြန်ဖြစ်အောင် ပြောင်းလဲပေးနိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။

 

ပြောင်းရွှေ့ကြေး နှိုင်းယှဉ်ချက်

လာလီဂါ ကလပ်ဟာ တိုနီ ကရူးစ်နဲ့ လူကာမိုဒရစ်တို့ ထွက်ခွာသွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ ကွင်းလယ် ဟာကွက်ကို ဖြည့်ဆည်းဖို့ လိုအပ်နေတာပါ။
ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လိုကြောင်း ပြောကြားထားဖူးတဲ့ အန်ဇိုနဲ့ ရိုဒရီ

ရိုဒရီဟာ အရည်အသွေးပိုင်းမှာ ပိုသာသလို ဈေးနှုန်း ကလည်း ပိုမိုသက်သာနိုင်ပါတယ်။ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့မှာ ဖြစ်ပြီး မန်စီးတီး အနေနဲ့လည်း ထွက်ခွာလိုတဲ့ ကစားသမားကို တားဆီးလေ့ မရှိတာကြောင့် ဈေးနှုန်းချိုချိုသာသာဖြင့် ရရှိနိုင်ခြေ ရှိနေပါတယ်။

အန်ဇို ဖာနန်ဒက်ဇ် ကတော့ ချဲလ်ဆီးနဲ့ ၂၀၃၂ ခုနှစ် အထိ ရေရှည် စာချုပ် ရှိနေသူ ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူလိုရင်တော့ ချဲလ်ဆီး ပေးချေခဲ့တဲ့ ယူရို သန်း ၁၂၀ ဝန်းကျင်ထက် ပိုမိုတဲ့ ပမာဏနဲ့ ကမ်းလှမ်းရဖွယ် ရှိတာကြောင့် ရီးရဲလ်မက်ဒရစ် အတွက် များစွာ အခက်အခဲ ရှိနေနိုင်ပါတယ်။

 

ရေရှည်ကစားနိုင်မှု 

အသက် ၂၉ နှစ် ရှိပြီ ဖြစ်တဲ့ ရိုဒရီက ACL ဒူးအရွတ်ဒဏ်ရာမှ ပြန်လာကာ ခြေစွမ်းပြနေပေမယ့်လည်း ဒဏ်ရာဟောင်းက နောက်ဆက်တွဲ ပြဿနာရှိမရှိ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့်လည်း ခရူးစ်နဲ့ မိုဒရစ် တို့လို ထိပ်တန်း အဆင့်မှာ နှစ်အနည်းငယ် ထပ်မံ ကစားနိုင်ဖို့တော့ ရှိနေဆဲ ဖြစ်ပါတယ်။ 

အန်ဇို ကတော့ ရိုဒရီထက် ၄ နှစ်ခန့် ပိုမို ငယ်ရွယ်ပြီး ပြင်းထန်တဲ့ ဒဏ်ရာမှတ်တမ်း မရှိတဲ့ အတွက် ရေရှည် အတွက် ပိုမိုစိတ်ချရနိုင်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်