နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂီရိုနာနဲ့ သရေကျခဲ့ပြီး ချန်ပီယံ မျှော်လင့်ချက်ကို လက်လွှတ်ရဖို့ သေချာသလောက် ရှိလာတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

ရီးရဲလ်မက်ဒရစ် ကတော့ ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဂီရိုနာနဲ့ ၁-၁ သရေကျခဲ့တာကြောင့် ချန်ပီယံဆု မျှော်လင့်ချက်ကို လက်လွှတ်ရလုနီးပါး အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။

လာလီဂါ ဇယားထိပ်က ဘာစီလိုနာက ဒီနေ့ညမှ အက်စပန်ညိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဒီပွဲ ကိုသာ အနိုင်ရမယ် ဆိုရင် ဘာစီလိုနာနဲ့ ရမှတ် ကွာဟမှုကို ၄ မှတ် အထိ လျှော့ချနိုင်မယ့် အခွင့်အရေး ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲလ်ဗာရို အာဘီလိုအာရဲ့ အသင်းက မာယော့ကာ၊ ဘေယန်မြူးနစ် တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေက အတိုင်းပဲ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည် ကိုသာ ထပ်မံ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပထမပိုင်းမှာ အခွင့်အရေး သိပ်မရခဲ့ပေမယ့်လည်း ပွဲကစားချိန် ၅၁ မိနစ်တွင် ဖက်ဒရစ်ကို ဗယ်လ်ဗာဒီက ၂၅ ကိုက် အကွာ ကနေ ပြင်းထန်တဲ့ ကန်ချက်နဲ့ ရီးရဲလ်မက်ဒရစ် အတွက် ဦးဆောင်ဂိုးကို စတင်ရယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အပျော်တွေက ၁၁ မိနစ်သာ ခံခဲ့သည်။ ပွဲချိန် ၆၂ မိနစ်မှာ လီမာက ဧရိယာ အပြင် ဘက် ကနေ ဂိုးထောင့်ထဲကို အားပါပါ ကန်သွင်းကာ ဂီရိုနာ အတွက် အဖိုးတန် ချေပဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက် ရီးရဲလ်မက်ရစ်က ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့်လည်း ဂိုးရလောက်တဲ့ အခွင့်အရေးကောင်းတွေ မဖန်တီးနိုင်ခဲ့ပါဘူး။ ၈၆ မိနစ်မှာ ကီလီယန် အမ်ဘာပေရဲ့ ကောင်းမွန်တဲ့ ကန်ချက် ကိုလည်း ဂီရိုနာ ဂိုးသမား ဂါဇာနီဂါက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အကယ်၍ စနေနေ့ ပွဲစဉ်မှာ ဘာစီလိုနာသာ အနိုင်ရခဲ့ရင် ရီးရဲလ်မက်ဒရစ်နဲ့ ၉ မှတ် အထိ ကွာဟသွားတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်က လာမယ့် အင်္ဂါနေ့မှာ ချန်ပီယံလိဂ် နောက်တဆင့် တက်ရောက်နိုင်ရေး အတွက် ဘေယန်မြူးနစ်ကွင်းဆီ သွားရောက် ကစားရမယ့် ခက်ခဲတဲ့ ခရီးစဉ်လည်း ရှိနေပါသေးတယ်။ 

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ရီးရဲလ်မက်ဒရစ်က လာလီဂါ နောက်ဆုံး ၈ ပွဲ ဆက်တိုက် ဂိုးပေးခဲ့ရပြီး ဒါဟာ ၂၀၁၉ ခုနှစ် ဇီဒန်း လက်ထက် နောက်ပိုင်း သူတို့ရဲ့ အဆိုးရွားဆုံး ခံစစ် မှတ်တမ်း ဖြစ်လာခဲ့ပါတယ်။
လီမာရဲ့ နောက်ကျဂိုးကြောင့် သရေ တစ်မှတ်နဲ့ ကျေနပ်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်

မတ်လ အစပိုင်းက စပြီး ဖက်ဒရစ်ကို ဗယ်လ်ဗာဒီဟာ ပြိုင်ပွဲစုံမှာ ၇ ဂိုး အထိ သွင်းယူထားပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား ဖြစ်နေပါတယ်။ သူဟာ ဒီပွဲမှာ အသင်းဖော်တွေ အတွက် ဂိုးဖန်တီးမှု ၃ ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က ဒီနေ့ ပွဲမှာ ဂိုးကန်သွင်းခွင့် ၂၂ ကြိမ် အထိ ရခဲ့ပြီး ဂီရိုနာ (၁၀ ကြိမ်) ထက် အဆမတန် သာလွန်ခဲ့ပေမယ့်လည်း အနိုင်ဂိုး မရခဲ့ပါဘူး။ လက်ရှိ မှာတော့ ရီးရဲလ်မက်ဒရစ်က ပြိုင်ပွဲစုံမှာ ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပြီ ဖြစ်သည်။ ရီးရဲလ်မက်ဒရစ်က လာလီဂါ နောက်ဆုံး ၈ ပွဲ ဆက်တိုက် ဂိုးပေးခဲ့ရပြီး ဒါဟာ ၂၀၁၉ ခုနှစ် ဇီဒန်း လက်ထက် နောက်ပိုင်း သူတို့ရဲ့ အဆိုးရွားဆုံး ခံစစ် မှတ်တမ်း ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းတွင်း အခြေအနေက ဆိုးရွားနေပုံရပြီး အဲလ်ဗာရို အာဘီလိုအာရဲ့ နည်းပြ ရာထူး ကလည်း ရာသီကုန်မှာ အပြောင်းအလဲ ဖြစ်ဖို့ သေချာနေပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိ အခြေအနေအတိုင်း ဆိုရင် ဒီရာသီမှာလည်း ဖလား လက်မဲ့ ဖြစ်နိုင်ခြေ ရှိနေပြီး ဒါကိုတော့ ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် တစ်ယောက် ဘယ်လိုမှ လက်ခံနိုင်ဖို့တော့ မရှိပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်