ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ လာလီဂါ အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ပီအက်စ်ဂျီ အသင်းရဲ့ ညာနောက်ခံလူ အာချက်ဖ် ဟာကီမီ ကတော့ သူရဲ့ ငယ်ဘဝ ကလပ်ဟောင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ လာမယ့် နွေရာသီမှာ ပြန်လည် ပြောင်းရွှေ့လိုကြောင်း ရှင်းလင်းစွာ ပြောကြားထားသည်။ လက်ရှိ လာလီဂါ ကလပ်ရဲ့ ညာနောက်ခံလူ နေရာမှာ အလက်ဇန္တား အာနိုးလ် ခြေစွမ်းပြလာနိုင်တာကြောင့် ပွဲထွက်ခွင့် အတွက်တော့ တိုက်ပွဲဝင်ရဖို့ ရှိနေပါတယ်။
အေစီမီလန် တောင်ပံ ကစားသမား ရာဖေးလ် လီယာအိုကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ဘာစီလိုနာ အသင်းထံ ရောက်ရှိလာပါတယ်။ သူဟာ ဘာစီလိုနာ တိုက်စစ်မှူး ဖာရန်း တောရက်စ်နဲ့ အလဲအထပ် ပြုလုပ်မယ့် အစီအစဉ် ကိုလည်း လက်ခံသွားဖို့ အဆင်သင့် ရှိနေပါတယ်။
ဒန်နီ ကာဗာဟယ်နဲ့ ဒေးဗစ် အလာဘာတို့ နှစ်ဦးစလုံး ကတော့ လာမယ့် နွေရာသီ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာကြမှာ ဖြစ်ပါတယ်။ အန်တိုနီယို ရူဒီဂါ ကလည်း အသင်း ကနေ လိုက်ပါသွားနိုင်ပေမယ့်လည်း ဂျာမနီ နောက်ခံလူ အတွက် ကတော့ အပြီးသတ် ဆုံးဖြတ်ချက် မချရသေးပါဘူး။
ရိုးမား အသင်းရဲ့ ကွင်းလယ်လူ နေးလ် အယ်လ် အိုင်နာဝီကို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းစလုံးက ပစ်မှတ်ထားနေကြပါတယ်။ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီကစားသမားကို လိုက်ပ်ဇစ် ကလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။

အက်တလက်တီကိုမက်ဒရစ် ကတော့ လာလီဂါ ပြိုင်ဘက် ဘာစီလိုနာ ကွင်းလယ်လူ မာ့ခ် ကာဆာဒိုကို စိတ်ဝင်စားနေမှုကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်စ်နဲ့ အလဲအထပ် ပြုလုပ်နိုင်ခြေ ရှိတဲ့ ကိစ္စ ကလည်း ဖြစ်နိုင်ခြေ မရှိတော့ပါဘူး။
အာဆင်နယ် အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ဒီကလန် ရိုက်စ်ဟာ ဒီညကစားမဲ့ စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ် ပွဲမှာ ပါဝင်နိုင်ဖို့ မသေမချာ ဖြစ်နေပါတယ်။ ဒီကလန် ရိုက်စ်ဟာ အင်္ဂါနေ့၊ မနက်ပိုင်းက အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို လွဲချော်ခဲ့ပြီး အဲဒါက နည်းပြ မီခဲလ် အာတေးတား အတွက် ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ပထမအကျော့တုန်းက အဝေးကွင်းမှာ စပို့တင်းလစ္စဘွန်းကို ၁-၀ နဲ့ အနိုင်ရခဲ့ပြီး အဲဒီပွဲကို အဓိက,ကစားသမားတွေ ဖြစ်ကြတဲ့ ဆာကာ၊ ကာလာဖီအိုရီ၊ အိုဒီဂတ်၊ မီခဲလ် မာရင်နိုနဲ့ တင်ဘာတို့ လွဲချော်ခဲ့ကြပါတယ်။
လစ်ဗာပူးလ်ရဲ့ ပြင်သစ် နာမည်ကျော် တိုက်စစ် ကစားသမား ဟူဂို အစ်ကီတီကေးဟာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့တာကြောင့် ကွင်းထဲ ကနေ ထမ်းစင်နဲ့ သယ်ထုတ်ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ လက်ရှိ သူ့ရဲ့ ဒဏ်ရာ အခြေအနေအရ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားဖို့ မသေမချာ ဖြစ်သွားခဲ့ပါတယ်။
BBC podcast အစီအစဉ်မှာ ယူနိုက်တက် ဂန္တဝင် ဝိန်း ရွန်နီက မန်စီးတီး-အာဆင်နယ် ပွဲနဲ့ ပတ်သတ်လို့ သုံးသပ်မှုတွေ ပြုလုပ်လာပါတယ်။ ရွန်နီက “လာမယ့် ပွဲဟာ အရေးကြီးတဲ့ ပွဲစဉ် တစ်ပွဲပါပဲ။ တကယ်လို့ မန်စီးတီးသာ အနိုင်ရမယ် ဆိုရင် သူတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အလားအလာ ကောင်းသွားပါပြီ။ တကယ်လို့ အာဆင်နယ် အသင်း အနိုင်ရမယ် ဆိုရင် အာဆင်နယ် အတွက် အခွင့်အရေး ရရှိသွားမှာပါ။ ဒီပွဲက ချန်ပီယံဆု အတွက် အဆုံးအဖြတ်ပေးမယ့် ပွဲဖြစ်လာနိုင်ပါတယ်။ ကျွန်တော် ကတော့ မန်စီးတီးပဲ ၁-၀ နဲ့ အနိုင်ရသွားမယ်လို့ ထင်ပြီး တကယ်လို့ မန်စီးတီး နိုင်သွားရင်တောင် သူတို့ အတွက် ခြေတစ်လှမ်း အသာရသွားနိုင်ပေမယ့် ချန်ပီယံဆု အတွက် အားပြိုင်မှုက အဆုံးသတ်သွားမယ်လို့တော့ မထင်ပါဘူး။” ဆိုပြီး ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


