နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘိုလော့ဂ်နာကို ကျော်ဖြတ်ပြီး ပိုမို နီးကပ်လာခဲ့တဲ့ အူနိုင်း အမ်မရီရဲ့ အိမ်မက် | ယူရိုပါလိဂ်

အက်စတွန်ဗီလာ ကတော့ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ဘိုလော့ဂ်နာကို ၄-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ မော်ဂန် ရော်ဂျာစ်က ဂိုးသွင်းယူခဲ့သလို၊ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီး ပင်နယ်တီ တစ်လုံး လွဲချော်ခဲ့ပေမယ့် အက်စတွန်ဗီလာဟာ ဘိုလော့ဂ်နာကို နှစ်ကျော့ပေါင်း ရလဒ် ၇-၁ နဲ့ အပြတ်အသတ် အနိုင်ယူကာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာက ဒီနိုင်ပွဲကြောင့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် မှာတော့ အင်္ဂလန် ကလပ် အချင်းချင်း ထိပ်တိုက်တွေ့ဆုံမယ့်ပွဲ အဖြစ် နော့တင်ဟမ်ဖောရက်စ် အသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲချိန် ၁၆ မိနစ်မှာ လူးကပ် ဒစ်ဂ်နီး၊ အီမီလီယာနို ဘူအန်ဒီယာနဲ့ မော်ဂန် ရော်ဂျာစ် တို့ရဲ့ လှပတဲ့ အတွဲအဖက် ကနေ တဆင့် တိုက်စစ်မှူး အိုလီ ဝက်ကင်းစ်က အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီဟာ ဝက်ကင်းစ် အတွက် ဗီလာ ကစားသမားဘဝ ၁၀၀ ပြည့်မြောက်တဲ့ သွင်းဂိုးလည်း ဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာ ဘိုလော့ဂ်နာ နောက်ခံလူ မာတင် ဗစ်တစ် လက်ထိဘောကြောင့် ဗီလာတို့ ပင်နယ်တီ ရရှိခဲ့ပေမဲ့ ရော်ဂျာစ်ရဲ့ ကန်ချက်ကို ဂိုးသမားက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ၂၆ မိနစ်မှာ ပင်နယ်တီ လွဲပြီး စက္ကန့် ၆၀ တောင် မပြည့်ခင်မှာပဲ ဒစ်ဂ်နီးရဲ့ လူပစ်ဘောကနေ တဆင့် ဘူအန်ဒီယာ က ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်း ပြီးခါနီးမှာ ဂျွန် မက်ဂင်းန်ရဲ့ ပေးပို့မှု ကနေ မော်ဂန် ရော်ဂျာစ်က တတိယဂိုးကို အမှားအယွင်း မရှိ သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာတင် ၃-၀ နဲ့ ဗီလာတို့ ပွဲကို အပြတ်အသတ် စိုးမိုးထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၉ မိနစ် မှာတော့ နောက်ခံလူ အက်ဇ်ရီ ကွန်ဆာက ထောင့်ကန်ဘော ကနေ တဆင့် ပြန်ကျလာတဲ့ ဘောလုံးကို လှပတဲ့ Volley ကန်ချက်နဲ့ အတူ စတုတ္ထမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

အက်စတွန်ဗီလာက တစ်ပွဲလုံးမှာ မျှော်မှန်းဂိုး (xG) ၂.၄၂ အထိ ရရှိခဲ့ပြီး အဲဒီအထဲက ၂.၁၅ က ပထမပိုင်းမှာတင် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဗီလာတို့ ပွဲအစမှာ ဘယ်လောက် အထိ တိုက်စစ်ဆင်နိုင်ခဲ့သလဲ ဆိုတာကို ပြသနေပါတယ်။ ဥရောပ အဆင့် အဓိက ပြိုင်ပွဲ တစ်ခုရဲ့ ပထမပိုင်း မှာတင် ၃ ဂိုး အထိ ဦးဆောင်နိုင်ခဲ့တာဟာ အက်စတွန်ဗီလာ အသင်း သမိုင်းတစ်လျှောက် ၃ ကြိမ်မြောက်သာ ရှိပါသေးတယ်။ (ယခင်က ၁၉၈၁ ခုနှစ်မှာ ဗာလူ အသင်းနဲ့ ၁၉၈၂ ခုနှစ်မှာ ဘက်ဆစ်တပ် အသင်း တို့ကို အနိုင်ရစဉ်က အခုလို ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်)။

မော်ဂန် ရော်ဂျာစ်ဟာ ဒီရာသီ ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ ပထမပိုင်း ၄၅ မိနစ် အတွင်း မှာတင် ဂိုးကန်ချက် ၄ ကြိမ်နဲ့ အထက် ရှိပြီး ဂိုးရနိုင်တဲ့ အခွင့်အရေး ၃ ကြိမ်နဲ့ အထက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ယူရိုပါလိဂ် သမိုင်းတလျှောက် ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ အိုလီ ဝက်ကင်းစ် ကတော့ အက်စတွန်ဗီလာ အတွက် ပြိုင်ပွဲစုံ ဂိုး ၁၀၀ ပြည့် သွင်းယူပေးနိုင်ခဲ့တဲ့ ဂုဏ်ယူစရာ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်