ဖရိုင်းဘတ် – အက်စတွန်ဗီလာ
၂၀၂၆ ယူရိုပါလိဂ် ဗိုလ်လုပွဲကို အစ္စတန်ဘူလ်မြို့မှာ ကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး အက်စတွန်ဗီလာနဲ့ အားလုံးကို အံ့အားသင့်စေပြီး ဗိုလ်လုပွဲ တက်လာတဲ့ ဖရိုင်းဘတ်တို့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ဗီလာ အနေနဲ့ အဓိက ဆုဖလား တစ်ခုခုကို ဆွတ်ခူးနိုင်ဖို့ နှစ်ပေါင်း ၃၀ ကြာ စောင့်ဆိုင်းနေခဲ့ရပေမယ့်လည်း သူတို့ရဲ့ ပြိုင်ဘက် ဖရိုင်းဘတ် ကတော့ ဖလားလက်မဲ့ ဖြစ်နေတဲ့ သက်တမ်း ကတော့ ရာစုနှစ် တစ်ခုမက ကြာမြင့်နေပြီ ဖြစ်ပါတယ်။
အက်စတွန်ဗီလာ
၂၀၂၄ ခုနှစ်မှာ ကွန့်ဖရန့်လိဂ် ဆီမီးဖိုင်နယ်နဲ့ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တို့ကို တက်ရောက်နိုင်ခဲ့ပြီးနောက် အက်စတွန်ဗီလာက ဒီတကြိမ်မှာတော့ နောက်တစ်ဆင့် တက်လှမ်းကာ မျိုးဆက် တစ်ခု အတွင်း သူတို့ရဲ့ ပထမဆုံးသော ဥရောပဖလားကို အရယူဖို့ ရည်မှန်းနေပါလိမ့်မယ်။ ဗီလာက ဘေယန်မြူးနစ်ကို အနိုင်ယူပြီး ဥရောပ ဘုရင် အဖြစ် သရဖူဆောင်းခဲ့တာက ဆယ်စုနှစ်တွေ အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက်လာသည့် လမ်းခရီးမှာ ဗီလာက လိဂ်အဆင့်တုန်းက တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး အဆင့် ၂ နေရာနဲ့ နောက်တစ်ဆင့် တက်ခဲ့တာပါ။ အဲဒီနောက် လိုင်လီနဲ့ ဘိုလော့ဂ်နာ တို့ကို အလွယ်တကူ ကျော်ဖြတ်ကာ နော့တင်ဟမ်ဖောရက်စ် ကိုလည်း ဆီမီးဖိုင်နယ် ကနေ ဖြုတ်ချနိုင်ခဲ့ပါတယ်။
ဗိုလ်လုပွဲကို ရေပန်းအစားဆုံး အသင်း အဖြစ် ကစားရမယ့် ဗီလာက ၂၀၂၃-၂၄ ရာသီအစကတည်းက ဥရောပ ပြိုင်ပွဲတွေမှာ (၂၆) ပွဲအထိ အနိုင်ရထားပြီး ဘယ်အသင်းထက်မဆို နိုင်ပွဲ အများဆုံး ရရှိထားပါတယ်။ ဒါ့အပြင် အာဆင်နယ် (၁၉ ပွဲ) ပြီးရင် ပေးဂိုး မရှိ ပွဲစဉ် (Clean Sheet) အများဆုံး (၁၆ ပွဲ) ရရှိထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်ဖလားကို လေးကြိမ်တိုင်တိုင် ဆွတ်ခူးဖူးတဲ့ အမ်မရီသည် ဟိုဆေး မော်ရင်ညို ပြီးနောက် ကလပ် အသင်း ၄ သင်းကို ဥရောပ ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်တဲ့ ဒုတိယမြောက် နည်းပြ ဖြစ်လာမှာပါ။
ဖရိုင်းဘက်
၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အသင်းကို ဦးဆောင်ခဲ့တဲ့ နည်းပြဟောင်း ခရစ်စတီယန် စထရိုက်ချ်ရဲ့ ပြောင်မြောက်လှတဲ့ အုတ်မြစ်တွေ အပေါ် အခြေခံကာ တည်ဆောက်ထားတဲ့ ဂျာမန် ကလပ်က ၄ နှစ် အတွင်း သူတို့ရဲ့ တတိယမြောက် ယူရိုပါလိဂ် လှုပ်ရှားမှုမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပါးလှတဲ့ အသုံးစရိတ်နဲ့ နှိုင်းယှဉ်ရင် ဂျူလီယန် ရှုစတာရဲ့ အသင်းက လိဂ်အဆင့် ပထမ ၇ ပွဲမှာ ရှုံးပွဲမရှိ ကစားနိုင်ခဲ့ပြီးနောက် ရှုံးထွက်အဆင့်တွေ မှာလည်း ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူကာ ဗိုလ်လုပွဲဆီ တက်လှမ်းလာနိုင်ခြင်းက တကယ့်ကို မှတ်တမ်းတင်လောက်စရာ ခရီးစဉ် တစ်ခု ဖြစ်နေပါတယ်။

ဖရိုင်းဘတ်က ဂျန့်ခ်ကို နှစ်ကျော့ပေါင်းရလဒ် ၅-၂ နဲ့ အနိုင်ရပြီးနောက် ဆဲလ်တာဗီဂိုနဲ့ ဘရာဂါ တို့ကို အကောင်းဆုံး ကျောဖြတ်လာတာ ဖြစ်ပါတယ်။ ဂျာမန် ကလပ်က ယူရိုပါလိဂ် ရှုံးထွက် ၆ ပွဲမှာ ၄ ပွဲ အထိ အနည်းဆုံး ၃ ဂိုးစီ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ လက်ရှိအချိန် အထိ စုစုပေါင်း ၂၅ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့ အက်စတွန်ဗီလာ (၂၈ ဂိုး) တစ်သင်းတည်းသာ သူတို့ထက် ဂိုးပိုသွင်းထားနိုင်တာ ဖြစ်ပါတယ်။ အကယ်၍ ဖရိုင်းဘတ်သာ ဗီလာကို အနိုင်ယူနိုင်ခဲ့ရင် အသင်း သမိုင်းမှာ တစ်ကြိမ်မျှ မရရှိဖူးသေးတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ကိုပါ ရရှိမှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဖရိုင်းဘတ် ဘက်က ဒန်နီရယ် ကိုဖီ၊ ရိုဆန်ဖဲလ်ဒါ၊ အော်စတာဟေ့ဂျ်၊ ဆူဇူကီး တို့ လွဲချော်မှာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာ ဘက်မှာတော့ ဘူအန်ဒီယာ ပါဝင်ကစားဖို့ မသေချာသေးပဲ အိုနာနာ၊ ကာမာရာနဲ့ အက်ဒ်ဝက်ဒ် တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဖရိုင်းဘတ် – အာတူဘိုလူ၊ ကူဘလာ၊ ဂင်တာ၊ လင်းဟတ်၊ ထရူး၊ အက်ဂတ်စတိုင်း၊ ဟော့ဖ်လာ၊ ဘက်စ်တေ၊ မန်ဇမ်ဘီ၊ ဂရီဖို၊ မာတာနိုဗစ်
အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကတ်ရှ်၊ ကွန်ဆာ၊ တောရက်စ်၊ ဒစ်ဂ်နေး၊ လင်ဒီလော့ဖ်၊ တေးလီမန့်စ်၊ ဂျွန် မက်ဂင်းန် ၊ ရော်ဂျာစ်၊ ဘူအန်ဒီယာ၊ ဝက်ကင်းစ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ပထမဦးဆုံး အကြိမ် အဖြစ် ထိပ်တိုက် တွေ့ဆုံကစားကြမှာလည်း ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဖရိုင်းဘတ် နိုင်ရင် ၄.၉၂ ဆ၊ အက်စတွန်ဗီလာ နိုင်ရင် ၁.၆၂ ဆ၊ သရေ ဆိုရင်တော့ ၃.၅၇ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဗီလာ ဘက်ကပဲ ကြေးဖွင့်ထားပါတယ်။ နှစ်သင်းစလုံးက ဒီရာသီ ယူရိုပါလိဂ်ရဲ့ အိမ်ကွင်း ပွဲစဉ်တိုင်းကို ရာနှုန်းပြည့် အနိုင်ရလဒ်တွေနဲ့ အိမ်ကွင်းမှာ အစွမ်းပြနိုင်ခဲ့ကြပါတယ်။ ဒီပြိုင်ပွဲမှာ သွင်းဂိုး အများဆုံး သွင်းယူထားကြတဲ့ ကလပ် နှစ်သင်း ဖြစ်တာကြောင့် အစ္စတန်ဘူလ်မြေမှာ အပြန်အလှန် ဂိုးသွင်းယူမှု တချို့ကို မြင်တွေ့ရနိုင်ပြီး၊ အတွေ့အကြုံ ပိုမိုရင့်ကျက်မှုနဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ သိသာထင်ရှားတဲ့ အားသာချက်တွေ ပိုင်ဆိုင်ထားတဲ့ အက်စတွန်ဗီလာ ကပဲ ၁၉၈၂ ခုနှစ် နောက်ပိုင်း သူတို့ရဲ့ ပထမဆုံးသော ဥရောပဖလားကို ဆွတ်ခူးသွားနိုင်ဖို့ များပါတယ်။
ခန့်မှန်းရလဒ်
ဖရိုင်းဘတ် ၁-၂ အက်စတွန်ဗီလာ
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


