နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဝက်ကင်းစ် ခြေစွမ်းပြခဲ့ပြီး ဆီမီးဖိုင်နယ် တက်ဖို့ အသာရသွားတဲ့ ဗီလာ | ယူရိုပါလိဂ်

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ် မှာတော့ အက်စတွန်ဗီလာဟာ ဘိုလော့ဂ်နာကို အဝေးကွင်းမှာ ၁-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲ မှာတော့ တိုက်စစ်မှူး အိုလီ ဝက်ကင်းစ်က ၂ ဂိုး သွင်းယူကာ အသင်း အတွက် အဓိက ခြေစွမ်းပြသွားခဲ့ပြီး ဗီလာတို့ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ အသာစီးရယူနိုင်ခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

စတာဒီယို ရီနာတို ဒဲလ်အာရာ ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ အူနိုင်း အမ်မရီရဲ့ ဗီလာက ပွဲအစပိုင်းမှာတင် ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲချိန်အစောပိုင်းမှာ ဘိုလော့ဂ်နာ ကစားသမား ဆန်တီယာဂို ကတ်စထရိုက အက်ဇ်ရီ ကွန်ဆာနဲ့ ထိထွက်လာတဲ့ ဘောလုံးကို ရယူပြီး ဂိုးသွင်းယူနိုင်ခဲ့လို့ ဗီလာတို့ စိုးရိမ်ခဲ့ရပေမယ့် VAR ပြန်ကြည့်ရာမှာ လူကျွံနေတာကြောင့် ဂိုးအဖြစ် သတ်မှတ်ခြင်း မခံခဲ့ရပါဘူး။

အဲဒီနောက် ဘိုလော့ဂ်နာတို့ အခွင့်အရေး ထပ်မံ ရရှိခဲ့ပြီး လူးဝစ် ဖာဂူဆန်ရဲ့ အနီးကပ် ကန်ချက်ဟာ ဂိုးဘားတန်းကို ထိမှန်ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း ပြီးခါနီးမှာ ယူရီ တေးလီမန့်စ်ရဲ့ ထောင့်ကန်ဘောက တဆင့် အက်ဇ်ရီ ကွန်ဆာက ခေါင်းတိုက် သွင်းယူခဲ့လို့ ဗီလာတို့ ပထမပိုင်းမှာ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဒုတိယပိုင်း ၅၁ မိနစ် မှာတော့ ဘိုလော့ဂ်နာ နောက်ခံလူ ဟက်ဂ်ဂျမ်ရဲ့ အမှား ကနေ တဆင့် အီမီ ဘူအန်ဒီယာ ဘောလုံး ရရှိခဲ့ပြီး အိုလီ ဝက်ကင်းစ်က ဂိုးသမားရဲ့ ခြေထောက်ကြားထဲ ကနေ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဘိုလော့ဂ်နာ အတွက် ဂျိုနသန် ရိုးက ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့လို့ ပွဲက အကြိတ်အနယ် ရှိခဲ့ပေမယ့် ပွဲပြီးခါနီး မိနစ်ပိုင်း မှာပဲ တေးလီမန့်စ်ရဲ့ ထောင့်ကန်ဘောက တစ်ဆင့် ဝက်ကင်းစ် ကပဲ အနီးကပ် ပိတ်သွင်းပြီး ဗီလာ အတွက် အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဒါ့အပြင် ယူရိုပါလိဂ် အဝေးကွင်း ပွဲစဉ်တွေ မှာလည်း ၂ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒုတိယအကျော့ ဗီလာပါ့ခ်မှာ သက်တော့သက်သာ ကစားနိုင်တော့မယ့် အက်စတွန်ဗီလာ

အင်္ဂလန် တိုက်စစ်မှူး အိုလီ ဝက်ကင်းစ် ကတော့ ဥရောပ အဓိက ပြိုင်ပွဲကြီးတွေမှာ ၃ ပွဲ ဆက်တိုက် ဂိုးပါဝင် ပတ်သက်မှု (၃ ဂိုးသွင်း၊ ၁ ဂိုးဖန်တီး) ပြုလုပ်နိုင်ခဲ့တာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ် အဝေးကွင်း ပွဲစဉ်တွေ မှာလည်း ၂ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အက်စတွန်ဗီလာဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ၁၁ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒါဟာ ၂၀၀၇-၂၀၀၈ ဘောလုံးရာသီ နောက်ပိုင်း အသင်းရဲ့ အရှည်ကြာဆုံး ဂိုးသွင်းစံချိန် ဖြစ်လာပါတယ်။ ဘိုလော့ဂ်နာဟာ ဥရောပပြိုင်ပွဲ သမိုင်းတစ်လျှောက် ကိုယ့်အိမ်ကွင်းမှာ ၂ ဂိုး ကွာခြားချက်နဲ့ ပထမဆုံး အကြိမ် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အချက်အလက်တွေအရ ကြည့်မယ် ဆိုရင် ဘိုလော့ဂ်နာက ဂိုးကန်သွင်းချက် ၁၉ ကြိမ်မှာ မျှော်မှန်းဂိုး (xG) ၀.၉ ရှိခဲ့ပြီး၊ အက်စတွန်ဗီလာ ကတော့ ဂိုးကန်သွင်းချက် ၈ ကြိမ်မှာ မျှော်မှန်းဂိုး (xG) ကတော့ ၁.၆၄ အထိ ရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်း အချက်အလက်တွေအရ ဘိုလော့ဂ်နာဟာ ဂိုးကန်သွင်းခွင့် ပိုမိုရရှိခဲ့ပေမယ့် ဗီလ် ကတော့ ရရှိတဲ့ အခွင့်အရေးတွေကို ပိုမိုထိရောက်စွာ အသုံးချနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒီရလဒ်အရ အက်စတွန်ဗီလာဟာ ဒုတိယအကျော့ ဗီလာပါ့ခ်က ပွဲစဉ်ကို သက်တောင့်သက်သာ ကစားနိုင်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။ အက်စတွန်ဗီလာဟာ လာမယ့် ဧပြီ ၁၂ ရက်နေ့မှာတော့ နော့တင်ဟမ်ဖောရက်စ်နဲ့ ကစားရမှာ ဖြစ်ပြီး ဘိုလော့ဂ်နာ ကလည်း လက်ချီနဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်