နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပြိုင်ဘက်ရဲ့ လက်ဆောင်ဂိုးကြောင့် မျှော်လင့်ချက်တွေ ရှင်သန်ခဲ့ရတဲ့ ဖောရက်စ် | ယူရိုပါလိဂ်

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ပေါ်တူဂီ ကလပ် ပေါ်တိုနဲ့ နော့တင်ဟမ်ဖောရက်စ် တို့ရဲ့ ၁-၁ သရေကျခဲ့ပါတယ်။ ပေါ်တိုရဲ့ ထူးဆန်းတဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် တစ်ဂိုးစီ သရေရလဒ်နဲ့ ကျေနပ်ခဲ့ရတာ စီးတီးဂရောင်း ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့က အဆုံးအဖြတ် ဖြစ်လာတော့မှာပါ။

 

ပွဲစဉ်အကျဉ်း

အက်စတာဒီယို ဒို ဒရာဂါအို ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲရဲ့ ပွဲအစ မိနစ် ၂၀ အတွင်း မှာတင် ပွဲက တော်တော်လေး လှုပ်ခတ်ခဲ့ပါတယ်။ ပွဲစပြီး ၄၅ စက္ကန့် မှာတင် ပေါ်တိုတို့ ဂိုးရဖို့ အခွင့်အရေး ရခဲ့ပေမယ့် ဖောရက်စ် ဂိုးသမား စတီဖန် အော်တီဂါက တီရန် မော်ဖီနဲ့ ဘော်ဂျာ စိန့်စ် တို့ရဲ့ ကန်ချက်တွေကို လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် ၁၁ မိနစ် မှာတော့ ပေါ်တိုတို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပါတယ်။ ပါဘလို ရိုဆာရီယိုရဲ့ ဖန်တီး ပေးပို့မှုက တဆင့် ဂါဘရီ ဗိုင်ဂါက ဂိုးရှေ့ဖြတ်တင်ပေးရာမှာ ဝီလီယမ်စ် ဂိုးမက်စ်က အနီးကပ် ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်တိုရဲ့ ပျော်ရွှင်မှုဟာ ၂ မိနစ်သာ ကြာမြင့်ခဲ့ပြီး ပွဲချိန် ၁၃ မိနစ်မှာ နောက်ခံလူ မာတင် ဖာနန်ဒက်စ်က ဂိုးသမားဆီကို အပြင်းပေးလိုက်တဲ့ ဘောလုံးဟာ ဂိုးသမား ဒီယိုဂို ကော်စတာ မမီဘဲ ဂိုးထဲကို လိမ့်ဝင်သွားခဲ့လို့ ဖောရက်စ်တို့ ကံကောင်းစွာနဲ့ ချေပဂိုး ရရှိခဲ့ပါတယ်။ အမှား ကျူးလွန်ခဲ့တဲ့ ဖာနန်ဒက်စ် ကတော့ အဲဒီနောက်မှာပဲ လူစားလဲခြင်း ခံခဲ့ရပါတယ်။

ဖောရက်စ် ဂိုးသမား အော်တီဂါဟာ ပထမပိုင်းမှာတင် မော်ဖီနဲ့ ဆီကို ဖိုဖာနာ တို့ရဲ့ ကန်ချက်တွေကို ထပ်မံ ပုတ်ထုတ်နိုင်ခဲ့သလို၊ ဒုတိယပိုင်း မှာလည်း ဝီလီယမ်ရဲ့ အပိုင်ကန်ချက်ကို လှလှပပ ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ ကျော်မှာ ပေါ်တို တိုက်စစ်မှူး အီဂေါ ဂျေဇုစ် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဂိုးသမား အပေါ် ပြစ်ဒဏ် ကျူးလွန်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က သွင်းဂိုး အဖြစ် ခွင့်မပြုပေးခဲ့ပါဘူး။ ပွဲပြီးခါနီး မှာလည်း အလန် ဗာရီလာရဲ့ ကန်ချက်ကို အော်တီဂါ ကပဲ ဖမ်းယူနိုင်ခဲ့တာကြောင့် ပိုတိုတို့ အိမ်ကွင်းမှာ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါ့အပြင် ဖောရက်စ်ဟာ ဒုတိယအကျော့ အိမ်ကွင်း အားသာချက်နဲ့ အတူ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် တက်ရေး အနည်းငယ် အလေးသာသွားခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဒါ့အပြင် ဖောရက်စ်ဟာ ဒုတိယအကျော့ အိမ်ကွင်း အားသာချက်နဲ့ အတူ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် တက်ရေး အနည်းငယ် အလေးသာသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ထက် ယူရိုပါလိဂ်မှာ အခြေအနေပိုကောင်းနေတဲ့ ဖောရက်စ်

အသက် ၃၃ နှစ် အရွယ် မန်စီးတီး ဂိုးသမားဟောင်း စတီဖန် အော်တီဂါဟာ ဒီပွဲမှာ လက်စွမ်းပြခဲ့ပြီး ဂိုးရနိုင်တဲ့ အနေအထား ၇ ကြိမ် အထိကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါဟာ လာမယ့် တပတ် အက်စတွန်ဗီလာနဲ့ ကစားရမယ့် အိမ်ကွင်း ပွဲစဉ် အတွက် ဖောရက်စ်ကို မျှော်လင့်ချက် ကြီးမားစေခဲ့ပါတယ်။

ဝီလီယံ ဂိုးမက်စ် ကတော့ ပေါ်တို အတွက် ဂိုးသွင်းပေးခဲ့ရုံ သာမက ဂိုးကန်သွင်းမှု (၃ ကြိမ်)၊ ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံး ထိတွေ့မှု (၄ ကြိမ်) နဲ့ တစ်ဦးချင်း ယှဉ်ပြိုင်မှု (၁၃ ကြိမ်) အထိ ပြုလုပ်ကာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။

အချက်အလက်တွေအရ ဆိုရင်တော့ ပေါ်တိုက ဒီနေ့ပွဲမှာ ဂိုးကန်သွင်းချက် ၁၆ ကြိမ် မျှော်မှန်းဂိုး (xG) ၂.၁၇ ရှိခဲ့ပြီး၊ နော့တင်ဟမ်ဖောရက်စ် ကတော့ ဂိုးကန်သွင်းချက် ၆ ကြိမ်မှာ မျှော်မှန်းဂိုး (xG) ၀.၄၅ သာ ရှိခဲ့ပါတယ်။ တကယ်တော့ ဖောရက်စ်ဟာ ဒီပွဲမှာ ကံကောင်းစွာနဲ့ သရေ ရရှိခဲ့ပေမယ့် ခြေစွမ်းပိုင်းအရတော့ ပေါ်တိုကို လုံးဝ မယှဉ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယအကျော့ စီးတီးဂရောင်းက ပွဲစဉ်မှာ ဘယ်လို ရလဒ်တွေ ထွက်ပေါ်ပြီး ဘယ်အသင်းက နောက်တဆင့် တက်ရောက်သွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်