ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဘေယန်မြူးနစ်က ပီအက်စ်ဗွီ အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ ကွင်းလယ်လူ ဂျမဲလ် မူစီအာလာက အသင်း အတွက် အရေးပါတဲ့ သွင်းဂိုး ၁ ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခွင့် ရတဲ့ပွဲ မှာတင် မူစီအာလာက ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် သူ့ အနေနဲ့ အလွန် ပျော်ရွှင် ကျေနပ် အားရနေတာ ဖြစ်ပါတယ်။ ဗင်းဆင့် ကွန်ပနီရဲ့ ဘေယန်မြူးနစ်ဟာ ပီအက်စ်ဗွီကွင်းမှာ သွားမကန်ခင် ကတည်းက ၁၆ သင်း အဆင့်ကို စောစေားစီးစီး တက်ရောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုပွဲရဲ့ ပွဲကစားချိန် ၅၈ မိနစ်မှာ မူစီအာလာက အသင်း အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မူစီအာလာဟာ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၃ ပွဲမှာ ၂ ဂိုး အထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သူအရင်က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၈ ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်နဲ့လည်း တူညီသွားခဲ့ပြီ ဖြစ်ပါတယ်။
ပွဲစဉ် အတွင်းမှာ ပီအက်စ်ဗွီက အစ္စမေးလ် ဆိုင်ဘာရီရဲ့ ဂိုးနဲ့ ချေပဂိုး ပြန်လည်ရရှိခဲ့ပေမယ့် ပွဲပြီးခါနီး ၆ မိနစ် အလိုမှာ လူစားဝင် တိုက်စစ်မှူး ဟယ်ရီကိန်းက အသင်း အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘေယန်မြူးနစ်ဟာ ချန်ပီယံလိဂ် လိဂ်အဆင့် ပြိုင်ပွဲမှာ ၇ ပွဲမြောက် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘေယန်မြူးနစ်ဟာ ၁၆ သင်း အဆင့်မှာ အတ္တလန္တာ၊ လေဗာကူဆင်၊ ဒေါ့မန် ဒါမှမဟုတ် အိုလံပီယာကော့စ် အသင်းတွေ ထဲက တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မူစီအာလာဟာ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေသလုံးရိုး ကျိုးသွားတဲ့ အပြင် ခြေကျင်းဝတ်ပါ လွဲသွားခဲ့တဲ့ အထိ ပြင်းထန်စွာ ဒဏ်ရာရခဲ့တာကြောင့် အနားယူခဲ့ရပြီး အခုလို ဂိုးတွေ ပြန်သွင်းနိုင်တဲ့ အပေါ်မှာ စိတ်လှုပ်ရှားနေပါတယ်။ မူစီအာလာက “ဂိုးသွင်းနိုင်ခဲ့လို့ တကယ်ကို ပျော်ပါတယ်။ ကျွန်တော့် အမေ ဆိုရင် WhatsApp ကနေ မက်ဆေ့ချ်တွေ အများကြီး ပို့ထားတာဗျာ။ အဓိက ကတော့ ကွင်းထဲကို ပြန်ရောက်လာနိုင်လို့ အပျော်ဆုံးပါပဲ။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး “အခု ကျွန်တော့်ရဲ့ အာရုံစိုက်မှုက နောက်ပွဲတွေမှာ ပိုကောင်းတဲ့ ခြေစွမ်းပြနိုင်ဖို့ပါပဲ။ ဒီနေ့ပွဲက အဆင်ပြေပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းအစ မှာတော့ ဘောလုံး ကစားနည်းကို ခဏလောက် မေ့သွားသလိုတောင် ခံစားရတယ်။ အခုတော့ တဖြည်းဖြည်းနဲ့ ပုံမှန်ခြေစွမ်း ပြန်ရနေပါပြီ။ ကွင်းထဲမှာ ရှိနေချိန်မှာ အားအင် အပြည့်နဲ့ အကောင်းဆုံး အာရုံစိုက်နိုင်ဖို့ပဲ ကြိုးစားပါတယ်။ ဒီနေ့ကတော့ ကောင်းမွန်တဲ့ နေ့တစ်နေ့ပါပဲ” လို့ မူစီအာလာက ပြောကြားသွားခဲ့ပါတယ်။
ဘေယန်မြူးနစ်ဟာ ဒီပွဲမတိုင်ခင်က ဘွန်ဒက်စ်လီဂါမှာ အော့စ်ဘတ်ကို ၂-၁ နဲ့ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၂၅-၂၆ ဘောလုံးရာသီရဲ့ ပထမဦးဆုံး လိဂ်ရှုံးပွဲနဲ့ ကြုံတွေ့ထားခဲ့ရတာပါ။ အခုတော့ ပီအက်စ်ဗွီကို အနိုင်ရရှိခဲ့တာဟာ သူတို့ အတွက် အရေးပါပြီး မြန်ဆန်တဲ့ တုံ့ပြန်မှုကောင်း တစ်ခု ဖြစ်ခဲ့မှာ သေချာပါတယ်။
ဒီပွဲမှာ ဘေယန်မြူးနစ်ရဲ့ ပွဲထွက်လူစာရင်းကို ကြည့်မယ် ဆိုရင် ပျမ်းမျှ အသက် ၂၄ နှစ်နဲ့ ၃၃၉ ရက်သာ ရှိတာကြောင့် ၂၀၁၅ ခုနှစ်က ဒိုင်နမို ဇာဂရက်နဲ့ ပွဲစဉ် နောက်ပိုင်း ချန်ပီယံလိဂ်မှာ အသက်အငယ်ဆုံး လူစာရင်း ဖြစ်ခဲ့ပါတယ်။ ထူးခြားချက် အနေနဲ့ ၂၀၁၅ ခုနှစ်တုန်းက အသက် ၂၀ အရွယ်နဲ့ အသင်းရဲ့ ဒုတိယ အသက်အငယ်ဆုံး ကစားသမား ဖြစ်ခဲ့တဲ့ ဂျော်ရွှာ ကင်မစ်ချ် ကလည်း ဒီကနေ့ ပွဲမှာတော့ အသက် ၃၀ ကျော်နဲ့ အသင်းရဲ့ အသက်အကြီးဆုံး စီနီယာ ကစားသမား ဖြစ်နေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


