ချန်ပီယံလိဂ်မှာ အဆင့် (၈) အတွင်း ဝင်ဖို့ တွက်ချက်မှုတွေကို မေ့ထားပြီး ဂါလာတာဆာရေးနဲ့ ပွဲကိုပဲ အာရုံစိုက်ဖို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက တိုက်တွန်းလိုက်ပါတယ်။
လက်ရှိမှာ မန်ချက်စတာစီးတီးက ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး (၈) သင်း စာရင်းထဲမှာ ပါဝင်ပြီး နောက်တစ်ဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ ဆိုရင် လာမယ့် ဂါလာတာဆာရေးနဲ့ ပွဲမှာ ရလဒ်ကောင်း တစ်ခု ရယူနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့်လည်း နည်းပြ ပပ်ဂွါဒီယိုလာ ကတော့ သူ့ရဲ့ ကစားသမားတွေ အနေနဲ့ အဆင့် (၈) အတွင်း ဝင်ဖို့ ဖြစ်နိုင်ခြေ တွက်ချက်မှုတွေကို ခေါင်းထဲမထည့်ပဲ ဒီညမှာ ကစားမယ့် ပွဲစဉ် ကိုပဲ အာရုံစိုက် အနိုင်ယူကြဖို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်က ချန်ပီယံလိဂ် ပွဲစဉ်မှာ ဘိုဒို/ဂလင့်မ်ကို ၃-၁ နဲ့ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးဟာ အသင်းပေါင်း ၃၆ သင်း ပါဝင်တဲ့ အမှတ်ပေးဇယားမှာ အဆင့် (၁၁) နေရာကို ရောက်ရှိနေပါတယ်။ မန်စီးတီး အပါအဝင် ပီအက်စ်ဂျီ၊ နယူးကာဆယ်၊ ချဲလ်ဆီးနဲ့ ဘာစီလိုနာ တို့ဟာ ရမှတ် ၁၃ မှတ်စီနဲ့ တူညီနေပြီး ဂိုးကွာခြားချက်ကြောင့်သာ အဆင့် (၈) ပြင်ပကို ရောက်နေတာ ဖြစ်ပါတယ်။
အီတီဟတ်မှာ ကစားမယ့် ဂါလာတာဆာရေးနဲ့ ပွဲဟာ ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲ ဖြစ်ပြီး၊ အနိုင်ရမှသာ ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်မယ့် အခွင့်အရေးရှိမှာပါ။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ ပပ် ဂွါဒီယိုလာက ပွဲမတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီထက် ပိုတဲ့ ရမှတ်တွေ ရချင်ပေမယ့် အခုရထားတဲ့ ရမှတ်က ကျွန်တော် တို့နဲ့ ထိုက်တန်တဲ့ ပမာဏပါပဲ။ ကျွန်တော်တို့ အာရုံစိုက်ပြီး ပွဲကို အနိုင်ရအောင် အရင် ကစားရပါမယ်၊ အဲဒီနောက်မှာ ဘယ်အဆင့်မှာ ရပ်တည်မလဲ ဆိုတာ ကြည့်ရပါလိမ့်မယ်။ ပွဲပြီးခါနီး နောက်ဆုံး ၁၀ မိနစ်လောက်ကျမှ တခြား ရလဒ်တွေကို ကြည့်ပြီး ဂိုးကွာခြားချက် အတွက် ဘာလုပ်ရမလဲ ဆိုတာ စဉ်းစားလို့ ရပါတယ်။ အခုချိန်မှာတော့ ကိုယ့်ပွဲကိုယ် အာရုံစိုက်ဖို့က အဓိကပါပဲ။” လို့ ပပ် ဂွါဒီယိုလာက ဆိုပါတယ်။
ဂါလာတာဆာရေးဟာ တူရကီစူပါလိဂ်ကို ဦးဆောင်နေတဲ့ အသင်း ဖြစ်ပြီး အင်္ဂလန် ကလပ်တွေနဲ့ တွေ့ဆုံတိုင်း ရလဒ်ကောင်းလေ့ ရှိပါတယ်။ ၂၀၁၄ ခုနှစ် အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ဂါလာတာဆာရေးဟာ အင်္ဂလန် အသင်းတွေနဲ့ တွေ့ဆုံတဲ့ နောက်ဆုံး (၃) ပွဲဆက် ရှုံးပွဲ မရှိသေးပါဘူး (၂ ပွဲနိုင်၊ ၁ ပွဲသရေ) ။ ဒီရာသီ (၂၀၂၅ စက်တင်ဘာ) မှာလည်း တူရကီ ထိပ်သီး တို့က လစ်ဗာပူးလ် ကို ၁-၀ ရလဒ်နဲ့ အနိုင်ယူထားပါတယ်။
မန်ချက်စတာစီးတီး ကစားသမားဟောင်းတွေ ဖြစ်တဲ့ အိုင်ခေး ဂွန်ဒိုအန်နဲ့ လီရွိုင်း ဆာနေး တို့ဟာ ဂါလာတာဆာရေးနဲ့ အတူ အီတီဟတ်ကွင်းကို ပြန်လာမှာ ဖြစ်ပါတယ်။ ဒီကစားသမား နှစ်ဦး စလုံး အပေါ် ပပ် ဂွါဒီယိုလာက ကျေးဇူးတင်စကားလည်း ပြောခဲ့ပါသေးတယ်။ အိုင်ခေးး ဂွန်ဒိုအန် ကတော့ မန်ချက်စတာစီးတီးရဲ့ ဖလား ၃ လုံး အောင်မြင်မှု ရရှိခဲ့တဲ့ ဘောလုံးရာသီက ခေါင်းဆောင်ဟောင်း ဖြစ်ပြီးတော့ အသင်း အတွက်လည်း ၃၅၈ ပွဲ ကစားပေးခဲ့သူ ဖြစ်ပါတယ်။ လီရွိုင်း ဆာနေး ကတော့ မန်ချက်စတာစီးတီးမှာ ၄ နှစ်ကြာ ကစားခဲ့ပြီး ဂိုးပါဝင်ပတ်သက်မှု ၈၁ ကြိမ် (၃၉ ဂိုး သွင်း၊ ၄၂ ဂိုး ဖန်တီး) ပြုလုပ်ခဲ့တဲ့ ထူးခြားတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


