နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ပွဲပြီးခါနီး “ ရူးသွပ်စရာ” အလှည့်အပြောင်းတွေ မဖြစ်ချင်ဘူးလို့ ဝန်ခံခဲ့တဲ့ အန်နရီကေး | ချန်ပီယံလိဂ်

ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေး ကတော့ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် အဆုံးအဖြတ် ပွဲစဉ်မှာ ပွဲပြီးခါနီး “ ရူးသွပ်စရာ” အလှည့်အပြောင်းတွေ မဖြစ်ချင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေးဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ ကြိုးစားနေချိန်မှာ ပွဲပြီးခါနီး ရင်ခုန်စိတ်လှုပ်ရှားစရာ အခြေအနေမျိုးတွေကို ထပ်မကြုံချင်တော့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်က စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပီအက်စ်ဂျီက ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဂိုးအားလုံးဟာ ပွဲပြီးခါနီး မိနစ် ၂၀ အတွင်းမှာပဲ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရှုံးနိမ့်မှုကြောင့် ပီအက်စ်ဂျီက အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာကို ရောက်ရှိသွားပြီး အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် နယူးကာဆယ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီညမှာ ကစားမယ့် ပွဲစဉ်မှာ အနိုင်ရခဲ့ရင် ပီအက်စ်ဂျီက ရှုံးထွက် အဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် အနိုင်မရခဲ့ရင်တော့ ပြီးခဲ့တဲ့နှစ်ကလိုပဲ ပလေးအော့ဖ် အဆင့်ကို ဆက်လက် ဖြတ်သန်းရဖို့ ရှိနေပါတယ်။ ဒါကြောင့် အန်နရီကေးက “နယူးကာဆယ်နဲ့ပွဲမှာ ပွဲစဉ်တစ်လျှောက်လုံးကို ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ပွဲပြီးခါနီး အပိုင်းမှာပေါ့။ ပွဲရလဒ်က တစ်သင်း အတွက်ပဲ ကောင်းမှာ ဆိုတော့ ပွဲရဲ့ နောက်ဆုံး မိနစ်တွေမှာ ရူးသွပ်စရာ အလှည့်အပြောင်းတွေ မဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး အန်နရီကေးက စပို့တင်းလစ္စဘွန်းကို ရှုံးနိမ့်ခဲ့ပေမယ့် အသင်းရဲ့ ကစားပုံ အပေါ် ကျေနပ်ကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။ “ဒါဟာ ဘောလုံးပါပဲ။ တည်တည်ငြိမ်ငြိမ်နဲ့ အရာ အားလုံးကို ခွဲခြမ်းစိတ်ဖြာရပါမယ်။ ကျွန်တော်တို့ ကစားခဲ့တဲ့ ပုံစံကို ကျွန်တော် သဘောကျပါတယ်။ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ရင်တော့ အားလုံးက ပြီးပြည့်စုံသွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့တပတ်က စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပီအက်စ်ဂျီက ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဥရောပ ချန်ပီယံဆုကို ကာကွယ်နိုင်မယ် ဆိုရင် ကျေနပ်စရာပါ ဆိုတဲ့ အန်နရီကေး

ဆက်လက်ပြီး “တကယ်လို့ ပလေးအော့ဖ် ကစားရပေမယ့် နောက်ဆုံးမှာ ချန်ပီယံဆုကို ကာကွယ်နိုင်မယ် ဆိုရင်တော့ ကျွန်တော် ကျေနပ်ပါတယ်။ တကယ့် ချန်ပီယံလိဂ်က ရှုံးထွက်အဆင့် ကမှ စတာပါ။ ရှုံးထွက်အဆင့်မှာ ဆိုရင် ကျွန်တော် တို့က မယုံနိုင်စရာကောင်းတဲ့ အသင်း တစ်သင်း ဖြစ်ကြောင်း ထပ်ပြီး သက်သေပြပါ့မယ်။” လို့လည်း အန်နရီကေးက ဆိုပါတယ်။

ပီအက်စ်ဂျီက ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီက နယူးကာဆယ်ကို အဝေးကွင်းမှာ ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ဖူးပြီး အိမ်ကွင်း မှာလည်း ၁ ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အန်နရီကေး ကတော့ အဲ့ဒီ ရလဒ်တွေကို မေ့ပစ်လိုက်ပြီလို့ ဆိုပါတယ်။ “အဲ့ဒီ ရှုံးနိမ့်မှုကို ကျွန်တော် လုံးဝ မေ့သွားပါပြီ။ နှစ်နှစ်တောင် ရှိသွားပြီပဲ။ ကစားသမားသစ်တွေ အများကြီး ရောက်လာသလို ထွက်သွားတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒီအချိန်ကထက် ကျွန်တော်တို့ အများကြီး ပိုကောင်းလာပါပြီ။ ခက်ခဲမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ ယုံကြည်မှု ရှိပါတယ်။” လို့ ဆိုပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီက လက်ရှိမှာ ဒဏ်ရာရ ကစားသမား မရှိပဲ လူစုံတက်စုံ ရွေးချယ်နိုင်ကြောင်း အန်နရီကေးက အတည်ပြုခဲ့ပြီး “ဒဏ်ရာရနေတဲ့ ကစားသမားတွေ အမြန် ပြန်ကောင်းလာဖို့ အတွက် ချန်ပီယံလိဂ်က အကောင်းဆုံး ဆေးတစ်ခွက်ပါပဲ။” လို့ နောက်ပြောင် ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီ ကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အတွင်း ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ အဓိက ပြိုင်ပွဲ ၇ ခု အတွင်း စံချိန်တင် အဖြစ် ဆုဖလား ၆ လုံး အထိ အောင်မြင်မှု ရခဲ့ပါတယ်။ ပီအက်စ်ဂျီက ဒီနှစ်ထဲ မှာလည်း ပြင်သစ်စူပါဖလား ချန်ပီယံ ဖြစ်ထားပေမယ့် ပြင်သစ်ဖလား Coupe de France မှာတော့ ပဲရစ်အက်ဖ်စီကို ရှုံးပြီး ၃၂ သင်း အဆင့် ကနေ စောစောစီးစီး ထွက်ခွာထားရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်