နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဟာဗက်ဇ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ ကွာတားဖိုင်နယ် ပထမအကျော့မှာ အဖိုးတန် နိုင်ပွဲ ရရှိခဲ့တဲ့ အာဆင်နယ် | ချန်ပီယံလိဂ်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ စပို့တင်းနဲ့ အာဆင်နယ်တို့ ပေါ်တူဂီမြေမှာ အကြိတ်အနယ် ကစားခဲ့ရပါတယ်။ အာဆင်နယ်ဟာ ပွဲပြီးခါနီး အထိ ရုန်းကန်ခဲ့ရပေမယ့် ကိုင် ဟာဗက်ဇ်ရဲ့ နာကျင် အချိန်ပို သွင်းဂိုးကြောင့် စပို့တင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လာမယ့် တပတ် အမ်းမရိတ်စ်မှာ ကစားမယ့် ဒုတိယအကျော့ ပွဲစဉ် အတွက် ဂန်းနားတို့ အသာစီးရသွားခဲ့ပြီ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း 

ပွဲစကတည်းက နှစ်သင်းစလုံး အကြိတ်အနယ် ရှိခဲ့ပြီး ပထမပိုင်း ၁၅ မိနစ် အတွင်း မှာတင် နှစ်ဖက်စလုံးရဲ့ ကန်ချက်တွေ ဂိုးတိုင်ထိထွက်ခဲ့ပါတယ်။ စပို့တင်း တိုက်စစ်မှူး အရူဟိုရဲ့ ကန်ချက်က ဂိုးဘားတန်း ထိခဲ့သလို၊ အာဆင်နယ် ဘက်ကလည်း နိုနီ မာဒူအေခေရဲ့ ထောင့်ကန်ဘော ကန်တင် ပေးပို့မှုက ဂိုးဘားတန်း ထိမှန်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အာဆင်နယ်က ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူထားနိုင်ခဲ့ပြီး မာတင် ဇူဘီမန်ဒီက အဝေးကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လူကျွံဘော အဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့် ဂိုးမရခဲ့ပါဘူး။ ပွဲပြီးခါနီး ၈၃ မိနစ်မှာ စပို့တင်း ဘက်က ဂိုးရဖို့ အခွင့်အရေး ကောင်းခဲ့ပေမယ့် အာဆင်နယ် ဂိုးသမား ဒေးဗစ် ရာယာက အံ့အားသင့်ဖွယ် ကာကွယ်မှုတွေ ပြုလုပ်ခဲ့လို့ အာဆင်နယ်တို့ သက်သာရာရခဲ့တာပါ။ နောက်ဆုံး မှာတော့ ပွဲကစားချိန် ၉၁ မိနစ်မှာ ဂါဘရီရယ် မာတင်နယ်လီရဲ့ ဖန်တီးပေးမှု ကနေ (လူစားဝင် ကစားသမား) ကိုင် ဟာဗက်ဇ်က ဂိုးသမားကို ကျော်ဖြတ်ကာ အနိမ့်ဘောနဲ့ လှလှပပ ကန်သွင်းပြီး အာဆင်နယ် အတွက် အနိုင်ဂိုးကို ရယူပေးခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

အာဆင်နယ်ဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် နောက်ဆုံး ၆ ပွဲမှာ ပထမအကျော့ ရှုံးနိမ့်ခဲ့တာ ၁ ပွဲသာ ရှိပါတယ်။ ဒါ့အပြင် ပထမအကျော့မှာ အနိုင်ရခဲ့တဲ့ နောက်ဆုံး ၈ ကြိမ်မှာ ၇ ကြိမ် အထိ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ၅ ကြိမ်တိုင်တိုင် လက်စွမ်းပြ ကာကွယ်ခဲ့တဲ့ ဂိုးသမား ဒါးဗစ် ရာယာရဲ့ စွမ်းဆောင်ရည် ကလည်း အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် နိုင်ပွဲ အတွက် အဓိကကျခဲ့ပါတယ်။
စပို့တင်းနဲ့ ပွဲမှာ ၅ ကြိမ်တိုင် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တဲ့ ဒါးဗစ် ရာယာ

ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီး အက်ဖ်အေဖလား ကနေလည်း ထွက်ခဲ့ရတဲ့ အာဆင်နယ် အတွက် ဒီနိုင်ပွဲဟာ အလွန်အမင်း လိုအပ်နေတဲ့ နိုင်ပွဲ တစ်ခု ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဥရောပအဆင့် ပြိုင်ပွဲတွေရဲ့ ရှုံးထွက်အဆင့်မှာ ပေါ်တူဂီ ကလပ်တွေကို အဝေးကွင်းမှာ နိုင်ပွဲ မရခဲ့တဲ့ ၆ ပွဲဆက် စံချိန်ဆိုးကို ဒီပွဲနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ပထမပိုင်း ဂိုးမပေးရတဲ့ ပွဲ ၃၉ ပွဲ အထိ ရှိလာခဲ့ပြီး ဒါဟာ ဥရောပရဲ့ ထိပ်တန်း လိဂ် ၅ ခုမှာ ရှိတဲ့ ဘယ်အသင်းထက် မဆို ပိုများတဲ့ စံချိန်လည်း ဖြစ်ပါတယ်။

ကိုင် ဟာဗက်ဇ်ရဲ့ သွင်းဂိုးဟာ ၂၀၂၅ ခုနှစ် ဧပြီလက ရီးရဲလ်မက်ဒရစ် ဘက်ကို ဂါဘရီရယ် မာတင်နယ်လီ သွင်းယူခဲ့တဲ့ဂိုး ပြီးရင် အာဆင်နယ် အတွက် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ မိနစ် ၉၀ ကျော်မှ ရတဲ့ ဒုတိယမြောက် အနိုင်ဂိုး ဖြစ်လာပါတယ်။

ဒါ့အပြင် ၅ ကြိမ်တိုင်တိုင် လက်စွမ်းပြ ကာကွယ်ခဲ့တဲ့ ဂိုးသမား ဒါးဗစ် ရာယာရဲ့ စွမ်းဆောင်ရည် ကလည်း အာဆင်နယ်ရဲ့ ချန်ပီယံလိဂ် နိုင်ပွဲ အတွက် အဓိကကျခဲ့ပါတယ်။ ဒီလို လက်စွမ်းပြနိုင်ခဲ့တဲ့ ဒါးဗစ် ရာယာ ကိုတော့ အနိုင်ဂိုးရှင် ကိုင်ဟာဗက်ဇ်က Amazon Prime က တဆင့် အခုလို ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

“ပွဲပြီးခါနီးမှာ အနိုင်ဂိုးသွင်းနိုင်တာဟာ အမြဲတမ်း ကောင်းပါတယ်။ အထူးသဖြင့် ပရိသတ်တွေ ရှေ့မှာ အခုလို ရလဒ်ကောင်းရယူနိုင်တာ ဝမ်းသာစရာပါ။ ဒုတိယအကျော့ အတွက် လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်၊ ဒါပေမယ့် ဒီရလဒ်ကို ကျွန်တော်တို့ လက်ခံ ကျေနပ်ပါတယ်။”

“ရာယာက တကယ့်ကို မယုံနိုင်စရာကောင်းသူပါ။ ဘောလုံးလောကမှာ သူ့ကို အထင်သေးနေကြတုန်းလို့ ထင်ပေမယ့် ကျွန်တော့် အတွက်တော့ သူဟာ ပြီးခဲ့တဲ့ ၂ ရာသီ အတွင်း ကမ္ဘာ့အကောင်းဆုံး ဂိုးသမားပါ။ သူက ထူးချွန်ပြီး ကျွန်တော် တို့ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့ဖူးပါတယ်။ သူ့ကို အသင်းမှာ ပိုင်ဆိုင်ထားရလို့ အလွန်ဝမ်းသာပါတယ်။”

လက်ရှိ အာဆင်နယ်ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီးတော့လည်း ကိုင်ဟာဗက်ဇ်က “ပြီးခဲ့တဲ့ ၂ ပွဲ စလုံး ရှုံးထားတဲ့ အတွက် ဒါဟာ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ အလှည့်အပြောင်းပါပဲ။ ကျွန်တော်တို့ အသင်းလိုက် စည်းစည်းလုံးလုံး ရှိပါတယ်။ ဒီရာသီမှာ ရယူစရာတွေ အများကြီး ကျန်ပါသေးတယ်။ နောက်ထပ် ၇ ပတ် အတွင်းမှာ ဆုဖလားကြီးတွေကို အရယူနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်