ဝက်စ်ဟမ်း – လိဒ်စ်ယူနိုက်တက်
ပရီးမီးယားလိဂ်မှာ ၁၄ နှစ်ကြာ ရပ်တည်ခဲ့တဲ့ ဝက်စ်ဟမ်းယူနိုက်တက်ရဲ့ ကံကြမ္မာဟာ မနက်ဖြန် လန်ဒန်စတေဒီယမ်မှာ လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့် ၂၀၂၅-၂၆ ရာသီရဲ့ နောက်ဆုံး ပွဲစဉ် အပေါ် မူတည်နေပါတယ်။
ဟမ်းမားတွေ အနေနဲ့ တန်းမဆင်းရဖို့ အတွက် အသည်းအသန် ရုန်းကန်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရချိန် မှာတော့ လိဒ်စ် ကတော့ ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ သေချာသွားခဲ့ပြီ ဖြစ်လို့ ဂုဏ်သိက္ခာ အတွက်ပဲ ကစားရမယ့် အနေအထား ဖြစ်ပါတယ်။
ဝက်စ်ဟမ်း
ဧပြီလကုန်ပိုင်းက အဲဗာတန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲဟာ ဝက်စ်ဟမ်းတို့ တန်းမဆင်းရရေးအတွက် လိုအပ်တဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို ပြသနိုင်ခဲ့တာကြောင့် အဲ့ဒီအချိန်တုန်းကတော့ အရေးပါတဲ့ နိုင်ပွဲ တစ်ခုလို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဟမ်းမား တို့ဟာ အဲ့ဒီအရှိန်ကို ဆက်မထိန်းနိုင်ခဲ့ဘဲ အခုဆိုရင် ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ အတွက် တော်တော်လေး စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်၊ အာဆင်နယ်၊ နယူးကတ်ဆယ် တို့နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်မှုက သူတို့ရဲ့ အခြေအနေကို ပိုမိုဆိုးရွားသွားစေခဲ့ပါတယ်။ ဒီအကျပိုင်းဟာ ပြီးခဲ့တဲ့ အပတ်က နယူးကာဆယ်ကွင်းမှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး အဝေးကွင်း သွားရောက် အားပေးတဲ့ ဝက်စ်ဟမ်း ပရိသတ်တွေက “မင်းတို့ ဒီဂျာစီကို ဝတ်ဆင်ဖို့ မထိုက်တန်ဘူး” ဆိုပြီး ကစားသမားတွေကို ပြောင်ပြောင်တင်းတင်းပဲ အော်ဟစ်ဆဲဆိုခဲ့ကြပါတယ်။
ဝက်စ်ဟမ်းဟာ လက်ရှိမှာ အဆင့် ၁၈ နေရာမှာ ရှိနေပြီး ဘေးကင်းတဲ့ ဇုန်က အသင်းနဲ့ ၂ မှတ် ကွာဟနေပါတယ်။ တန်းမဆင်းရဖို့ ဆိုရင် သူတို့ အနေနဲ့ လိဒ်စ်ကို အိမ်ကွင်းမှာ မဖြစ်မနေ အနိုင်ကစားရမှာ ဖြစ်သလို၊ တစ်ဖက်မှာလည်း ဒေးဗစ် မွိုက်စ်ရဲ့ အဲဗာတန်က လန်ဒန်မြောက်ပိုင်းမှာ စပါးအသင်းကို အနိုင်ယူပေးဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။ သို့မှသာ ၂၀၁၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံရှစ်ဆီ တန်းဆင်းရမယ့် အန္တရာယ်ကနေ ရုန်းထွက်နိုင်မှာပါ။ စပါးက ဝက်စ်ဟမ်းထက် ဂိုးကွာခြားချက် ပိုမိုသာလွန်နေတာကြောင့် ရော်ဘတ်တို ဒီဇာဘီရဲ့ အသင်းအနေနဲ့ သရေ တစ်မှတ် ရရုံနဲ့တင် တန်းတင်ကျန်ရစ်ဖို့ လုံလောက်နိုင်ပါတယ်။
လိဒ်စ်ယူနိုက်တက်
ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ် ၁၀၀ နဲ့ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ၁၂ လကျော် အကြာ မှာတော့ လိဒ်စ်ဟာ ပရီးမီးယားလိဂ် အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။ ရာသီဝက် အလွန် ခြေစွမ်းကောင်းမွန်မှုတွေကြောင့် သူတို့ဟာ တန်းဆင်းဇုန် (၁၁ မှတ်အကွာ) ထက်စာရင် ထိပ်ဆုံး ၆ သင်း (၉ မှတ် အကွာ) နဲ့ ပိုမိုနီးစပ်နေတာက သိသာ ထင်ရှားလှပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာ နည်းပြ ဒန်နီရယ် ဖာကီက နောက်တန်း ၅ ယောက်တန်း စနစ်ကို ပြောင်းလဲ အသုံးပြုခဲ့ကတည်းက လိဒ်စ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂၄ ပွဲမှာ ၄ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး လက်ရှိမှာလည်း ၈ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါဟာ ၂၀၀၁ ခုနှစ် မေလကနေ နိုဝင်ဘာလအထိ ၁၃ ပွဲဆက် အရှုံးမရှိခဲ့တဲ့ စံချိန်နောက်ပိုင်း သူတို့ရဲ့ ကာလ အရှည်ဆုံး စံချိန်လည်း ဖြစ်ပါတယ်။
အက်ဖ်အေဖလား ဆီမီးဖိုင်နယ် တက်ရောက်ထားတဲ့ လိဒ်စ်က ပြီးခဲ့တဲ့ တပတ်က ဥရောပဝင်ခွင့် မျှော်လင့်ချက် ရှိနေတဲ့ ဘရိုက်တန်ကို အယ်လန်ရုဒ်ကွင်းမှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘရိုက်တန်ရဲ့ ဂိုးပေါက်ကန်သွင်းခွင့် ၁၉ ကြိမ်အထိ အပြတ်အသတ် ဖိအားပေးခြင်းကို ခံခဲ့ရပေမယ့် ပွဲချိန် ၉၆ မိနစ်မှာ ဒေါမနစ် ကဲလ်ဗတ်-လီဝင်းရဲ့ ဒရမ်မာဆန်ဆန် သွင်းဂိုးကြောင့် ဒီရာသီ သူတို့ရဲ့ ၁၁ ကြိမ်မြောက် လိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မနက်ဖြန် ပွဲစဉ်မှာ လိဒ်စ်သာ အနိုင်ရရှိခဲ့ရင် ၂၃ နှစ်တာကာလအတွင်း ဒုတိယအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ရမှတ် ၅၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ဖြစ်နိုင်ဖွယ် လူစာရင်း
ဝက်စ်ဟမ်း – ဟာမန်ဆန်၊ ဝမ်ဘစ်ဆာခါ၊ ဒီဆာဆီ၊ အမ်ဗရိုပါးနို့စ်၊ ဒီယော့ဖ်၊ ဆိုချက်ခ်၊ ဖာနန်ဒက်စ်၊ ဘိုဝင်၊ ပါဘလို၊ ဆမ်းမားဗီးလ်၊ ကတ်စတယ်လာနို့စ်
လိဒ်စ်ယူနိုက်တက် – ဒါလိုးဝ်၊ ရွန်ဒွန်၊ ဘီဂျိုးလ်၊ စထရိုက်ခ်၊ ဘိုဂဲလ်၊ အမ်ပါဒူ၊ တာနာကာ၊ ဂျက်စတင်၊ အာရွန်ဆင်၊ အန်မီချာ၊ ကဲလ်ဗတ်-လီဝင်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
အရှေ့လန်ဒန်ကလပ် အတွက် အားကိုးစရာ တစ်ခု ကတော့ သူတို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ၇ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး၊ လန်ဒန်စတေဒီယမ်မှာ ရရှိခဲ့တဲ့ နောက်ဆုံး နိုင်ပွဲ ၅ ပွဲစလုံး ဟာလည်း ဇယားအောက်ခြေက အသင်းတွေကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် မေလက လိဒ်စ်နဲ့ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် မှာလည်း ၃-၁ နဲ့ အနိုင်ရရှိခဲ့ဖူးပါတယ်။ ဖာကီရဲ့ အသင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက အယ်လန်ရုဒ်မှာ ဝက်စ်ဟမ်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အခုပွဲမှာပါ ထပ်နိုင်ခဲ့ရင်တော့ ၂၀၀၃ ရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ဝက်စ်ဟမ်း အပေါ် နှစ်ကျော့စလုံး အနိုင်ရတဲ့ စံချိန်ကို မှတ်တမ်းတင်နိုင်မှာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဝက်စ်ဟမ်း နိုင်ရင် ၁.၇၈ ဆ၊ လိဒ်စ်ယူနိုက်တက် နိုင်ရင် ၃.၈၉ ဆ၊ သရေ ဆိုရင်တော့ ၃.၅၅ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဝက်စ်ဟမ်း ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ ဝက်စ်ဟမ်းက ဖိအားတွေနဲ့ ကန်ရမှာ ဖြစ်ပြီး လိဒ်စ် အတွက် ကတော့ အမှတ်မလိုတော့ပါဘူး။ လန်ဒန်စတေဒီယမ်မှာဆိုရင် လိဒ်စ်ကို အသာရလေ့ ရှိတဲ့ ဝက်စ်ဟမ်း ကိုပဲ ပိုပြီး ယုံကြည်ထားရပါမယ်။ တစ်ခု ရှိတာက သရေမကျသွားဖို့ပဲ စောင့်ကြည့်ရမှာ ဖြစ်ပြီး အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရပါလိမ့်မယ်။
ခန့်မှန်းရလဒ်
ဝက်စ်ဟမ်း ၂-၁ လိဒ်စ်ယူနိုက်တက်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


