နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂဗာဒီယိုလ်ကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ ဘေယန်၊ အဒီယီမီကို အပြိုင် ကြိုးပမ်းမယ့် ယူနိုက်တက်နဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ဘေယန်မြူးနစ်ဟာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးရဲ့ ဗဟိုနောက်ခံလူ ယော့စကို ဂဗာဒီယိုလ်ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ တစ်ဖက်မှာလည်း မန်စီးတီး ဘက်က ဂဗာဒီယိုလ်ကို အက်တီဟတ်ကွင်းမှာ သက်တမ်းတိုး စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အေစီမီလန်ရဲ့ တောင်ပံကစားသမား ရာဖေးလ် လီယာအိုကို ခေါ်ယူဖို့ အတွက် ကစားသမားချင်း အလဲအထပ် ပြုလုပ်မယ့် အစီအစဉ် တစ်ခုကို စုံစမ်းလေ့လာနေပါတယ်။ ၎င်းတို့ ဘက်က မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဂျော်ရွှာ ဇက်ခ်ဇီး သို့မဟုတ် မန်နူရယ် အူဂါတေး ထဲက ကြိုက်တဲ့သူ တစ်ဦးဦးကို အီတလီ ကလပ်ဆီ အလဲအထပ် အဖြစ် စေလွှတ်ဖို့ ပြင်ဆင်နေပါတယ်။

ချဲလ်ဆီး အသင်း တာဝန်ရှိသူတွေဟာ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးရဲ့ မိခင် ဖြစ်သူနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အသင်းရဲ့ နည်းပြသစ် ဖြစ်သူ ဇာဘီ အလွန်ဆိုဟာ အဆိုပါ ပြင်သစ် ကြယ်ပွင့်နဲ့ ပြန်လည် လက်တွဲချင်နေတာ ဖြစ်ပါတယ်။

နည်းပြ ဇာဘီ အလွန်ဆိုရဲ့ ချဲလ်ဆီး အသင်း အတွက် အလိုရှိနေတဲ့ အပြောင်းအရွှေ့ ပစ်မှတ် စာရင်းထဲမှာ လေဗာကူဆင် တိုက်စစ်မှူး ပက်ထရစ် ရှစ်ခ် နဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ဘရာဟင်မ် ဒီးယက်ဇ်၊ ဒန်နီ ဆယ်ဘာယော့စ် တို့ ပါဝင်နေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ နယူးကာဆယ်ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူ လူးဝစ် ဟောလ် ကို အသင်းဆီ ပြန်လည် ခေါ်ယူဖို့ အတွက်လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

နယူးကာဆယ် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ လွဲချော်လုနီးပါး ဖြစ်နေတာကြောင့် ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်တွေကို ရှောင်ရှားနိုင်ဖို့ အတွက် ကစားသမား တချို့ကို မဖြစ်မနေ ရောင်းချရတော့မှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက် နှစ်သင်းစလုံးရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ကွင်းလယ်လူ ဆန်ဒရို တိုနာလီ ကိုတော့အပြောင်းအရွှေ့ ဈေးကွက်တင်ကာ ရောင်းချသွားဖို့ ရှိနေပါတယ်။

တော့တင်ဟမ်ဟော့စပါးရဲ့ နည်းပြ ရော်ဘတ်တို ဒီဇာဘီဟာ ဂျူဗင်တပ်စ် နောက်ခံလူ ပီယဲရီ ကာလူလူနဲ့ ဖီအိုရင်တီးနား ကွင်းလယ်လူ နီကိုလို ဖက်ဂီယိုလီ တို့ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် နှစ်သင်းစလုံးဟာ ဒေါ့မန် တိုက်စစ်မှူး ကာရင်မ် အဒီယီမီကို ခေါ်ယူဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေကြပါတယ်။
ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ်တွေရဲ့ အဒီယီမီ

အကယ်၍ အန်ဇို မာရက်စကာသာ မန်စီးတီးရဲ့ နည်းပြသစ် ဖြစ်လာခဲ့ရင် သူဟာ အတ္တလန္တာ အသင်းရဲ့ ခံစစ် အစွန် ကစားသမား မာကို ပါလက်စထရာ ကို ခေါ်ယူဖို့ ပထမဆုံး ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် နှစ်သင်းစလုံးဟာ ဒေါ့မန် တိုက်စစ်မှူး ကာရင်မ် အဒီယီမီကို ခေါ်ယူဖို့ အတွက် ရေပန်းအစားဆုံး ဖြစ်နေကြပါတယ်။ ဒေါ့မန် ဘက်ကလည်း သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရရှိရင် ဒီနွေရာသီမှာ အဆိုပါ ဂျာမနီ လက်ရွေးစင်ကို ထွက်ခွာခွင့်ပေးမှာ ဖြစ်ပြီး၊ လစ်ဗာပူးလ် အသင်း ကလည်း သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။

တစ်ချိန်တည်းမှာပဲ လစ်ဗာပူးလ်ဟာ ပီအက်စ်ဂျီရဲ့ တောင်ပံ ကစားသမား ဘရက်ဒ်လေ ဘာကိုလာကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေပြီး၊ ကစားသမား ကိုယ်တိုင် ကလည်း အန်ဖီးလ်ကွင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှု ပိုမိုမြင့်တက်နေပါတယ်။

ဂျာမန် ကလပ် ဟမ်းဘတ်ဟာ အာဆင်နယ် ကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ ဖေဘီယို ဗီအဲရာကို ဒီရာသီကုန် အထိ ဆက်ထိန်းထားချင်သော်လည်း အပြီးသတ် ဝယ်ယူခွင့် အပိုဒ် ကိုတော့ အသက်သွင်းမှာ မဟုတ်ပါဘူး။ ဒါကို အခွင့်ကောင်းယူပြီး ဟမ်းဘတ်ဟာ အစောပိုင်းက သဘောတူထားတဲ့ ပြောင်းရွှေ့ကြေးရဲ့ ထက်ဝက်ကျော် သက်သာမယ့် ယူရို ၁၀ သန်း (ပေါင် ၈.၇ သန်း) ဝန်းကျင်နဲ့ တန်ဖိုးနည်းနည်းနဲ့ အပြီးသတ် ခေါ်ယူနိုင်မယ့် အခြေအနေကို ရှာဖွေနေပါတယ်။

ဒေါ့မန် အသင်းဟာ ယူနိုက်တက် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို အသင်းဆီ ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားမှု လျော့နည်းသွားခဲ့ပြီး၊ အခုအခါ သူတို့ဟာ အာဆင်နယ်ရဲ့ လူငယ်ကြယ်ပွင့် အီသန် နွမ်နရီ ကို ခေါ်ယူဖို့ ပိုမိုအားသန်နေပါတယ်။

အက်စတွန်ဗီလာနဲ့ နယူးကာဆယ် နှစ်သင်းစလုံးဟာ ရီးရဲလ်ဘက်တစ်ရဲ့ တောင်ပံကစားသမား အာဘီ အက်ဇ်ဇာလ်ဇူလီကို ခေါ်ယူဖို့ ချဉ်းကပ်နေကြပါတယ်။ ဒါပေပမယ့်လည်း ကစားသမား ကိုယ်တိုင်က လာလီဂါ ကနေ ထွက်ခွာဖို့ ဝန်လေးနေတာကြောင့် အပြောင်းအရွှေ့ သဘောတူညီမှု ရရှိဖို့ ရှုပ်ထွေးသွားနိုင်ပါတယ်။

မက်ဇ်ရဲ့ အသက် ၂၀ အရွယ် ကွင်းလယ်လူ အဲလ်ဖာ တိုရေးဟာ ဝက်စ်ဟမ်း ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ် ဖြစ်လာခဲ့ပြီး၊ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ အတွက် ဆွေးနွေးမှုတွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်