နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘရာဇီးလ်ရဲ့ ကမ္ဘာ့ဖလား လူစာရင်း အတွက် နေမာကို ရွေးချယ်ပြီး ယာအို ပက်ဒရိုကို ချန်လှပ်ခဲ့တဲ့ အန်ဆယ်လော့တီ

ကာလို အန်ဆယ်လော့တီရဲ့ ဘရာဇီးလ် အသင်း ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ၂၆ ဦးပါ လူစာရင်းကို ထုတ်ပြန်လိုက်ပါပြီ။ ဒီလူစာရင်း မှာတော့ နာမည်ကျော် တိုက်စစ် ကစားသမား နေမာ ဂျူနီယာ ပါဝင်လာခဲ့ပြီး ချဲလ်ဆီး တိုက်စစ်မှူး ယာအို ပက်ဒရို ကတော့ ချန်လှပ်ခံခဲ့ရပါတယ်။

ဘရာဇီးလ် ပရိသတ် အားလုံးက နေမာ တစ်ယောက် နောက်ဆုံး လူစာရင်းမှာ ပါဝင်လာမလား ဆိုတာကို စိတ်ရှည်လက်ရှည် စောင့်မျှော်နေခဲ့ကြပြီးနောက် နည်းပြ အန်ဆယ်လော့တီက တနင်္လာနေ့မှာ ၂၆ ဦးပါ ကမ္ဘာ့ဖလား လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။ နေမာ ပါဝင်လာခဲ့ပေမယ့် စိတ်မကောင်းစရာက ခြေစွမ်းပြနေတဲ့ ယာအို ပက်ဒရို ကတော့ ရင်းလိုက်ရသလို ဖြစ်ခဲ့တာပါ။

နေမာဟာ ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ၇၉ ဂိုး အထိ သွင်းယူပေးထားပြီး အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသူ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား အပါအဝင် ပြိုင်ပွဲ ၃ ကြိမ်တိုင်တိုင် အသင်းကို ကိုယ်စားပြု ကစားပေးခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ၁၃ ပွဲ ကစားထားပြီး ၈ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ 

ဘရာဇီးလ် အသင်းရဲ့ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်မှာ ရော်နယ်ဒို (၁၉ ဂိုး)၊ ပီလီ (၁၈ ဂိုး) နဲ့ ဂျာဇင်ဟို (၁၂ ဂိုး) တို့သာ နေမာထက် ဂိုးပါဝင် ပတ်သက်မှု (ဂိုးသွင်း + ဂိုးဖန်တီး) ပိုမိုများပြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နေမာဟာ လီယွန်နယ် မက်ဆီ၊ လူကာ မိုဒရစ် တို့နဲ့ အတူ လွန်ခဲ့တဲ့ ကမ္ဘာ့ဖလား ၃ ကြိမ် ဆက်တိုက်မှာ ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမား ၃ ဦးထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

ဘရာဇီးလ် လက်ရွေးစင် အသင်းဟာ ၁၉၃၀ ခုနှစ် ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ပြိုင်ပွဲက စလို့ ပြိုင်ပွဲတိုင်းကို လွဲချော်မှု မရှိဘဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ပါတယ်။ အခု ပြိုင်ပွဲဟာ သူတို့ရဲ့ ၂၃ ကြိမ်မြောက် ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်မှု ဖြစ်ပါတယ်။ သူတို့ဟာ တခြားအသင်းတွေထက် ပိုမိုများပြားတဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆု (၅ ကြိမ်) ကို ဆွတ်ခူးထားပြီး ကမ္ဘာ့ဖလား သမိုင်းမှာ အနိုင်ရရှိမှု ရာခိုင်နှုန်း အကောင်းဆုံး (၁၁၄ ပွဲမှာ ၇၆ ပွဲနိုင် – ၆၇ ရာခိုင်နှုန်း) စံချိန်ကို ပိုင်ဆိုင်ထားပါတယ်။

 

လူရွေးချယ်မှုအပေါ် သုံးသပ်ချက်နှင့် အံ့အားသင့်ဖွယ်ရာများ

လစ်ဗာပူးလ်ရဲ့ ဂိုးသမား အလီဆွန်ဟာ ဒဏ်ရာကြောင့် မတ်လ ၁၈ ရက်နေ့ကတည်းက အသင်း အတွက် မကစားပေးနိုင်ခဲ့ပေမယ့်လည်း အန်ဆယ်လော့တီရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ အလားတူပဲ အသက် ၁၉ နှစ် အရွယ် လူငယ် ကြယ်ပွင့် အန်းဒရစ်ခ်လည်း ပါဝင်လာခဲ့ပေမယ့်လည်း ယာအို ပက်ဒရို အတွက်တော့ နေရာမရှိခဲ့ပါဘူး။

အခု ပြိုင်ပွဲဟာ သူတို့ရဲ့ ၂၃ ကြိမ်မြောက် ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်မှု ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၂၃ ကြိမ်မြောက် ဝင်ရောက် ကစားမယ့် ဘရာဇီးလ်

ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အာလင်း ဟာလန်း (၃၄ ဂိုး)၊ ဘရူနို ဖာနန်ဒက်စ် (၂၈ ဂိုး) နဲ့ အီဂေါ သီယာဂို (၂၃ ဂိုး) တို့ သုံးဦးသာ ယာအို ပက်ဒရိုထက် ဂိုးပါဝင်ပတ်သက်မှု ပိုမို များပြားနေခဲ့တာ ဖြစ်ပါတယ်။ ပက်ဒရိုဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အန်တွန် ဆီမီညိုနဲ့ အတူ ဂိုးပါဝင်ပတ်သက်မှု အကြိမ် ၂၀ စီ ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ် တိုက်စစ်မှူး သီယာဂို ကတော့ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ရာဖင်ညာ၊ မားသီးယပ်စ် ကူညာ၊ လူးဝစ္စ ဟင်းနရစ်ခ်၊ ဂါဘရီရယ် မာတင်နယ်လီ တို့နဲ့ အတူ တိုက်စစ်ပိုင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဘရာဇီးလ် အသင်းဟာ လာမယ့် ကမ္ဘာ့ဖလား အုပ်စု (C) မှာ မော်ရိုကို၊ ဟေတီ၊ စကော့တလန် တို့နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

 

ဘရာဇီးလ်အသင်း၏ ကမ္ဘာ့ဖလား ၂၆ ဦး လူစာရင်းအပြည့်အစုံ

ဂိုး – အလစ်ဆန် (လီဗာပူး)၊ အီဒါဆန် (ဖီနာဘာချီ)၊ ဝီဗာတွန် (ဂရီမီယို)။

နောက်တန်း – အဲလက်စ် ဆန်ဒရို (ဖလာမင်ဂို)၊ ဂလိုင်ဆင် ဘရီမာ (ဂျူဗင်တပ်စ်)၊ ဒန်နီလို (ဖလာမင်ဂို)၊ ဒေါက်ဂလပ်စ် ဆန်းတို့စ် (ဇင်းနစ်)၊ ဂါဘရီရယ် (အာဆင်နယ်)၊ ရော်ဂျာ အီဘာညက်ဇ် (အဲလ်အာလီ)၊ လီယို ပီရဲရိုး (ဖလာမင်ဂို)၊ မာကွင်ညော့စ် (ပီအက်စ်ဂျီ)၊ ဝက်စလေ (ရိုးမား)။

ကွင်းလယ် – ဘရူနို ဂီမာရေးစ် (နယူးကာဆယ်)၊ ကက်စ်မဲရိုး (မန်ချက်စတာယူနိုက်တက်)၊ ဒန်နီလို (ဘိုတာဖိုဂို)၊ ဖာဘင်ညို (အဲလ်အစ်တီဟတ်)၊ လူးကပ်စ် ပါကေးတား (ဖလာမင်ဂို)။

တိုက်စစ် – အန်းဒရစ်ခ် (လိုင်ယွန်)၊ ဂါဘရီရယ် မာတင်နယ်လီ (အာဆင်နယ်)၊ အီဂေါ သီယာဂို (ဘရန့်ဖို့ဒ်)၊ လူးဝစ် ဟင်းနရစ်ခ် (ဇင်းနစ်)၊ မားသီးယပ်စ် ကူညာ (မန်ချက်စတာယူနိုက်တက်)၊ နေမာ ဂျူနီယာ (ဆန်းတို့စ်)၊ ရာဖင်ညာ (ဘာစီလိုနာ)၊ ရေယန် (ဘုန်းမောက်)၊ ဗင်နီးစီးယပ်စ် ဂျူနီယာ (ရီးရဲလ်မက်ဒရစ်)။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်