စတုဂတ်နဲ့ လေဗာကူဆင် တို့ဟာ လာမယ့် စနေနေ့မှာ ဘွန်ဒက်စ်လီဂါမှာ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ဘယ်အသင်း ရရှိမယ် ဆိုတာကို အဆုံးအဖြတ်ပေးသွားဖွယ် ရှိနေပါတယ်။
လေဗာကူဆင်က ဘွန်ဒက်စ်လီဂါမှာ အဆင့် ၄ အတွင်း ဝင်နိုင်ရေး အတွက် အခွင့်အရေး သာနေပါတယ်။ ဒါပေမယ့်လည်း လာမယ့် စနေနေ့မှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက် စတုဂတ်နဲ့ ပွဲမှာ “ သုည ကနေ” ပြန်လည် စတင်ရမှာ ဖြစ်ကြောင်း နည်းပြ ကက်စပါ ဟူးလ်မန်းက ပြောကြားလိုက်ပါတယ်။
လက်ရှိမှာ လေဗာကူဆင်က ရာသီပိတ်ဖို့ ၂ ပွဲ အလိုမှာ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး စတုဂတ် အိမ်ကွင်း MHPArena ဆီ သွားရောက် ကစားပြီးနောက် နောက်ဆုံး ပွဲစဉ် အဖြစ် ဟမ်းဘတ် ကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။ စတုဂတ်နဲ့ ဟော့ဖန်ဟိန်း နှစ်သင်းစလုံးဟာ ဟူးလ်မန်းရဲ့ လေဗာကူဆင်နဲ့ ရမှတ် တူညီနေပေမယ့်လည်း ဂိုးကွာခြားချက်မှာသာ နိမ့်ပါးနေခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပ ပြိုင်ပွဲတွေရဲ့ ကြားပွဲ ရလဒ်တွေ အရ ဂျာမနီ အနေနဲ့ လာမယ့် ရာသီ ချန်ပီယံလိဂ်မှာ ၅ သင်းမြောက် ယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အရေး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
အဓိက ကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘေယန်မြူးနစ်က ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့ပြီးနောက် စပိန်ဟာ အင်္ဂလန်နဲ့ အတူ ၅ သင်းမြောက် ယှဉ်ပြိုင်ခွင့်ကို ရရှိသွားခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ (စပိန် ကလပ် ရေယို ဗလက်ကာနို ယူရိုကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာကြောင့် စပိန်က ဥရောပ ရမှတ် ပိုသာသွားခြင်း ဖြစ်ပါတယ်။
လေဗာကူဆင်ဟာ သူတို့ရဲ့ နောက်ဆုံး လိဂ် ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရထားပြီး အားသာချက် ရယူထားနိုင်ပေမယ့်လည်း လာမယ့် စနေနေ့မှာ ရလဒ်မကောင်းခဲ့ရင် အဆိုပါ စံချိန်တွေက အလကား ဖြစ်သွားလိမ့်မယ်လို့ ဟူးလ်မန်းက ဆိုပါတယ်။ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဟူးလ်မန်း “ဒီပွဲစဉ် အတွက် ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပြီး စိတ်လှုပ်ရှားစရာ ရက်သတ္တပတ် တစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။ အသင်းရဲ့ စိတ်ဓာတ်ပိုင်း ကတော့ ကောင်းမွန်နေပြီး ယုံကြည်မှုလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ပွဲက ရရှိခဲ့တဲ့ စွမ်းအင်တွေကို စတုဂတ်ကွင်း မှာပါ ဆက်လက် အသုံးချချင်ပါတယ်။ ဒါပေမယ့် စနေနေ့ပွဲ မှာတော့ အရာအားလုံးက သုည ကနေပဲ ပြန်စရမှာပါ။” က ဆိုပါတယ်။
“ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က အခြေအနေတွေက ဒီလောက် မကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်ကောင်းတွေ ရရှိခဲ့လို့ အခုလို အခြေအနေကောင်း တစ်ခုကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ အမိအရ ဆုပ်ကိုင်ချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အာရုံစူးစိုက်မှု အပြည့်နဲ့ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်စွာ ကစားဖို့လိုပါတယ်။ စတုဂတ်က အရမ်းကောင်းတဲ့ ရာသီ တစ်ခုကို ဖြတ်သန်းနေပြီး ရမှတ်တွေ အများကြီး စုဆောင်းထားနိုင်သလို ပြည်တွင်းဖလား ဗိုလ်လုပွဲ ကိုလည်း တက်လှမ်းထားပါတယ်။ သူတို့က တစ်ယောက်ချင်း အနီးကပ် ဖိအားပေး ကစားတတ်တဲ့ အသင်း ဖြစ်လို့ စိန်ခေါ်မှု အတွက် ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာ စတုဂတ် နည်းပြ ဆီဘက်ရှန် ဟိုးနက်စ် ကလည်း ပြီးခဲ့တဲ့ တပတ်က ပြိုင်ဘက် ဟော့ဖန်ဟိန်းနှင့် ၃-၃ နဲ့ သရေကျခဲ့ပြီးနောက် အခုပွဲစဉ်ရဲ့ အရေးကြီးပုံကို အလေးပေး ပြောကြားခဲ့ပါတယ်။
“ဒါက ကျွန်တော်တို့ အတွက် အများကြီး လောင်းကြေးထပ်ထားရတဲ့ အိမ်ကွင်း ပွဲစဉ် တစ်ပွဲပါ။ ကစားသမားတွေက လေ့ကျင့်ရေးဆင်းရာမှာ စွမ်းအင်အပြည့်နဲ့ ကောင်းမွန်တဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းခဲ့ပါတယ်။ ပရိသတ်တွေရဲ့ ပံ့ပိုးမှုနဲ့ အတူ ကျွန်တော်တို့ ပွဲအစမှာ ကောင်းမွန်တဲ့ အစပြုမှုကို ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် တို့ရဲ့ အကောင်းဆုံး အရည်အချင်းတွေကို အစွမ်းကုန် ထုတ်ပြရပါလိမ့်မယ်။ လေဗာကူဆင်က ဘောလုံးကို အလှဆင်ကစားတတ်တဲ့ အသင်း ဖြစ်သလို တစ်ဦးချင်း အရည်အချင်း ထက်မြက်တဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။
စတုဂတ်ဟာ ပြိုင်ပွဲစုံမှာ လေဗာကူဆင်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၁၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားဖူးပေမယ့်လည်း (၆ ပွဲ သရေ၊ ၉ ပွဲ ရှုံး) ဒီနိုင်ပွဲမှာ သူတို့ရဲ့ နောက်ဆုံး တွေ့ဆုံမှုမှာ ၄-၁ နဲ့ အနိုင်ရရှိထားပါတယ်။
ဒါပေမယ့်လည်း အိမ်ကွင်းမှာ စတုဂတ်က လေဗာကူဆင်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၁၃ ပွဲ ဆက်တိုက် နိုင်ပွဲ မရှိထားပါဘူး (၅ ပွဲ သရေ၊ ၈ ပွဲ ရှုံး၊ နောက်ဆုံး အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ၂၀၁၀ ဧပြီလက ၂-၁ ဂိုး ဖြစ်ပါတယ်)။ သူဟာ ထိပ်တန်းလိဂ်မှာ ပြိုင်ဘက် အသင်း တစ်သင်း အပေါ် အိမ်ကွင်းမှာ အရှည်ကြာဆုံး နိုင်ပွဲ ပျောက်ဆုံးမှု စံချိန်လည်း ဖြစ်ပါတယ်။
လေဗာကူဆင် ကတော့ နောက်ဆုံး ဘွန်ဒက်စ်လီဂါ ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရထားပါတယ်။ ဒါဟာ အဲဒီ ကာလ အတွင်း ဘေယန်မြူးနစ်၊ လိုက်ပ်ဇစ် တို့နဲ့အတူ လိဂ်အတွင်း အကောင်းဆုံး ရလဒ် မှတ်တမ်း ဖြစ်ပါတယ်။ တစ်ဖက်မှာ စတုဂတ်က နောက်ဆုံး ၅ ပွဲတွင် ၁ ပွဲသာ အနိုင်ရထားပြီး နောက်ပိုင်းမှာ ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပါတယ် (၂ ပွဲ သရေ၊ ၁ ပွဲ ရှုံး)။
ဒါပေမယ့်လည်း စတုဂတ်က ဒီရာသီ အိမ်ကွင်းမှာ ရမှတ် ၃၆ မှတ် အထိ ရရှိထားပြီး၊ ဒါဟာ ဘေယန်မြူးနစ် (၄၁ မှတ်) နဲ့ ဒေါ့မန် (၃၈ မှတ်) တို့ ပြီးရင် တတိယ အကောင်းဆုံး ဖြစ်နေတာကြောင့် Opta ရဲ့ ခန့်မှန်းချက်အရ သူတို့ရဲ့ အိမ်ကွင်းမှာ စတုဂတ်က အနည်းငယ် အသာစီးရကာ အနိုင်ရရှိသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


